ဒုဌဝတီ မြစ်ဘေးရှိ နဂါးရုံဘုရားနှင့် တောင်ငယ်ကျော်သို့တစ်ခေါက်

kanjosanApril 27, 20123min06

မန်းလေးပြန်ရောက်ခိုက် အမျိုးတွေရှိရာ အမရပူရမြို့နယ်ရှိ တောင်ကိုင်းရွာလေးသို့ တစ်ခေါက်သွားရောက်လည်ပတ်ပြီး အဲ့ဒီမှတစ်ဆင့် နဂါးရုံဘုရားရှိရာ မုံတောရွာသို့ အမျိုးများနှင့်တွေ့ရန် တစ်ခေါက်လည်ပတ်ခဲ့ပါတယ်.. တောင်ကိုင်းရွာဟာ မန်းလေးထုံးဘိုလမ်းခွဲမှ အရှေ့ကိုတတ်ပြီး မြှောင်းဘောင်အတိုင်း ဆက်သွားပါက သုံးလေးရွာလောက် ဖြတ်သွားပြီး ဒုဌဝတီမြစ်ကမ်းပေါ်မှာ တည်ရှိပါတယ်… ဆိုင်ကယ်ဖြင့်ဆိုပါက တောလမ်းအတိုင်း ၁ နာရီလောက်ကြာ မောင်းပါက ရောက်ရှိပါတယ်… သံပရာ၊ သရက် ခြံများ၊ စပါး၊ နှမ်းစသည့် မိရိုးဖလာ စိုက်ပျိုးရေးလုပ်ကြပါတယ်… အဲ့ဒီရွာမှာရှိတဲ့ အဖွား၏ အဒေါ်တော်သူ နှင့်တွေ့ဆုံစကားပြော အမျိုးများနှင့် စကားပြောပြီး ခဏနား နေ့လည်စာ စားသောက်ကာ မုံတောရွာကို ခရီးဆက်ဖြစ်ပါတယ်… တောင်ကိုင်းမှ မုံတောရွာသို့ နာရီဝက်ကြာကြာ တောလမ်းမှ ဆိုင်ကယ်ဖြင့် သွားရပါတယ်….

 

တောင်ကိုင်းရွာရှိ အသက် ၉၀ ကျော် ကျန်းမာနေဆဲ အဖွား

မုံတောရွာ ရောက်သည်ဆိုလျှင်ဘဲ အဲ့သည်ရွာရှိ အမျိုးများကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံနှုတ်ဆက် ဂါရဝပြုပြီး ရွာရှိ နဂါးရုံ ဆုတောင်းပြည့်ဘုရားကို သွားရောက် ဖူးမျှော်ပါတယ်… နဂါးရုံ ဆုတောင်းပြည်ဘုရားကို ရှမ်းအမျိုးသမီး စောမွန်လှ တည်ထားကိုးကွယ်သည်ဟု သိရပါတယ်… ကျွန်တော် ကျောင်းတတ်စဉ်အခါက ရွှေစာရံဘုရားပွဲကို သူငယ်ချင်းများ ဆိုင်ကယ်ဖြင့် သွားရောက်ပြီး ထိုမှတဆင့် မုံတောရွှာသို့ ဆက်လက်သွားရောက်ဖူးပါတယ်… ရွှေစာရံဘုရားမှ နဂါးရုံဘုရားကို ဒုဌဝတီ မြစ်ကြောင်းအတိုင်း မော်တော်ဖြင့် သွားရောက်လို့လည်းရပါတယ်…

