မိဖုရား အလိုရှိသည်

ကြော်ငြာ ...

 

ကျွန်ုပ်သည် မင်းအဖြစ် ဘိသိက် ခံယူပြီး ဖြစ်သော်လည်း မိဖုရားကား မရှိသေးပေ။
ယင်းကြောင့် ကျွန်ုပ်၏ မှူးကြီးမတ်ရာ သေနာပတိများနှင့် တိုင်ပင်၍ ကျွန်ုပ်အတွက် ကြင်ဖော် ကြင်ဖက် မိဖုရားမြတ်ကို ရှာဖွေရလေသည်။
ထို့သို့ ရှာဖွေရာတွင် သူတို့လည်း သူတို့နည်း သူတို့ဟန်နှင့် ရှာဖွေကြရန်၊ ကျွန်ုပ်လည်း ကျွန်ုပ်နည်း ကျွန်ုပ်ဟန်ဖြင့် ရှာဖွေရန် ရည်ရွယ်ထားလေ၏။
သို့ရာတွင်မူ မိဖုရား ဖြစ်မည့်သူ၏ အရည်အချင်းများ ကိုမူကား ဤသို့ဤနှယ် သတ်မှတ်ထားလေသည်။

  • ရုပ်ရည် မချောလွန်း၊ မဆိုးလွန်းခြင်း (ရုပ်ချောပါက သူများနောက် ထပ်ပြီး ပါသွားနိုင်၍၊ ရုပ်ဆိုးလွန်းပါက တစ်ရေးနိုးသည့်အခါ သရဲဟု ထင်မှတ်၍ လန့်ဖြတ် အသတ်ထွက်သွားနိုင်၍ …)
  • အသက် (ဆံမဖြူ၊ သွားမကျိုး၊ ပါးမတွန့်၊ ခါးမကိုင်းသေးပါက အသက် မည်ရွှေ့မည်မျှဖြစ်စေ လက်ခံ၏)
  • စကား ပွစိပွစိ မပြောခြင်း (ထိုသို့ စကားကို ပွစိပွစိ ပြောနေသူကို အမြင်ကတ်တတ်၍)
  • မျက်လုံး (သမင်ငယ် မျက်စိကဲ့သို့ မဖြစ်လျှင် နေပေ့စေ၊ ကြည့်လို့မြင်ရင်တော်ပြီ၊ အဲ … စွေစွေစောင်းစောင်းတော့ မပါ)

ကျန်သည့် အင်္ဂါအစိတ်အပိုင်းများလည်း အတန်အသင့်ဆို တော်ပြီ … (နောက်ဆုံး မရ ရတဲ့သူကို မိဖုရား မြှောက်ရမှာပဲ)

အထက်ပါ အရည်အချင်းများနှင့် ပြည့်စုံသူ မည်သူ့ကိုမဆို မိဖုရား မြှောက်မည် ဖြစ်ပါကြောင်း၊ ဗလာမပါ ပါကြောင်း၊ ချက်ချင်းဝယ် ချက်ချင်းပေါက် … အဲ … ဟုတ်ပါဘူး၊ ချက်ချင်းလျှောက် ချက်ချင်း မိဖုရားဖြစ် အစီအစဉ် ဖြစ်ပါကြောင်း …. ကြေညာမောင်းခတ် သတင်းပေးလိုက်ပါသည် ခင်ဗျား ….. ။

စိတ်ပါဝင်စားသူများ အနေဖြင့် –
နှာခေါင်းပိတ် ကန်စွန်းရွက် တစ်စီးကို ကိုင်လျက် အောက်ဖော်ပြပါ လိပ်စာများကို ကျွန်ုပ်အား ရှာဖွေကာ လျှောက်ထားနိုင်ပါဂျောင်း ….

