စဉ်းစား စာရာလေးများ (၅)…

Ko out of...April 29, 20121min04

(၁) လောကတွင် ဘာသာရေးကလွဲရင် အားလုံးသောကိစ္စဟူသမျှသည် အမြဲပြုပြင်ပြောင်းလဲ လျှက်ရှိသည်..အဝတ်အစား၊ အနေအထိုင်၊ အပြောအဆို၊ အယူအဆ
စသည်တို့မှာ အမြဲပြောင်းလဲလျှက်ရှိသည်…

(၂) ကျွန်ုပ်တို့၏ ယခုရှိရင်းစွဲ အနေအထိုင်၊အဝတ်အစား စသည်တို့ကို ပြုုပြင်ရန်များစွာ
လိုပေသည်..ဥပမာ..မြန်မာစစ်တပ်ဖွဲ့လျှင် မြန်မာ့လုံချည်သည် မသင့်သော် မြန်မြန်ပြေး
လို့ မဖြစ်ပေ စစ်သားအတွက်ဘောင်းဘီသည် အကောင်းဆုံးဖြစ်၏။ လေးနှင့် မြှားသည်
ရှေးအခါက ကောင်းသော်လည်း ယခုခေတ်မှာ သေနတ်သည် ပိုကောင်း၏…

(၃) အများသဘောသည် အမှားပေါ၏။ လောကတွင် ပညာရှိသောသူနှင့် မရှိသောသူ အရေအတွက်ကို နှိုင်းယှဉ်လျှင် ပညာရှိသောသူသည် မနှိုင်းယှဉ် နိုင်လောက်အောင် နည်း၏…

(၄) မည်သည့် ကိစ္စမဆို ” ဟာ အများသဘောပေါ့” ဟုပြောသောသူသည် အသုံးမကျသောသူ လို့မှတ်အပ်၏။ အများသဘောသည် မှားလျှင်မှားကြောင်း
ကို ညွှန်ပြနိုင်ရမည်။ ရေလိုက်ငါးလိုက်သော သူတို့သည် မကြီးပါွးနိုင်ကုန်…

(၅) သူများကဲ့သို့ လုပ်လျှင်သူများကဲ့သို့ပင်ဖြစ်မည်။ သူများနှင့် မတူအောင်လုပ်ရင် သူများ
နှင့်တူမည်မဟုတ်ပေ။ မြတ်စွာဘုရားဟာ ခပ်သိမ်းသော သူများနဲ့ မတူအောင် စဉ်းစားပြီး ကျင့်ကြံအားထုတ်ခဲ့လို့ သူများနဲ့မတူသော အဖြစ်ကိုရပေ၏…

(၆) မစဉ်းစားဘဲ ယုံလွယ်သူပေါသော တိုင်းပြည်သည် အောက်တန်းကျသေးသော တိုင်း ပြည်ဖြစ်၏…

(၇) သတင်းစာများတွင်… မြတ်စွာဘုရားဆင်းထုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိ
သောဥစ္စာစောင့်မ၊ နတ်ကပေးသော ကလေး စသည်စသည်ဖြင့် ခေါင်းစည်းတပ် ထားသော ဆောင်းပါးများကို အလုအယှက်ဖတ်နေသမျှ ကာလပတ်လုံး မြန်မာလူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မှီရန် များစွာလိုသေးသည် ဟုဆိုရမည်ဖြစ်ပေသည်…

(၈) လွတ်လပ်မှသာ ငြိမ်းချမ်းမည်။ ငြိမ်းချမ်းမှသာ တိုးတက်ကြီးပွါးနိုင် လိမ့်မည်။ တိုးတက် ကြီးပွါးရေးဆိုသည်မှာလည်း ယဉ်ကျေးမှု၏တိုးတက်ရေး၊ အများစီးပွါးရေး၏ တိုးတက်ရေးပင် ဖြစ်သည်…

(၉) နောင်မှာ ဘာသာရေးဂိုဏ်းဂဏ ဝါဒအစွဲအလမ်းတွေ ပျောက်ချင်ပျောက်မလားလို့
ယုံကြည်တယ်။ လူ့သမိုင်းမှာ နိုင်ငံရေးအရရော၊ စီးပွါးရေး အရရော၊ လူမှုရေးအရရော
ပြောင်းလဲနေတယ်။ ကျွန်တော့် အယူအဆမှာ အဲဒါတွေဟာ အကောင်းဘက်ကို ပြောင်းလဲ
တယ်လို့ယူဆတယ်။ (Human Synthesis) ဆိုတဲ့ လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိလာကြတယ်။ ဒီမြေကြီးမှာဘဲ မွေးတဲ့လူ အချင်းချင်းဘဲ..ဒီမှာ ကြီးကြတဲ့ လူတွေ အချင်းချင်းဘဲ.. အသားအရောင်ကွဲ၊ အယူအဆကွဲပေမဲ့ တစ်လှေထဲ စီး တစ်ခရီးတည်းသွားနေကြတဲ့ သူတွေပါလားလို့ သိလာကြတယ်။ နောင်မှာ”သမ” တဲ့ဘဝကိုရောက်မယ်….