နဂါးရုံ ဆုတောင်းပြည့်ဘုရား

  နဂါးရုံ ဆုတောင်ပြည့်ဘုရား

စောမွန်လှ


နဂါးရုံဘုရားမှ မြင်ရသော ဒုဌဝတီမြစ်နှင့် ရှု့ခင်းများ


တောင်ငယ်ကျော်မှ မြင်ရသော မေမြို့သွားရာ ကားလမ်းနှင့် တောင်တန်းမြင်ကွင်းများ

လိုက်ပို့ပေးသော ညီငယ်နှင့် တောင်ငယ်ကျော် စေတီ

မုံတော့ နဂါးရုံဘုရားမှ အပြန် လမ်းမှာရှိသော တောင်ငယ်ကျော်ရိပ်သာတရားစခန်းနှင့် စေတီကိုလည်း ဝင်ရောက်ဖူးမြှော်ခဲ့ပါတယ်… စေတီပေါ်မှ မန်းလေး မေမြို့တောင်တတ်လမ်းကို လှမ်းမြင်နိုင်ပြီး လှပသော ရှမ်းရိုးမ တောင်တန်းနှင့် အနီးအနားရှိ ရွှာနှင့် ခြံများမှ စိမ်းလမ်းဆိုပြေသော မြင်ကွင်းကို အမှတ်တရ ဓါတ်ပုံရိုက်ခဲ့ပါတယ်…

ရွာသူရွာသားများလည်း လမ်းကြုံရင် နဂါးရုံဘုရားနှင့် တော်ငယ်ကျော်ကို ဝင်ဖြစ်အောင်ဝင်ခဲ့ဖို့ တိုက်တွန်းလိုက်ပါတယ်…

 

 

6 comments

  • water-melon

    April 27, 2012 at 8:34 am

    ကဲ အခုဘဲသွားလိုက်မယ်
    စတာနော်
    နောက်တော့ကြုံရင်သွားမယ်
    ဘာတွေပေါလဲဟင်
    မုန့်ပေါလား

    Reply

  • kanjosan

    April 27, 2012 at 8:38 am

    ခြံထွက် အသီးနှံတွေဖြစ်တဲ့ သင်္ဘော၊ ငှက်ပျော၊ သရက်၊ သံပရာ၊ ဖရဲ၊ သခွားမွေးတို့တော့ ပေါတာပေါ့… ခြံထဲထိ လိုက်ဝယ်ရင် အရမ်းတန်ပြီး အရသာရှိပါတယ်…

    Reply

    • water-melon

      April 27, 2012 at 8:56 am

      ဘာ ဖရဲဟုတ်လား
      ဒါဆိုသွားမယ် အမျိုးတွေရှိတယ်
      ဖရဲသီးတဲ့ 🙂

      Reply

  • windtalker

    April 27, 2012 at 10:31 am

    သရက်တောတွေ နောက်ခံတောင်တွေ နဲ ့ရှူခင်းတွေက တော်တော်လှပြီး သာယာမှာ သေချာတယ်ဗျာ ။ မန်းနေပူ ကို ရှောင်ဖို ့အချိန်များ ရခဲ့ရင် အဲဒီဘက် ကို ပျော်ပွဲစားလေး ထွက်ကြည့်မယ် ကိုဂျိုရေ ။

    Reply

  • kyeemite

    April 27, 2012 at 1:12 pm

    အင်မတန်သာယာတဲ့နေရာလေးပါ..အဲဒီလိုသဘာဝတောတောင်
    မှာနေရရင်တော့..ကိုဂျို့ပုံထဲကအဖွားလို အသက်ရှည်ရှည်နေရမှာဗျ..
    အသက်ကြီးလာရင်တော့ အဲလိုတောတောင် မဟုတ်တောင်
    ခြံလေး ဝိုင်းလေးနဲ့ သစ်ပင်ဝါးပင်လေးနဲ့ နေချင်ပါဘိဗျာ..

    Reply

  • Ma Ei

    April 27, 2012 at 1:57 pm

    အဖွားမျက်နှာလေးက ကြည်လင်အေးမြနေတာ
    သီလပြည့်တဲ့ အကျိုးကြောင့်ဖြစ်ပါလိမ့်မယ်…
    တောင်တန်းတွေ သစ်တောတွေ မြင်ကွင်းတွေကလဲ
    အေးချမ်းလိုက်တာ…

    Reply

Leave a Reply

Your email address will not be published.