2011 ထမ်ဆမ်းဂူ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မနို တင်ထားတဲ့ 2010 ထမ်ဆန်းဂူ ပုံနဲ့..ကျွန်တော် 2011 က သွားခဲ့တဲ့ပုံနဲ့  တော်တော်ကြီးကို ကွာ သွားလို့

မမြင်ဖူးသူများ မြင်ဖူးအောင်တင်ပေးလိုက်ပါတယ်.

ပုံတစ်ခါမှ မတင်ဖူးလို့  အဆင်ပြေပါ့မလားမသိဘူး.

 

14 comments

  • Novy

    April 28, 2012 at 10:30 am

    မုန်းအောင်ချစ်ရေ..
    ပုံလေးတွေ အတွက်ကျေးဇူးပါ.
    မနိုတို့သွားတုံးက တစ်ချို့နေရာတွေ ဝင်လို့ မရသေးဘူး
    ပြင်နေတုံးမို့လို့ အခုကျတော့လဲလှလိုက်တာ အတွင်းထဲထိရောက်ခဲ့သွားလို့ရပြီပေါ့နော်
    နောက်တစ်ခေါက်တောင် ပြန်သွားချင်လိုက်တာ

    Reply

  • htoosan

    April 28, 2012 at 10:31 am

    ဘုရားတွေ များများ မလူခင် မြန်မြန်သွားထားရင် သဘာဝကို များများတွေ့လိမ့်မယ် ။ တတ်သိနားလည်သော ပညာရှင်များနဲ့ အလင်း ပေးတာက အစ လမ်းဘယ်လိုပေးမယ်ဆိုတာ အဆုံးလုပ်သင့်ပါသည်။
    ထုံးကျောက်စက်ဆိုတာ အပေါ်ကတွဲလွဲကျသလို ကျတဲ့ နေရာမှာလည်း အောက်ကနေပြန်တက်တဲ့ အတွက် လူသွားလမ်းတွေ လုပ်ပြစ်တာ ၊ လူ တွေ အရမ်းအစဉ်ပြေအာင် ရှင်းပြစ်တာတွေဟာ နှစ်ထောင်သောင်းချီပြီး တည်လာတဲ့အရာတွေကို ဖျက်ဆီးပစ်လိုက်တာဘဲလို့ တတ်သိတဲ့ ပညာရှင်တစ်ဦးက နှမြောတဿစွာနဲ့ ပြောပြတာ ကြားဖူးထားလို့ပါ။ သဘာဝ အလှနဲ့ ဘုရားကို အချိုုးကျ ထိန်းသိမ်းဖို့ အရမ်းလိုကြောင်းလည်း ပြောပြခဲ့ဘူးပါတယ်။

    Reply

    • ဟိန်း ဝင်း (ထားဝယ်သား)

      April 28, 2012 at 10:47 am

      ကိုထူးဆန်းပြောတာတော့ဟုတ်တယ် …. ဒါပေမယ့် ကျွန်တော်တို့သွားတုန်းက စစ်တပ်မဟုတ်တဲ့ တစ်ခြားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု စောင့်ကြပ်နေတာတွေ့ရတယ် … သူတို့ကျတော့ သိပါ့မလားမသိ

      Reply

      • htoosan

        April 28, 2012 at 11:50 am

        ဦးစီး ဦးဆောင် နေတာကတော့ ဟိုပုန်း ကိုရင်လေး ( ဒါပေမဲ့ ကိုရင်အရွယ်မဟုတ်ပါဘူး ၊ ဦးပဉ္စင်း အရွယ်ပါ) ဆိုတဲ့ ဘုန်းဘုန်းပါ ။ လက်နက်ကိုင် အစောင့်က ပအို့ အဖွဲ့လို့ထင်ပါသည် ။ အစိုးရ စစ်တပ် မဟုတ်ပါဘူး။