(၁၀) အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲ ခြင်းသည် အရေးကြီးသကဲသို့ နေထိုင်မှုပြုပြင် ပြောင်း
လဲရေးသည်းလည်း အရေးကြီးပေ၏။ ကြီးပွါးရေးအတွက် ပြုပြင်ရေးသည်လည်း အထူးအရေး ကြီးလှပေသည်…

ဦးသော်ကောင်းနှင့် မောင်ဇေယျာ စိစဉ်သည့် ဦးသန့်၏ လက်ရွှေးစင်စာစုမှ.. စာဖတ်ချိန်သိပ်မရသော သူများအတွက် ပြန်လည်
မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်……

4 comments

  • kohtet

    April 29, 2012 at 1:28 pm

    နံပါတ်(၉) အချက်ကမလွယ်နိုင်ဘူးနော်။
    အခုတောင်အွန်လိုင်းမှာတော်တော်လေးမြင်နေကြားနေရတယ်….
    The term atheism originated from the Greek ἄθεος (atheos), meaning “without god”,
    atheism =without god ဆိုတဲ့နူန်းကလည်း United States (4%), Italy (7%), Spain (11%), Great Britain (17%), Germany (20%), and France (32%).ရှိတယ်..
    ပြီးတော့ဟိုဘာသာကကောင်းတာလေးတွေယူ၊ဒီကကောင်းတာလေးတွေစုပြီးအသစ်လုပ်ထားတဲ့
    ဘာသာတွေလည်းရှိသေးတယ်၊ဘာသာရေးအစွန်းရောက်တွေလည်းကမ္ဘာမှာရှိသေးတယ်..
    Extreme Future (လွန်ကဲသာအနာဂါတ်မှာ)
    ၁.စွမ်းအင်
    ၂.ရေ
    ၃.ဒီမိုကရေစီ
    ၄…..အခြားအခြားသောအချက်တွေအပြင်
    ၅.ဘာသာရေးကြောင့်လည်းပဋိပက္ခတွေဖြစ်နိုင်ဖို့ရှိတယ်ဆိုပြီး futurist လို့ခန့်မှန်းထားတာတွေဖတ်ဖူးတယ်။
    ဒီလိုပဲတွေးမိတာပါပဲ။

    Reply

  • kai

    April 29, 2012 at 3:09 pm

    စတီဗင်ဟော့ကင်းက..GOD ဖြစ်တည်မှုကိုထိခိုက်စေတဲ့စာတွေ တောက်လျှောက်ရေးလာတာနဲ့အတူ. နောက်ပိုင်း..သိပ္ပံနည်းပညာတိုးတက်မှုတို့ကြောင့်.. နောက် ရာစုနှစ်မတိုင်မှီပဲ.. GOD ရဲ့ဖြစ်တည်မှုနဲ့ဆိုင်တဲ့ဘာသာတရားကိုးကွယ်သူတွေ.. အကြီးအကျယ်လျှော့ကျသွားမယ်ထင်မိတယ်..

    မြန်မာတွေကတော့.. မီဒီယာဖွံ့ဖြိုးတာတာနဲ့အမျှ.. ကွန်ဆာဗေးတစ်တွေ..လျှော့လာမယ်ထင်မိတာပါပဲ..

    ဆိုတော့…

    Reply

  • Onyx

    April 29, 2012 at 8:15 pm

    မှတ်သားစရာတွေပ

    Reply

  • ba gyi

    April 30, 2012 at 3:13 pm

    ကျောက်ခေတ်
    ကြေးခေတ်/သံခေတ်
    သမိုင်းဦးဘုံမြေခေတ်
    ပဒေသရဇ်ခေတ်
    အရင်းရှင်ခေတ်
    ကွန်မြူနစ်
    ဆိုရှယ်လစ်
    ဒီမိုကရေစီ မှသည် လူသားအားလုံးအကျိုးဖေါ်ဆောင်နိုင်သော ဘုံစံနစ်/ဘုံဝါဒ သို့အမှန်ရောက်နိုင် ပါသည်။
    လူသားတွေဖြတ်သန်းခဲ့ရတဲ့ခေတ်တွေ၊အကြောင်းအကျိုးတွေ၊အားသာချက်၊အားနဲချက်တွေအပေါ် သုံးသပ်ကြရင်း၊တစ်နိုင်ငံအရေးကိုအများမှဝိုင်းဖြေရှင်းကြရတဲ့ခေတ်သို့ကူးပြောင်းနေပြီး၊လူသားတစ် ယောက်အရေးသည်၊လူသားအားလုံးအရေးလို့အမြင်ပြောင်းလာကြတဲ့ခေတ်ရောက်လာမှာပါဗျား။
    အားလုံးဟာမွေးခြင်း၊ရှင်သန်ခြင်း၊သေဆုံးခြင်းဆိုတဲ့သံသရာ ထဲမှာပဲလည်နေရတာမို့၊သတ္တဝါဗေဒအခြေ
    ခံရလဒ်အတူတူပဲမဟုတ်ပါလား။လူသားတိုင်းနှင့်သက်ဆိုင်သောအခွင့်အရေး၊ရလဒ်ကိုရှာဖွေတန်းတူညှိ
    ကြရင်းနှင့် ဘုံဝါဒတစ်ခုဟာနီးစပ်လာနေသလိုပါပဲ။

    Reply

Leave a Reply

Your email address will not be published.