သို့ရာတွင်မူ .. ရွာထဲမှ မိစိန်ပေါက်၊ မိဗြဲ စသည့် အချော်တကောက်များ လျှောက်ထားပါက ရီဂျက် မည် ဖြစ်ပါဂျောင်း … 😀

 

ဆက်သွယ်ရန် – anzartone@gmail.com
နေရပ်လိပ်စာ – http://myanmargazette.net

ပုံ /
မဟာရာဇာ အံစာတုံး

အထက်ပါ ဘာမျှ အနှစ်သာရ မပါသော ကျွန်ုပ်၏ ပေါက်ကရ စာများကို ဖတ်ရှုပြီး အနည်းငယ် ရယ်ရွှင်မိတယ် ဆိုရင် ဝမ်းသာမိမည် ဖြစ်ပါသည် ခင်ဗျား၊ အမှန်လည်း ရယ်ရွှင်စေနိုင်ဖို့ ရည်ရွယ် ရေးသားလိုက်ခြင်း ဖြစ်ပါသည် ခင်ဗျား …

56 comments

  • water-melon

    April 29, 2012 at 12:17 pm

    အမလေး နာလည်း ညည်းမိဖရားလုပ်မလားဟဲ့
    ညည်းတောင် ထမင်းအနိုင်နိုင်ဆို
    မိဖရားယူချင်သေးတယ်
    ရှာကျွေးနိုင်ရင် နာတရုတ်မတွေခေါ်လာမယ်
    ညည်းလျှာထွက်အောင် ပိုက်ဆံရှာထား

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 12:23 pm

      ဟဲ့ ..
      တရုတ်မ ဆယ်ယောက်မကဘူး ..
      အယောက် တစ်ရာ ခေါ်လာခဲ့ဦး …
      ရဒယ်ဟဲ့ ..
      ငါဟဲ့ .. မဟာရာဇာ ..
      တရုတ်မ တစ်ရာလောက်တော့ အသာလေးပါ …
      အဟိ .. 😀

      Reply

      • water-melon

        April 29, 2012 at 12:26 pm

        ဂယ်လား
        နာတောင်မနိုင်ဘူးနော်
        ညည်းက အယောက်၁၀ဝ
        ညည်းမသိသေးလို့ပါနော်
        အဟိ :mrgreen:

        Reply

        • မဟာရာဇာ အံစာတုံး

          April 29, 2012 at 12:29 pm

          ဟဲ့ ..
          ဘာတွေ ကြောနေတာဒုန်း ..
          နာ ပြောတဲ့ အယောက် ၁၀ဝ ဆိုတာက …
          အဲ .. အဲ .. ချာကျွေးနိုင်ဒါကို ကြောတာဟဲ့ ..
          ဟိုဟာ ကြောတာ ဟုတ်ဘူး .. 😀

  • windtalker

    April 29, 2012 at 12:18 pm

    ကြင်ဖက် အလိုရှိသည် ဆိုပါက ၊ မန်းဂေဇက်ရွာထဲမှ ရွာသား ကြက်ဖင် တစ်ယောက်လုံးက ကောင်းကောင်း ကူညီမည် ဖြစ်ပါကြောင်း ။

    Reply

  • water-melon

    April 29, 2012 at 12:21 pm

    ကိုပေ ကြက်ဖင်ကို ခေါင်းပွတ်ရင်
    ဆံပင်ပေါက်တယ်
    ကိုပေခေါင်းတော်တော်ပြောင်နေပြီ
    ပွတ်အုံး….

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 12:25 pm

      ကြောလိုက် .. ကြောလိုက် ..
      သူ ပွတ်နေတဲ့ ဟာဂျီးနဲ့ …
      နာ့ကို လာပြီး ပေးချားနေဒယ် ..
      😀

      Reply

      • windtalker

        April 29, 2012 at 12:35 pm

        အော… ဒါကြောင့်မို ့လဲ ဂေဇက်ကို စွဲနေရတာ ။ ကြည့်စမ်းပါဦး ။ ကိုယ်လုပ်ဖူးသမျှ ကိစ္စအားလုံး ပွင့်ပွင့်လင်းလင်း ပြန်ဝေမျှသကိုး ။ ကျေးဇူးနော ဖရဲ ။ နင့် ကြက်ဖင် ကို ၊ ပွတ်တော့ မပွတ်တော့ဘူး ။ တုတ်ကလေးနဲ ့ထိုးပြီးမှ မီးကင်စားတော့မယ် ။

        Reply

  • manawphyulay

    April 29, 2012 at 12:38 pm

    လုပ်ချလိုက်ပြန်ပြီပေါ့လေ ဟုတ်လား… တတ်လည်း တတ်နိုင်ပါ့….

    Reply

  • ရွာစားကျော်

    April 29, 2012 at 1:26 pm

    နာတို့ကို အားကျလို့
    အလှူခရီးကို အတွဲလိုက် လာချင်တာ ထင်တယ်..