        Reply

        • moethidasoe

          May 2, 2012 at 3:36 pm

          အဲဒီအရပ်က ပအို့ဝ်အဖွဲ့ နှစ်ပေါင်းများစွာ ပုန်းအောင်းတဲ့ အရပ်ပါ .. ကိုရင်ကြီးက အိပ်မက် အရလို့ ဆိုတယ် တွေ့သွားတယ် .. ပအို့ဝ်တွေနဲ့ ညှိနှိုင်းလိုက်တော့ ဖော်ထုတ်ခွင့် ရသွားလို့ ထမ်ဆန်းဂူ ဆိုတာ ဖြစ်လာတယ် လို့ ဆိုတယ် .. ဒါကြောင့် ပအို့ဝ်တွေပဲ စောင့်ရှောက်နေတာ .. ထူးဆန်းတာက နော် .. အဲဒီနေရာက ကားလမ်းဘေးမှာ ရှိနေတာ .. ပအို့ဝ်တွေ ခိုအောင်းနေတာကို အစိုးရတပ်တွေ မသိနိုင်ခဲ့တာ အံ့ဩတယ် .. ပအို့ဝ်တွေက ပိရိတာလား .. အစိုးရတပ်က ? တာလား

  • jujuma

    April 28, 2012 at 10:49 am

    အရမ်းလှတာပဲနော်.
    .စာညွှန်းလေးတွေ တပ်ထားရင်ပိုကောင်းမယ်နော်..
    ရောက်ဖူးချင်လိုက်တာ …
    ထမ်ဆန်းဂူက ဘယ်နေရာမှာလဲဟင် ..

    Reply

  • မုန်းအောင်ချစ်

    April 28, 2012 at 10:56 am

    ဟုတ်ကဲ့..စာညွှန်းတပ်ဖို့ကိုတင်ပြီးမှပဲ သတိယလိုက်လို့ပါ..
    ပြီးတော့ ထုံးစံအတိုင်းကိုးနတ်ရှင်လေး..သဘောကောင်းတုံးကတိုက်ကရိုက်အချိန်လုပြီးတင်လိုက်ရလို့
    လိုအပ်ချက်လေးတွေ ရှိသွားပါတယ်
    ထမ်ဆန်း ဂူက တောင်ကြီးကနေ တောင်ဖက်ကို 1နာရီလောက်ကားမောင်း သွားရင် ရောက်ပါတယ်.

    Reply

  • Ko out of...

    April 28, 2012 at 12:02 pm

    ထမ်းဆန်းဂူ သဘာဝအလှဟာ တကယ်ကိုအသုံးချတတ်ရင် နိုင်ငံတော်အတွက်၊ဒေသအတွက် ဝင်ငွေတွေအများကြီးရှာပေးနိုင်ပါတယ်…
    အခုတော့ နားမလည်တဲ့ လူတွေကဦးဆောင်ပြီး လုပ်လိုက်တော့ သဘာဝပျက်စီးတာပေါ့..

    အခုတောင်ဘုရားဆင်းထုတော်တွေတော်တော်များနေပြီ… ကျောက်ဆက်ပန်းဆွဲ၊ ကျောက်ဆက်မိုးမျှော်
    တော်တော်ပျက်စီးသွားပြီ…ဂူထဲမှာလည်း သူ့သဘာဝအတိုင် ရေးချောင်းတွေရှိတယ်.

    လူမျိုးတိုင်းလွတ်လွတ်လပ်လပ်လေ့လာလို့ရအောင်
    ဆင်းထုတော်တွေ သိပ်မများဖို့လိုတယ်..Religion Symbol ဖြစ်သွားရင် သိပ်မကောင်းဘူးလို့ထင်မိပါတယ်..

    စင်ကာပူနိုင်ငံ စင်တိုဆာ ဥယျာဉ်မှာရှိတဲ့ ရေအောက်ကမ္ဘာလို လုပ်ရင်သိပ်လှမှာဘဲ…ဒါတောင်သူတို့နိုင်ငံ Man made တွေနဲ့ ဖန်တီးထားတာ…အခုက သဘာဝကရှိပြီးသားဗျာ.. နည်းနည်း create လုပ်လိုက်ရင်
    ခရီးသွား product ခရီးစဉ်သစ် တခုအဖြစ် တတ်ကျွမ်းနားလည်တဲ့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ရင် သိပ်ကောင်းမှာဘဲ လို့မြင်မိတယ်…

