သခင် ဖိုးလှကြီးသို့တမ်းချင်း

ဖိုးလှကြီးသို့တမ်းချင်း… (မေဒေး.. အလုပ်သမားနေ့အမှတ်တရ)

သခင်ဖိုလှကြီးသို ့(မေဒေးနေ ့အမှတ်တရ)

ငယ်ငယ်က ကျောင်းစာမှာဖတ်ခဲ့ဖူးတယ်..။ ဆယ်ပေပတ်လည်အခန်းကျဉ်းထဲ.. အိမ်ထောင်စုတစ်စုလုံးနေကြတယ်တဲ့.. ခင်ဗျားကို…လိုက်ပြချင်ပါတယ်.. စက်မှုဇုံတွေအနီးက မီးမလာတဲ့စုပေါင်းတိုက်ခန်းလေးတွေ.. အဖိချတဲလေးတွေကိုလေ…..။ အိုတီတဲ့ . တအိုတီထဲ တီနေလို့… အိုတီကြေး ၂၅ဝ အတွက်…ခေါင်းအမူးခံကျီးပေါင်းတက်ခံ၊ မျက်လုံးအပျက်ခံအလုပ်လုပ်နေတဲ့ဘဝတွေ…. စီးလာတဲ့ဖယ်ရီကားပြိုင်မောင်းလို့ မနက်အတွက် ဈေးဖိုးတွက်ရင်း… မရဏလမ်း မှာ ဈေးဝယ်ထွက်ခဲ့တဲ့ ဘဝတွေ..။ မျက်စိသူငယ် . နားသူငယ်နဲ့ နေပူထဲရပ်ပြီး ၂၅ဝ အတွက် ရက်ဆက်မတ်တတ်ရပ်တဲ့ဘဝတွေ..။ ဆွဲဆောင်မှုမျိုးစုံဖျားယောင်း…ကုမဏီပိုင်ရှင်ရဲ့စပွန်ဆာရန် မတွန်းလှန်နိုင်လို့ အလှအတွက်.. ဓန .. အတွက် ဘဝပျက်သူတွေ..။ လမ်းမအလယ်မှာ …ပေါက်တူးကိုင်လို့ အိမ်အပြန်မျက်နှာပန်းလှအောင် ကျွဲပုခုံးထ နှဖူးကချွေးခြေမကျအောင် ကြိုးစားရင်း.. ရန်သူမျိုးငါးပါးရဲ့ သားကောင်ဖြစ်သွားသူတွေ…။ ဘဝတွေ .. ဘဝတွေ….. စုတ်ပြတ်ဆင်းရဲနေတဲ့ဘဝတွေကို…. ခင်ဗျားကိုပြရင်း……….ခင်ဗျားတို့ခေတ်မှာတင်မဟုတ်ဘူး… လို့ ရေးသားရင်း …………။ ကျွန်တော့်လက်တွေ….. စေးထန်းနေသလိုပဲ …………….။

Yan Aung

(ဆုံနေကြ ဘလောဂ်)

မှ ကူးယူဖော်ပြထားပါသည်။

http://sonenaykya.blogspot.com/2012/05/blog-post_01.html

Leave a Reply

Your email address will not be published.