မြန်မာ့စီးပွားရေးဘဏ်အပြောင်းအလဲများ

zaylayJune 14, 20101min00

၂၀၁ဝပြည့်နှစ် ဧပြီလ (၁)ရက် မှစ၍ မြန်မာ့စီးပွားရေးဘဏ်များရှိ
ဘဏ်စာရင်းလက်ကျန်ငွေကို ကျပ် ၁၀၀၀ဝအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ မူလက
ဘဏ်စာရင်းလက်ကျန်ငွေကိုကျပ် ၁၀၀ဝ ဟုသာ သတ်မှတ်ထားရာမှ ၂၀၁ဝပြည့်နှစ် ဧပြီလ
၁ ရက်နေ့မှစ၍ ယခုကဲ့သို့ ကျပ် ၁၀၀၀ဝ အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြစ်
ကြောင်း သိရှိရသည်။

“ကျွန်မတို့ဆီမှာတော့ ဒီလိုသတ်မှတ်ချက်မရှိသေးပါဘူး။ အရင်က သတ်မှတ်ထားတဲ့အတိုင်း ဘဏ်စာရင်းလက်ကျန်ငွေကို အနည်းဆုံး ရာဂဏန်းဖြစ်စေ၊
ဒါမှမဟုတ်ကျပ် ၁၀၀ဝ ထားရှိရင်ရပါတယ်”ဟု ရိုးမဘဏ်မှ တာဝန်ရှိသူတစ်ဦးက
ပြောကြားသွားခဲ့သည်။ ဘဏ်စာရင်းစာအုပ်ပြုလုပ်ရာတွင်လည်း
တစ်ဦးတည်းငွေစာရင်းတစ်ခုနှင့် တွဲဖက်ငွေစာရင်း တစ်ခု၊
စုစုပေါင်းငွေစာရင်းနှစ်ခုသာ ပြုလုပ်ခွင့်ရှိပြီး ငွေစာရင်းနှစ်ခုထက်
ပိုမိုအပ်နှံထားသောငွေစာရင်းများအား အတိုးငွေထုတ်ပေးမည်မဟုတ်ကြောင်း
သိရှိရသည်။ ထို့ပြင် ဘဏ်စာရင်းစာအုပ်၌ နှစ်နှစ်အတွင်း ငွေသွင်းငွေ
ထုတ်ပြုလုပ်ခြင်းမရှိပါက ၂၀၀၉/၂၀၁ဝ ဘဏ္ဍာရေးနှစ်မှစ၍ စာရင်းသေအပ်ငွေအဖြစ်
သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာ့စီးပွားရေးဘဏ်ရှိ
ငွေစုဘဏ်စာရင်းတွင် လက်ကျန်ငွေ ကျပ်ငွေတစ်သောင်းအောက်ကို ၂၀၁၀၊ ဧပြီလ ၁
ရက်နေ့မှစ၍ အတိုးမပေးတော့ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ
စုံစမ်းသိရှိရသည်။ ငွေစုဘဏ်စာရင်း၏ အနည်းဆုံးကျန်ငွေကိုလည်း ဧပြီ လ ၁
ရက်နေ့မှစ၍ အနည်းဆုံး ကျန်ငွေတစ်သောင်းထားရှိရန် သတ်မှတ်လိုက်ကြောင်းလည်း
ထုတ်ပြန် ချက်များအရ သိရှိရသည်။

“ငွေစုဘဏ်စာရင်းမှာ အနည်းဆုံးကျန်ငွေကို ကျပ်တစ်သောင်းထား ရှိဖို့ ၂၀၁၀၊ဧပြီလ ၁ ရက်နေ့ကစပြီး သတ်မှတ်လိုက်ပါတယ်၊ အဲဒီ့ လက်ကျန်ငွေကျပ်တစ်သောင်းအောက်ကိုလည်း အတိုးလုံးဝမပေးတော့ပါဘူး၊
ကျပ်တစ်သောင်းအောက် စာရင်းများကိုလည်း မတ်လ ၃၁ ရက်နေ့ကစပြီး
စာရင်းသေစာရင်းကို ထည့်သွင်းသွားမှာဖြစ်ပါတယ်”ဟု မြန်မာ့စီးပွားရေးဘဏ်မှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့စီးပွားရေးဘဏ်တွင် လူတစ်ဦးလျှင် တစ်ဦးချင်းစာရင်းတစ်ခုနှင့်တွဲဖက်စာရင်းတစ်ခုသာ ဖွင့်လှစ်ရန်နှင့် သတ်မှတ်စာရင်းဦးရေထက် ပိုမိုသည့်စာရင်းများအား ဧပြီလ ၁ ရက်နေ့မှစ၍
အတိုးမပေးတော့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published.