    Reply

  • မုန်းအောင်ချစ်

    April 28, 2012 at 12:14 pm

    Ko out of ပြောတာ မှန်ပါတယ်.
    ပင်းတယဂူလို ဖြစ် သွားမှာတော့ စိုးရိမ်သားဗျ
    ခုဆို ပင်းတယဂူက အထဲမှာလမ်းလျှောက်ရတာ ဘေးဝဲယာမှာ
    အရွယ်စုံ ဆင်းတုတော်တွေတော်တော်ကြီးကို ပြည့်ကျပ်နေတာ
    ဘုရားဖူးလာတဲ့.အမျိုဲးသား အမျိုးသမီးတွေ ရဲ့ ခြေထောက်တွေ..လုံချည်တွေနဲ့
    ထိချင်ထိမိနိုင်တာပဲလေ.ငရဲလဲရပါတယ်
    ပြောရရင် ပင်းတယ ဂူက သဘာဝအလှ ကိုသေချာ မမြင်ရတော့ဘူး
    သဘာဝကို သဘာဝအတိုင်းလေ..ထားရင် ကောင်းမယ်ဗျာ
    ခုတော့..

    Reply

  • windtalker

    April 28, 2012 at 2:09 pm

    သဘာဝ အလှအပများ ကို တွေ ့ရပါတယ်ဗျား ။
    ဟိုပုံးကိုရင်လေး ဆိုတာ တောင်တန်းသာသနာပြုဆရာတော်ကြီး ရဲ ့တပည့်လို ့လဲ ကြားဖူးရတယ် ။ ဟုတ်သလားဗျ ကိုမုန်းအောင်ချစ် ။

    Reply

  • Ko out of...

    April 28, 2012 at 5:35 pm

    windtalker ရေ… ကိုမုန်းအောင်ချစ်အတွက်ကျွန်တော်ဖြေပေးလိုက်ပါ့မယ်…

    ကိုမုန်းအောင်ချစ်မျက်စိလှည်တာလည်းဖြစ်နိုင်တယ်..ထမ်းဆန်းဂူက ဟိုပုံးအရှေ့ဖက်ဗျာ..ပင်လုံ၊လွယ်လင်
    သွားတဲ့လမ်းပေါ်မှာပါ…

    နောက် ဟိုပုံးကိုရင်လေး ဆိုတာ တောင်တန်းသာသနာပြုဆရာတော်ကြီး ရဲ ့တပည့်ဆိုတာ ဟုတ်မဟုတ်တော့ မသိဘူး …သူ့လက်မ တဖက်ကို အဓိဋ္ဌာန်ပြုပြီး…ဟိုပုံးရေထွက်ရဲ့ အရှေ့ဖက်မှာ စေတီတည်တာလည်းကြားရဖူးတယ်… မမြင်ရတဲ့ နောက်ဘဝ အတွက်စိတ္တဇ ဆုကြီးပန်များလားမသိဘူး?…
    ဒီထမ်းဆန်းဂူ ဒီလိုဖြစ်တာ ကိုရင်လေးရဲ့ ဘုန်းတန်ခိုး၊ ကိုရင်လေးကိုနတ်ပေးလို့..အသိဉာဏ်နည်းတဲ့ လူကဆိုကြတယ်… ဘယ်ဟုတ်မလဲဗျာ ငယ်ငယ်တုံး ပင်လုံလွယ်လင်တက်တုံးက ဒေသခံတွေပြောတာ ဂူရှိတယ်..လူအရောက်နည်းလို့ပါ…

    နောက် Message တခုပေးလိုက်ဦးမယ်.. ဒုတိယကမ္ဘာစစ်တုံးက ဂျာပန်တွေ အဲ့ဒီနေရာမှာ ရွှေတွေမြုပ်ထား
    တယ်..ကိုရင်ဒီဂူစဖေါ်တုံးက အဲဒီရွှေဟာ ကိုရင်နဲ့ထိုက်တန်လို့ ဘူဒိုဆာမြေကော်စတ်နဲ့ ရွှေတွေ့သွားတယ်လို့တောင်ပြောကြသေးတယ်…ကျွန်တော်ကတော့ မယုံပါဘူး…
    တခြားနားလည်တဲ့လူတွေသာလုပ်ပိုင်ခွင့် ပေးပါလားကိုရင်လေးထက်တောင် အများကြီးသာဦးမှာ..
    အဲဒီဂူ မရောက်ခင် ဆိုင်းဘုတ်ရှိတဲ့နေရာကနေ မြောက်ဘက်ကိုနည်းနည်းသွားလိုက် စေတီတည်ထားတာ အကြီးကြီးဘဲ..သဘာဝပန်ကျင်လည်းပျက်..လူတွေရဲ့ လုပ်အားလည်းရှုံးပါတယ်ဗျာ..

