စကတည်းကယဉ်သကို

ShwemannmayJune 14, 20101min01

ပုဂ္ဂလိက စက်သုံးဆီဆိုင်များ ကို ရန်ကုန်မြို့ပေါ်တွင် ဇွန်လ ၁ဝ ရက်နေ့မှ စတင်ဖွင့်လှစ် ရောင်းချပြီဖြစ်ကြောင်းနှင့် ဒီဇယ်ဆီဈေးမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ကွာခြားမှု အချို့ရှိကြောင်း သိရသည်။
လက်ရှိ ဖွင့်လှစ်ရောင်းချသည့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များထဲတွင် မြဝတီ၊ နီလာရိုးမအမည်ရှိ စက်သုံးဆီဆိုင်များမှ ရောင်းချသည့်ဒီဇယ်ဆီ တစ်ဂါလန်လျှင် ကျပ် ၂၈၅ဝ ဟူသည့် ဈေးမှာ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ အားလုံးထဲတွင် အသက် သာဆုံးနှုန်းဖြင့် ရောင်းချသည့်ဆိုင်များဖြစ်ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် PETRO K အမည် ရှိ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ဒီဇယ် အား လီတာဖြင့်ရောင်းချခြင်းဖြစ်ကြောင်းနှင့် တစ်လီတာ ကျပ် ၆၅ဝ နှုန်းအား ဂါလန်ဈေးဖြင့် ပြန်လည်တွက်ချက်မည်ဆိုပါက ဒီဇယ် တစ်ဂါလန်လျှင် ၂၉၂၅ ကျပ်ဝန်းကျင် အထိကျသင့်ကြောင်း ဝယ်ယူသူများ က ပြောကြားခဲ့သည်။
HTOO ၊ မက်(စ်)မြန်မာကုမ္ပဏီ အုပ်စု စက်သုံးဆီဖြန့်ဖြူးရေး အရောင်းဆိုင်၊ New Day စက်သုံးဆီအရောင်းဆိုင်များ အပါအဝင် အခြားဆိုင်များတွင်မူ ဒီဇယ်ဆီတစ်ဂါလန် ကျပ် ၂၉၀ဝ နှုန်းဖြင့် စတင်ရောင်းချပေးလျက် ရှိသည်ဟု သိရှိရပါသည်။
”မြဝတီနဲ့ နီလာရိုးမမှာ ဒီဇယ်တစ်ဂါလန်ကို ကျပ် ၂၈၅ဝ နဲ့ ထည့် ခဲ့ရတယ်။ ရန်ကင်းစင်တာအနားမှာ ဖွင့်ထားတဲ့ PETRO K ဆိုင်မှာ ကျတော့ လီတာနဲ့ ရောင်းတယ်။ တစ်လီတာကိုကျပ် ၆၅ဝ နှုန်းပါ။ ခြောက်ဂါလန်ထည့်မယ်လို့ ပြောတော့ ၂ရ လီတာထည့်ပေးတယ်။ ဒီတော့ တစ်ဂါလန်ကို ၄ ဒသမ ၅ လီတာရှိတာပေါ့။ အားလုံးပြန်တွက်ကြည့် ရင် တစ်ဂါလန်ကို ၂၉၂၅ ကျပ် ကျသင့်တယ်။ ဒါပေမဲ့ PETRO K ကတော့ မြို့တွင်းထဲမှာဆိုတော့ နီးနီး နားနားထည့်ရတာပေါ့။ မြဝတီဆိုင်ကတော့ အောင်မင်္ဂလာ အဝေးပြေး အလွန်လေးမှာ။ ဒါပေမဲ့ အဲဒီလမ်းကြောင်းပေါ် သွားနေတဲ့သူတွေကတော့ ကျွန်တော်တို့ မြို့တွင်းထဲက လူတွေထက် ဒီဆယ်တစ်ဂါလန်ကို ကျပ် ၅ဝ ကနေ ၇၅ ကျပ်အထိ  သက်သက်သာသာ သုံးရတာပေါ့”ဟု ပုဂ္ဂလိက စက်သုံးဆီဆိုင်များတွင် ဝယ်ယူခဲ့သူတစ်ဦးက ပြောပြခဲ့သည်။
ပုဂ္ဂလိကစက်သုံးဆီဆိုင်များ၏ ဝန်ဆောင်မှုပိုင်းနှင့်ပတ်သက်၍ ဝယ်ယူခဲ့သူတစ်ဦးက ”ကျွန်တော် PETRO K မှာဝယ်တုန်းက အရင်ကလို ယာဉ်မောင်းကဆင်းပြီး ဆီ ဆိုင်ကီဖွင့်ပေးရတာ ဘာညာမရှိတော့ဘူး။ ဆီထည့်မယ်ဆိုရင် ထိုးရပ်ပေးလိုက်ရုံပဲ အဲဒီကဝန်ထမ်းကောင်လေးတွေ၊ ကောင်မလေးတွေက သူတို့ ဘာသာသော့တောင်းပြီး ဖွင့်ထည့်ပေးလိုက်တယ်။ ငွေချေတော့လည်း သူတို့ဘာသာပဲချေတယ်၊ ဘောင်ချာလာပေးတယ်။ ကားထဲကနေ အေးဆေးနေယုံပဲ ဒါတစ်ခုတော့ သာတယ်ဗျာ။ တခြားဆိုင်တွေလည်း ဒီလိုပဲ ဝန်ဆောင်မှုပေးတယ်လို့ ကျွန်တော် ကြားရတယ်”ဟု ရှင်းပြခဲ့ပါသည်။
”မက်(စ်)မြန်မာ၊HTOO နဲ့ စမ်းချောင်းမှာဖွင့်ထားတဲ့ New Day စက်သုံးဆီ အရောင်းတွေဆိုရင် ဒီဇယ်ဆီတစ်ဂါလန်ကို အကုန်လုံး ကျပ် ၂၉၀ဝ နဲ့ ရောင်းတယ်။ ဓာတ်ဆီကတော့ တစ်ဂါလန်ကိုကျပ် ၂၅၀ဝ နဲ့ ဆိုင်တိုင်းရောင်းပေးတာ တွေ့ရတယ်။ မတူတာက ဒီဇယ်ပဲမတူတာ”ဟု ဝယ်ယူခဲ့သူတစ်ဦးက ရှင်းပြခဲ့သည်။
ဓာတ်ဆီကိုမူ ဆိုင်များအားလုံး မှတစ်ဂါလန် ကျပ် ၂၅၀ဝ ဖြင့် တစ်သမတ်တည်း ရောင်းချပေးလျက်ရှိ ကြောင်း၊ လာမည့်နှစ်လအထိ အဆိုပါ တစ်ဂါလန် ကျပ် ၂၅၀ဝ နှုန်းဖြင့် ဆက်လက် ရောင်းချပေးမည်ဖြစ်သည် ဟုသိရသည်။

ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ် ရောင်းချနေသည့် ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်အချို့နှင့် ရောင်းချသည့် ဈေးနှုန်းများ (ဇွန်လ ၁၁ ရက်နေ့ဈေးများ)

ဆိုင်အမည် အရေအတွက် ဓာတ်ဆီ(ကျပ်) ဒီဇယ်(ကျပ်)
PETRO K တစ်လီတာ ၆၅၀
HTOO တစ်ဂါလန် ၂၅၀၀ ၂၉၀၀
မက်(စ်)မြန်မာ တစ်ဂါလန် ၂၅၀၀ ၂၉၀၀
သူရိယ တစ်ဂါလန် ၂၅၀၀
ST Oil တစ်ဂါလန် ၂၅၀၀
KZH တစ်ဂါလန် ၂၅၀၀
NEW DAY တစ်ဂါလန် ၂၅၀၀ ၂၉၀၀
နီလာရိုးမ တစ်ဂါလန် ၂၅၀၀ ၂၈၅၀
မြဝတီ တစ်ဂါလန် ၂၅၀၀ ၂၈၅၀

******

ကိုင်းဘယ်လိုလဲ

တစ်ဆိုင်တစ်ဈေးနဲ ့ တော်ကြာ ပြိုင်တက်ကုန်ကြရင် ဒုက္ခပါပဲ ။ မော်တော်ကားတို ့ဆိုင်ကယ်တို ့မီးစက်တို ့ဆိုတာတွေက ရေထည့်မောင်းလို ့ရတာမပာုတ်တော့ ….

အင်း… မပြောကောင်းမဆိုကောင်း ဓါတ်ဆီဈေးတွေတက်လို ့ ဓဓီါတ်ဆီအသုံးပြုနေရတဲ ့လုပ်ငန်းတွေက ပါ အသီးအသီး ဈေးတွေတက်ကုန်ကြမှဖြင့်

ဘုရားဘုရား….  🙁  မူရင်း link က ဒီမှာပါ။ ရွှေမန်းမေက Eleven media group ပရိသတ်ပါ။ နေ ့တိုင်းနီးပါး ဝင်ဖတ်ဖြစ်ပါတယ်။

http://www.news-eleven.com/index.php?option=com_content&view=article&id=3414:-petro-k-htoo-&catid=43:2009-11-10-07-39-09&Itemid=111

အင်း စကတည်းကယဉ်သကို ဆိုသလို တော့ ဖြစ်နေပြီ။ ဓါတ်ဆီဈေးတွေမတက်ပါစေနဲ ့။ ဆိုင်ထုတ်ဈေးကို က ၂၉၀ဝ ဆိုမှတော့ လက်လီက  ခုန်တက်တော့မှာပေ့ါ

One comment

  • လင်းဝေကျော်

    June 14, 2010 at 6:03 am

    တစ်ဂါလံ တစ်ဂါလန် ဒီဇယ်ဆီ ဒီဆယ်ဆီ
    စာလုံးပေါင်းလေးတွေတော့ ဂရုစိုက်ကြပါ။

    ဘယ်သူမှ ဘာမှန်းမသိသေးပါဘူး၊
    ဈေးတွေက ဘယ်လိုဖြစ်မယ်ဆိုတာ။
    တစ်ခုပဲ ဆိုးဆိုးဝါးဝါးတော့ အဖြစ်မခံဘူး ပြဿနာ မတက်အောင်တော့ ထိန်းမယ်။
    ုဖြစ်လာရင် ဈေးကွက်သဘောအရလို့ ပဲပြောတော့မယ်။

    Reply

Leave a Reply

Your email address will not be published.