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 3:02 pm

      ဟုတ်ပါဘူးဂျာ .. ကိုရွာစားဂျီးဂလည်း ..
      အနော်က အလှူခရီးကို တစ်ယောက်တည်း လာပါဘူး ..
      နှစ်ယောက် .. နှစ်ယောက် .. လာမှာ ..
      ကျုပ်သွားတိုင်း လိုက်နေတတ်တဲ့ တစ်ယောက်သော သူနဲ့ပေါ့ ..
      (မှတ်ချက်။ ။ အရိပ်ဖြစ်၏)
      😀 😀

      Reply

  • ဆူး

    April 29, 2012 at 1:36 pm

    အတွဲ လိုက် တဲ့ အစ ကိုပေါက် နဲ့ ရွာစားကျော် က စတာ ဖြစ်မယ်.. ဟိဟိ..

    Reply

  • ဆူး

    April 29, 2012 at 1:39 pm

    စကားမစပ်.. အံစာတုံးရေ..
    မိဖုရားနဲ့ မိဘုရား ဘာကွာလဲ..

    ပုံထဲမှာ မိဘုရား
    ပိုစ်ခေါင်းစဉ်က မိဖုရား..
    မလိမ့်တပတ်နဲ့ ၂ယောက် ခေါ်မယ် ပြောထားတာ မဟုတ်လား။

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 3:07 pm

      အန်တီဆူးရေ ..
      ပုံထဲမှာ မှားနေတာ ..
      အဲဒါ ပြင်ရမှာ ပျင်းတာနဲ့ ဒီအတိုင်း ကစ်ထည့်လိုက်တာ …
      အဟီး …. 😀

      Reply

      • windtalker

        April 29, 2012 at 7:05 pm

        အမှန် က သူ က ကိုအောင်ပု ကို ချစ်စနိုးနဲ ့ခေါ်နေကြ နာမည် ကို ဘယ်သူမှ မသိဘူး မှတ် လို ့၊ ခပ်တည်တည် နဲ ့ခေါင်းစဉ်တပ်လိုက်တာ ။ သူခေါ်နေကြက “ မိပုလာ ” တဲ့ ။ အဲဒါအမြန်အသံထွက်တော့ “ မိဘုရား ” ဖြစ်သွားပါလေရော ။
        နော အံကြီးရာ ။ ဟီဟိ

        Reply

  • ဗိုက်ကလေး

    April 29, 2012 at 1:45 pm

    အေး..အေး..
    နင်လိုတဲ့ အရည်အချင်းတွေ ငါမောင်းထုတ်လိုက်တဲ့ အရူးမဆီမှာ အကုန်ရှိတယ်..
    ထမိန်ထုတ်ဆွဲပြီး လွှတ်ပေးလိုက်မယ် ထွက်မပြေးရ

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 3:09 pm

      အဲ …
      ညည်းပြောတုန်းက ကိုပေရဲ့ ဟာဂျီးဆို …
      နာကတော့ အရည်အချင်းပြည့်ရင် ဘယ်သူ ဖြစ်ဖြစ် လက်ခံပါတယ် ..
      တော်တော်ကြာ ကပေက သူဟာဂျီး မ ရပါ့ ဆိုပြီး ဒေါသပုန် ထနေမှဖြင့် …
      ခက်ကုန်ပါဦးမယ် … 😀

      Reply

  • ကောင်းမြတ်သူ

    April 29, 2012 at 2:49 pm

    တို့ကိုကိုတို့မြား မင်းဂျီးဖျစ်တွားမှ စိမ်းကားလိုက်တာ…တကယ်ပဲ… ကျောချင်ဘူး…. အယင်တုံးကတော့ တို့ကိုပဲ မင်းဖျစ်ယင် မိဖုရားခန့်မယ်ဆို… ခုတော့ စော်ကားတွားပြီပေါ့လေ… အချော်တကောက်တွေ မလျှောက်ရလေးဘာလေးနဲ့။ တို့လျှောက်မှာစိုးလို့ ပိတ်ပင်တယ်ပေါ့လေ…

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 3:56 pm

      သွား ..
      ဘူးသီးမှ အရီး လာမတော်နဲ့ ..
      ခေါ်တော့ဘူး …
      အရင်တုန်းက ဝါဝါမြင် ရွှေအစစ် ထင်ခဲ့တာကိုး ..
      အဲဒါ ယူ့အပြစ်တွေပေါ့ .. လို့ …
      😀