    နောက်ထပ်ပြောရဦးမယ်..အဲဒီဂူကိုစောင့်တဲ့ လုံခြုံရေးက ကိုယ်ရင်လေးရဲ့ ကိုယ်ပိုင် စစ်တပ်လို့သိရတယ်.
    ဘယ်နဲဗျာ ဘုရားသားတပည့် မှန်ရင် အဏာတို့၊သေနတ်ခဲယမ်း မလိုပါဘူး.. အထူးဒေသ(၆)နယ်မြေဘဲ..လုံခြုံးမသေချာရင် PN0 တပ်တွေရှိတာဘဲ..
    အသိတရားနည်းတဲ့ပအိုဝ်း တိုင်းရင်းသား လူမျိုးတွကို ဘာသာရေးနဲ့ ဖြိုခွဲ တာများလားလို့ စဉ်းစားမိသေးတယ်…ကဲသိပ်များသွားပြီ..

    လက်ဆောင်လေးပေးလိုက်မယ်…

    ဦသန့်ရဲ့ လက်ရွှေးစင်စာစုထဲက ဖတ်ထားဖူးတာလေး မျှဝေပေးလိုက်ပါတယ်..

    ”သတင်းစာများတွင် မြတ်စွာဘုရား၏ ဆင်းထုတော်မှ မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိသောဥစ္စာစောင့်မ၊ နတ်ပေးသောကလေး၊ စသည့်ခေါင်းစည်းတပ်ထားသောစာသားများကို အလုအယှက်ဖတ်သမျှကာလပတ်လုံး မြန်မာလူမျိုးတို့၏ အဆင့်အတန်းသည် ခေတ်မှီရန်များစွာ လိုသေးသည်ဟုဆိုရပေမည်…ပြောတိုင်းမယုံနှင့်၊ ယုံတိုင်းမပြောနှင့်။ ချင့်ချိန်နှိူင်းဆပြီး ပြုလုပ်ပြောဆိုရာ၏
    ဒါဟာကြီးပွါးရေလှေကားထစ်ဘဲတဲ့….”

    Reply

    • windtalker

      April 28, 2012 at 7:02 pm

      Thank you very much for your information ! Mr Ko out 0f !

      Reply

    • Ko SetPe

      May 1, 2012 at 8:31 pm

      လက်မ မဟုတ်ပါဘူး။ လက်ညှိုးဖြစ်ပါတယ်။ ဖြတ်ထားပြီးနေရာကနေ လက်သည်းခွံကလေး ပြန်ထွက်လာပါတယ်။
      ဘာပဲဖြစ်ဖြစ်လေ … ကိုယ်လက်အင်္ဂါမစုံတဲ့အတွက် ရဟန်းဝတ်ခွင့်တော့ မရတော့ပါဘူး။ ကိုရင်ဘဝနှင့်ပဲ နေရတာပါ။
      ဘွဲ့တော်ကတော့ အရှင်ဟတ္ထိပါလ ဖြစ်ပါတယ်။ ကွမ်းအရမ်းစားပါတယ်။ ရွှေအစစ်နှင့် ပြုလုပ်ထားတဲ့ စိတ်ပုတီးကြီး ရှိပါတယ်။ ဒေသခံတွေက အင်မတန်ယုံကြည်ကိုးကွယ်ကြပါတယ်။ တစ်ခါကြွလိုက်တိုင်းမှာ ဝိုင်းပြီးလှူဒါန်းလိုက်ကြ တဲ့ တစ်ထောင်တန်တွေဟာ ဆာလာအိတ်နှင့်ကိုရပါတယ်။ ကိုယ်ပိုင်စစ်တပ်တော့ မဟုတ်ပါ။ ပီအဲန်အို တွေဖြစ်ပါတယ်။ ခရီးသွားလာရာမှာ ဆပ်ကားအစိမ်းရောင် (လိုင်စင်မဲ့)ကို ခေါင်မိုးပေါ် မီးပြေးတင်ပြီး သွားတတ်ပါတယ်။

      Reply

  • မုန်းအောင်ချစ်

    April 28, 2012 at 5:58 pm

    ဝင်ဖြေပေးတဲ့ Ko out of ကိုကျေးဇူးတင်ပါတယ်.
    ကျွန်တော် မျက်စိလည်ပြီး.အရပ်မျက်နှာမှားဖတ်မိတာဖြစ်မှာပါ

    Reply

Leave a Reply

Your email address will not be published.