      Reply

  • kai

    April 29, 2012 at 3:24 pm

    ကိုယ်ကလုပ်ချင်တာလုပ်လို့ရတဲ့.. “ကိုယ်လုပ်တော်”မလိုဘူးလားဟင်ငင်င်..
    မိဖုရားနဲ့ ကိုယ်လုပ်တော်.. ဘာယူမှာလည်း..
    မိဖုရားက.. စုဖုရားလတ်လိုဆို.. တယောက်ပဲ..ရမှာ..
    ကိုယ်လုပ်တော်ကတော့. ကြိုက်သလောက်တဲ့..

    စဉ်းစား..စဉ်းစား..သေသေချာချာစဉ်းစား.. 🙂

    Reply

    • ဗိုက်ကလေး

      April 29, 2012 at 3:30 pm

      တိုလုပ်တော် အလိုချိသည်ခင်ည
      😀

      Reply

      • မဟာရာဇာ အံစာတုံး

        April 29, 2012 at 4:08 pm

        သဂျီး .. သဂျီး ..
        အနော်တို့ကတော့ တစ်သက်မှာ တစ်ယောက်တည်း ဆိုသလိုပဲ …
        တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိနဲ့ ချစ်သွားမှာ .. (ဘာမှ ဟုတ်ဘူး၊ လူ အထင်ကြီးအောင် ပြောတာ) 😀
        အဲလာဂျောင့် မိဖုရားပဲ အလိုချိတာပါရို့ …
        အဲ … တိုဗိုက်လို ရသမျှ အကုန်ယူမယ့် (ကိုယ်လုပ်တော်) ဘူးကြီး ဟုတ်ဘူး .. အဟိ ..
        😀 😀

        Reply

      • နေဝန်းနီ

        April 30, 2012 at 10:12 pm

        ခောတ်ကိုနောက်ပြန်မဆွဲကြပါနဲ့ဗျာ…။ တော်ကြာ အပျိုတော်တွေ…။ လူပျိုတော်တွေ ဘာတွေညာတွေ ရှုပ် ယှက်ခတ်လာပါဦးမယ်…..။

        Reply

  • koaung

    April 29, 2012 at 5:07 pm

    အန်စာတုံးနဲ့မိတ်ဖက်က လေးကောင်ဂျင်ဟုတ်ဘူးလား ဘဲ့နှာမိဖလား အဲလေမိဖုရား လာရှာနေတာဒုန်း (မတော်လို့တမင်နောက်တာနော်) မြန်မြန်စွန်ပါစေဗျား (မျက်စိ)မဟုတ်ပါ :mrgreen:

    Reply

    • ဗိုက်ကလေး

      April 29, 2012 at 5:14 pm

      ကျိန်းသေပေါက် စွန်ပြီမှတ်ပါ ကိုယ့်လူရာ
      ကျုပ်မှာ မိဖုရားရူး ရူးနေတဲ့ အရူးမကြီးရှိတယ်..
      အံစာတုံးလိုချင်တဲ့အရည်အချင်းတွေ အပြည့်ရှိတယ်..
      ဒါဆို စွန်ပြီပေါ့ဗျာ…ဘာလိုသေးလို ့တုန်း

      Reply

      • မဟာရာဇာ အံစာတုံး

        April 29, 2012 at 8:02 pm

        အင်း ..
        ဂနေ့ တစ်နေ့လုံး တိုဗိုက်က ..
        အရူးမကြီးနဲ့ပဲ လှည့်ပတ် ပေးစားနေဒေါ့ …
        ရူးချင်စိတ်တောင် ပေါက်မိသေး … 😀
        အဲ အရူးမဂျီးက ဘိုပေ ဟာပါလို့ ပြောလည်း မရ ..
        မသိသလို နေလိုက်လို့လည်း မရ ..
        နောက်ဆုံး ပေါက်ဖော် ဆိုတဲ့ သူနဲ့လည်း ပေးစားလိုက်တော့မယ် ..
        နော့ .. ကိုဗိုက် ..
        😀

        Reply

  • koaung

    April 29, 2012 at 5:17 pm

    ဘိုက်ကလေးနဲ့မိတ်လိုက် အဲလေ မိတ်စက်ပေးရင်ဒေါ့တွားပီ (ပန်းတနော်အခမဲ့ဆေးရုံကို) စိတ်ဝေဒနာရှင်အဖြစ် :mrgreen:

    Reply

  • ကိုရင်မောင်

    April 29, 2012 at 6:38 pm

    အံစာတုန်းရေ လိုချင်တာမိဖုရားလား
    ရှိတာဘုရင်မဖြစ်နေလို့ ယူမှာလားဟင်……
    စိုင်းထီးဆိုင်သီချင်းလေးသတိရမိလို့ပါ..

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 8:06 pm

      အမငေး ..
      ဒီက မိဖုလား ကြောတာကို
      သူက ဘုရင်မ သွားသတိရမိတယ်ဒဲ့ .. 😀
      ဂလိုဆို .. မမယ်မ ကိုရော သတိမရဘူးလားလို့ ..
      မေးလိုက်ချင်သေး .. အဟေးးးးးးးးးး

      Reply

      • ကိုရင်မောင်

        April 29, 2012 at 8:18 pm

        အဲ့ဒါကြောတာပေါ့..အဲ့စာဒုံးရဲ့
        ခု ငါ့မှာ ဈေ းဝယ်ဟင်းချက်နေရဒယ်လေ
        နင်တို့လဲ သေသေချာချာစီစစ်ပြီးမှယူ
        အထက်ပါအရည့်အခြင်းဒွေနဲ့ပြည့်စုံပြီးကာမှ
        မိဖုရားမဟုတ်ဘဲ ဘုရင်မဂြီးဖစ်နေအုံးမယ်..
        သူများအရယ်လေးငှားလိုက်အုံးမယ်….အာဟိ……..

        Reply

  • Onyx

    April 29, 2012 at 7:12 pm

    တင်တဲ့ပိုစ်ကော မန့်ထားတာတွေ ဖတ်ပြီး ဗိုက်နှိပ်ပြီး ကို ရယ်ရဒလယ် ။ သူလဲ လူဆိုးပဲ ကြည့် မိဘုရားကို တစ်ယောက်ထဲ ယူမယ်ပြောတာ တောင်နန်းစံက တစ်ယောက် မြောက်နန်းစံက တစ်ယောက်
    အလယ်က တစ်ယောက် မိဘုရားခေါင်ကြီးက တစ်ယောက် အဲဂလိုပြောတာလားဟင် တစ်ယောက်တော့ တစ်ယာက်ပါပဲ တစ်ဆောင်တစ်ယောက်နေမှာ ။ဖရဲ မရေ ခေါ်ပေးလိုက်ပါ တလုပ်မလေးတွေကို အဟိဒါမှ တို့အံစာတုံးလေး ဟိုဘက်လိမ့်လိုက်ဒီဘက်လိမ့်လိုက်နဲ့ ဖစ်နေမှာမြင်ရောင်သေးဒလယ်ကွယ်

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 8:29 pm

      အဟိ ..
      သူ့အမြင်က ပိုစူးရှနေပါလား …
      တောင်နန်းစံ၊ မြောက်နန်းစံ၊ အလယ်နန်းစံ .. တဲ့ …
      ဂယ်က အဲဂလို .. အဲဂလို .. ဟုတ်ပါဘူး .. လို့ … 😀

      Reply

  • surmi

    April 29, 2012 at 8:13 pm

    တော်တော် မျက်စိနောက်ဖို.ကောင်းတဲ. ခယ်မတစ်ယောက်ရှိတယ် ။
    ရှုပ်နေတာနဲ.အတော်ဘဲ …..အမြန်ချောပို.နဲ.ပို.လိုက်မယ် ….။

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 8:42 pm

      ဂစ် .. ဆာမိ ..
      ဆည်းကပ် ပါ၏ …

      အမြန်ချောပို့နဲ့တော့ ပို့ပါနဲ့ဗျာ ..
      ကိုယ်တိုင် .. အဲလေ .. ကျုပ် မှူးကြီး မတ်ရာ၊ သေနာကောင် .. အဲ .. မွှားပြန်ပြီ .. သေနာပတိ တွေကို လွှတ်လိုက်ပါ့မယ် ..
      အမြန်ချောပို့နဲ့ဆို သိပ်ပြီး မသေချာလို့ပါ ..
      ဘာမှ ပူနဲ့တော့ ဟုတ်ပြီလား …
      အဟီး ….. 😀

      Reply

  • surmi

    April 29, 2012 at 8:53 pm

    ဘုရင်.ဘဏ္ဍာ မတော်မတရားနဲ.
    အရှင်.အာဏာစော်ကားမဲ.သူတွေတော. မပါစေနဲ.နော် … သာဓုခေါ်ဖို. အမျှဝေနေတာမဟုတ်ဘူး …..။

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 9:00 pm

      အမငီး ..
      သူ့စာသားက လန်းလှချည်လား ..
      ” ဘုရင့် ဘဏ္ဍာ မတော်မတရားနဲ့ အရှင့်အာဏာ စော်ကားမဲ့ သူတွေတော့ မပါစေနဲ့ .. တဲ့ ”
      ဒီစာသား ချယ်ပဲ …
      သူရို့ကို လွှတ်တာ မကြိုက်ရင် နာကိုယ်တိုင် လာခေါ်မယ် .. ဒါဗြဲ .. 😀

      Reply

      • amatmin

        April 30, 2012 at 11:59 am

        ဟေ့ ဘုရင် ..
        ခင်ဗျားပဲ အမတ်ကြီးကျုပ်ကို သွားခေါ်လာဆိုလို့ လမ်းမှာတောင် မြည်းခဲ့သေးတယ်.. 🙂
        မဆိုးပါဘူးဗျ..ခင်ဗျားအတွက် အဆင်ပြေမှာပါ.. မိဖုရားလောင်းလေးက မွမွလေးရယ်. 😛

        Reply

        • မဟာရာဇာ အံစာတုံး

          April 30, 2012 at 7:34 pm

          တော်ဗြီ ..
          အဲ .. မိဖုရားလောင်းလေး ..
          အမတ်ဂျီးပဲ ယူလိုက်ဒေါ့ …. 😀
          နာ ဘုရင် ..
          ဆုတော်အဖြစ် ချီးမြှင့်တော်မူတယ်လို့ မှတ်လိုက် ..
          ဒါဗြဲ … 😀

  • surmi

    April 29, 2012 at 9:05 pm

    ရွာသူဆိုတော. နဲနဲ ကန်.သတ်ချက်များတယ် …
    ဘာတဲ. …..လော်မပါရင် တော်မလာခဲ.နဲ. တဲ. ။။။။
    (လော် = လော်စပီကာ)

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 9:15 pm

      ဘာပြောတာလည်း
      သိဒေါ့ဘူးဂျာ ..
      ကျုပ်တော့ လစ်တော့မယ် ကိုဆာမိ ရေ …

      _______________

      အားလုံးကို ကျေးကျေးပါလို့ …
      ခင်တဲ့ …
      အံစာတုံး

      Reply

  • စော်ဘွားလေး မောင်မာန်ခ

    April 29, 2012 at 9:31 pm

    မိဖုရားအလိုရှိနေသောလက်အောက်ခံနိုင်ငံငယ်မှအဆွေတော်အံဇာတုန်းဆီသို့
    ကျွန်ုပ်စော်ဘွားလေးမှမောင်းမတစ်ယောက်အားမိဖုရားတို့၏တန်ဆာဆင်လျက်
    ပို့တော်မူသည်…….
    ကိုင်း……….ဦးကြီးမိုက်ကြီးမကြာလျင်အကြော်သည်မကြီးမိုက်ဘွမှ……မိဖလားအဲလေမိဖုရားဘွသို့
    ဖြတ်ဖောက်ချုပ်လိုအပ်သောတန်ဆာဆင်ရွေ့ပို့တော်မူစေ………….
    အာဟိ..ဦးမိုက်စိတ်ဆိုးနဲ့နော်…စိတ်ဆိုးရင်ရန်ကုန်ရောက်တုန်းအကြော်လကားလာစားပိုက်မှာ…..

    Reply

    • မဟာရာဇာ အံစာတုံး

      April 29, 2012 at 9:37 pm

      အလို .. တယ် ..
      ငါလို မဟာရာဇာ ကို လက်အောက်ခံ နိုင်ငံမှ အဆွေတော်လို့ ကြောတာ
      ဘယ်တူတုံးဟေ့ …
      အော်ရယ် .. ငါ့ကို အမြဲစနောက်တတ်တဲ့ ငါ့ တူတော်မောင်လေး ပါလားကွယ် ..

      တူလေးရယ် ..
      သူများတွေ မြင်ကုန်ရင် တစ်မျိုးထင်နေဦးမယ်ကွဲ့ ..
      လူရှေ့သူရှေ့မှာ နောက်ဆို ဒါမျိုး စနောက်ရဘူးနော် .. 😀

      ဒါနဲ့ တူလေး မေဒေး လိုက်ဖြစ်ဦးမှာလားကွဲ့ .. အလှူကို …

      Reply

      • စော်ဘွားလေး မောင်မာန်ခ

        April 29, 2012 at 9:45 pm

        လိုက်ဖစ်ဖို့များတယ်ဗျို့အတိအကျတော့သိသေးဝူးရယ်ပါ……….

        Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 30, 2012 at 12:27 am

    ကြည့်ရတာ ထမင်းစားရင်ဟင်းပါမယ်
    အိမ်သာတက်ရင် အပေါ့အလေးနှစ်မျိုးစလုံးအကြုံးဝင်တယ်
    ဆိုတဲ့ပုံသေနည်းကြီးတွက်ထားပုံရဒယ်
    လူဗျက်တွေပြောဒဲ့ အဓိကဂျီးပါမလာရင်ဒေါ့ 😀

    Reply

    • ကြောင်ကြီး

      April 30, 2012 at 3:09 am

      ပုပုဂ နင်တို့ပြောသလောက် မပေါဘူးကွ…။ မပုလာဆိုပြီး နာမည်မဖျက်ကြနဲ့… သူဂမလာဘူး သူ့ဆီသွားရဒါ..။ ဖောက်သည်များလွန်းလို့ အိပ်ယာထဲဂကို မထရဘူး..။

      Reply

  • မင်း သာဂီ

    April 30, 2012 at 9:07 am

    ဘဘရာဇာ…ဆရာကြီးသီလရှင်ရော လျှောက်လွှာတင်လို့ရပါသလား။ ခွက်နဲ့ ဗန်းလဲ တပါတည်းပါလာမှာပါ။

    Reply

  • mg mg

    April 30, 2012 at 10:23 am

    မဖရဲ+မိဖုရား သိပ်မကွာဘူး နဲနဲလောက်ပြောင်းပြီး သွားလျှောက်လွှာတင်လိုက်

    Reply

  • Inz@ghi

    April 30, 2012 at 12:03 pm

    တတ်လည်းတတ်နိုင်ပါ့ဗျာ…

    😀

    Reply

    • မဟာရာဇာ အံစာတုံး

      April 30, 2012 at 7:57 pm

      ကိုဂီရေ ..
      ဘာရယ် မဟုတ်ပါဘူးဗျာ ..
      ကားမှတ်တိုင်တွေမှာ ကပ်ထားတဲ့ ကြော်ငြာတွေမှာ ..
      ဘာအလိုရှိသည် .. ညာအလိုရှိသည် ..
      ဆိုတာတွေ တွေ့တော့ .. ပေါက်ကရ တွေးမိတာလေးကို တင်လိုက်တာပါ ..
      😀

      Reply

  • ba gyi

    April 30, 2012 at 2:47 pm

    အဲ– ကန်ဇွန်းရွက်တစ်စီးကိုင်ပြီးလျှောက်ထားရမည်ဆိုဒေါ့——-၊
    အိုင်အို ကြောင်းဂျီး ရေ- ဆားပုလင်းဘဂျီး သုံးသပ်တာတော့ အောက်ပါအတိုင်းဖြစ်သတည်း—
    မိဘုရားဆိုဒါ– သက်သက်ခြူဆီပေးဒါဖြစ်ပြီး၊
    ကန်ဇွန်းရွက်ရရေးသာအဓိကဖြစ်နိုင်ကြောင်း။
    ကန်ဇွန်းရွက်တစ်စီး= ၂၀ဝကျပ်
    အစီး၁၀၀၀x၂၀ဝ = ၂၀၀၀၀ဝ ကျပ်ဆိုဒေါ့။ အဟမ်း သည်ကိစ္စတားစီးဘို့ ဦးရွှေမန်းထံ တင်ပြပေးပါရန်
    ဦးသူဂျီးခင်ဗျား။

    Reply

    • မဟာရာဇာ အံစာတုံး

      April 30, 2012 at 8:00 pm

      ဒီ ဘဂျီးကို ..
      နာ့ ရွှေနန်းဒေါ်ထဲမှာ ..
      မားကတ်တင်း မန်နေဂျာ ခန့်ရင် ..
      တိုင်းပြည်ဂျီး ဝပြောလောက်တယ် ….
      😀

      Reply

  • aye.kk

    April 30, 2012 at 3:46 pm

    ကိုအံစာတုံးရေ..
    အန်တီသိနေတဲ့ အသိမိတ်ဆွေမိန်းမတစ်ယောက်ရှိတယ်..
    သူ ့ကိုယ်သူ ဘုရင်မဘဲဖြစ်ချင်သည်ဟု တစ်ချိန်လုံးပြောဆိုပြီး..
    အလွန်ထက်မြက်သည့် ကမ္ဘာတွင်ထင်ပေါ်ကျော်ကြားထင်ရှားသည့်
    မိန်းမတို ့အကြောင်း၏ လက္ခဏာ အမူအကျင့်တို ့အား မေးခါ..
    ထိုအပြုအမူ များအားလိုက်၍ အတုခိုးခါ လိုက်ပြုလုပ်၍ နေပါသည်။
    အလှူအတန်းတွေ တစ်ချိန်လုံးပြုလုပ်ပြီး ဘုရင်မဖြစ်ရန်သာ ဆုတောင်း၍သာ နေပါသည်..
    ယခုလက်ရှိ လည်း မိမိကိုယ်မိမိအား ဘုရင်မဖြစ်ရမည် ဟုစိတ်ကူးယဉ်ဆန်ခါ ရှူးသွတ်နေပါတော့သည်။
    ကိုအံစာတုံးက မိဘုရားလိုချင်တယ်ပြော၍ ဘုရင်မ ဖြစ်ချင်နေတဲ့ အန်တီနဲ ့လွန်စွာခင်နေတဲ့ မိတ်ဆွေမိန်းမတစ်ယောက်ရှိနေတာ တိုက်ဆိုင်သွားလို ့ပြောပြမိတာပါ။
    ဘုရင်မကော မလိုချင်ဘူးလားဟင်။ (ခင်လို ့စတာနော်)

    Reply

    • မဟာရာဇာ အံစာတုံး

      April 30, 2012 at 8:12 pm

      အမအေးရေ ..

      ကိုအံစာတုံးလို့ ခေါ်ပါနဲ့လားဂျာ ..
      သား အသက်က ခုမှ နယ်နယ်လေး ချိဒေးဒါ .. အဟီးးးးးးးးး 😀
      ချကားမချပ် .. ဘုရင်မ တော့ လိုချင်ပါဘူးလို့ ..
      😀

      ___________

      အောက်က “ညလေး အိတုံ” ရေ ..

      နှာခေါင်းပိတ်၊ ကန်စွန်းရွက်တစ်စီး ကိုင်ခိုင်းပြီး
      တယ်ရင်းကို လွှတ်လိုက်ပါလား … လို့ ..
      😀

      Reply

  • ညလေး အိတုံ

    April 30, 2012 at 4:42 pm

    ညလေး မှာလဲသယ်ရင်းရှိတယ်…..သူလဲမိဘုရားရူးရူးနေတာ..ကိုကိုအံစာတုံးရတိလား………
    အဟိဟိဟိ

    Reply

  • ညလေး အိတုံ

    May 1, 2012 at 9:33 am

    ဟာခက်ပီ……..ကိုရီး“မဟာရာဇာ´´ ညလေး သယ်ရင်းက ကန်စွန်းရွက် သွားဝယ်တာ ကုန်သွားပီ တဲ.
    …….အရွာအဝင်က မြောင်းထဲ သွားရှာလိုက်ဦးမယ်တဲ.လေ……….ဟိဟိ

    Reply

  • snow white

    May 1, 2012 at 5:32 pm

    ညီမတို့အောက်ထပ်ကအပျိုကြီးအသက်ကတော့42 နည်းနည်းစိတ်မနှံ့ဘူး
    အအေးလည်းအရမ်းသောက်တယ် ထမင်းသိပ်မစားဘူး ထမင်းဖိုးတော့သက်သာတယ် အအေးဖိုး တက်နိုင်ရင် လာတောင်းလို့ရတယ်နော် မိဖုရားမြှောက်မယ်ဆိုလိပ်စာအတိကျပေးမယ်နော်

    Reply

Leave a Reply

Your email address will not be published.