မလေးရှားရောက်သူတစ်ဦးကို အတွေ့အကြုံ အင်တာဗျူး အပိုင်း ၁

manawphyulayApril 25, 20121min013

ခုတစ်လော သူများကို လိုက်စပ်စုနေတာလေး တင်ပြလိုက်ပါတယ်။ နိုင်ငံခြားရောက် အတွေ့အကြုံလေးတွေ မေးမြန်းကြည့်မိတယ်။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရလဲ။ အလုပ်အကိုင်တွေကော အဆင်ပြေမပြေပေါ့။ ခေါင်းစဉ်လေးတွေနဲ့ ပြန်လည် မျှဝေလိုက်ပါတယ်။

ကျွန်တော့်ဘဝရဲ့ဒိုင်ယာရီ(၁၉၉၁မှ၂၀၁၂အထိ မမေ့နိုင်သောမှတ်တမ်းလေးများ)
မြန်မာပြည်ရဲ့ ပြည်ပ BAC လေယာဉ်စီးခဲ့စဉ် အမှတ်တရ အဖြစ်လေး

နိုင်ငံခြားကို ဘယ်လိုကြောင့် ရောက်ဖြစ်တာလဲ။ ဘယ်လိုတွေ အခက်အခဲတွေ ကြုံရလဲ။

၃၀-၀၃-၁၉၉၁ ကျွန်တော်တစ်ယောက် မြန်မာပြည်အရေးအခင်းကာလကြောင့် တက္ကသိုလ်၊ကောလိပ် အားလုံးသောကျောင်းတွေပိတ်ထားလို့ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်
အဒေါ်ရဲ့တိုက်တွန်းမှုကြောင့် အေးဂျင့်တစ်ခုရဲ့ အဆက်အသွယ်နဲ့ မလေးရှားနိုင်ငံကို အရင်ကာလ ပေါက်ဈေး ခြောက်သောင်းကျပ်နဲ့ထွက်ခွာဘို့ဖြစ်လာတယ်ပေါ့ဗျာ။
နိုင်ငံခြားဆိုတာ ဘာမှန်း မသိ။မြန်မာပြည်ရဲ့ ငပိ အင်္ဂလိပ်စာနဲ့ဆင်ကမ်းတောတိုး စွန့်စားရပြီပေါ့ဗျာ။ မြိုင်ယာဇာ တွတ်ပီခေတ်မဟုတ်တော့ ကိုပြာလောင်ခေတ်ပေါ့။
မိဘတွေရဲ့ စုဆောင်းထားငွေလေးကို အရင်းပြုပြီးစွန့်စားရပြီပေါ့။ BAC လေယာဉ်စီးခဲ့ပုံလေး အစပျိုးပြီပေါ့။
ဟိုးခေတ်က အရှေ့တောင်အာရှမှာ နာမည်ကောင်းရခဲ့တဲ့မြန်မာပြည် အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးပေါ့။အခုခေတ်ပုံစံတော့ မဟုတ်ဘူးနော်။လေသာဆောင်မှာ လိုက်ပို့သူတွေ

လက်ပြနှုတ်ဆက်လို့ရတယ်ပေါ့နော်။မှီတဲ့သူ အသက်ကြီးသူတွေတော့ မှတ်မိကြပါလိမ့်မယ်။အခုခေတ်လေဆိပ်ကတော့ အဲလိုမျိုး လက်ပြနှုတ်ဆက်လို့ မရတော့ဘူးပေါ့။
နိုင်ငံခြားထွက်မယ်ဆိုတော့ အကျီင်္အဖြူ၊ဘောင်းဘီအနက်နဲ့စတိုင်ရုှးနဲ့ပေါ့ဗျာ။ မောင်သောင်းဖေ ခေတ်ပေ့ါ။ကျွန်တော်တို့ခေတ်က သင်ခဲ့ရတဲ့ ဘိလပ်ပြန်မောင်သောင်းဖေပေါ့နော်။

အကျယ်မချဲ့တော့ပါဘူးဗျာ။မမီခဲ့တဲ့ သူတွေအတွက်ဓါတ်ပြားဟောင်းကြီး ဖြစ်နေမှာစိုးလို့နော်။အခုခေတ်မှာ သီချင်းကြီး သီချင်းခန့်ကို လူငယ်တွေ မကြားဘူးကြသလို စိတ်လည်း

မဝင်စားဘူးပေါ့နော်။ စိုင်းစိုင်းတို့ နောနော်တို့ခေတ်မဟုတ်လား။
ကျွန်တော်တစ်ယောက် ပတ်စ်ပို့ကို လည်ပင်းမှာ ဆွဲထားတဲ့ အိ်ပ်ထဲကိုထည့်ပြီးရင်ကော့ချီတက်ပြီပေါ့။ BAC လေယာဉ်နဲ့ ဘန်ကောက် ဒွန်မောင်းလေဆိပ်။ အခုခေတ် သုဝနဘုံမိ ကွင်း

မဟုတ်သေးဘူး။
ကွင်းလယ်မှာ ရပ်ထားတဲ့ BAC လေယာဉ်ဆီကို ကားတွေနဲ့ ထွက်ခွာလာပြီး လိုက်ပို့တဲ့ ဖေဖေ၊မေမေ၊မမနဲ့ ညီမလေးကို လေယာဉ် လှေကားအတက်ကနေ အဝေးကို လက်ပြမှန်းပြီး
နှုတ်ဆက်လိုက်တယ်လေ။အမိမြေက စွန့်ခွာခဲ့ပြီပေါ့။ မိဘတွေကောင်းစားရေးနဲ့ ကိုယ့်ဘဝမျှော်လင့်ချက်ပေါ့။
ဒီလိုနဲ့ မိမိထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီပေါ့။အင်း မြန်မာပြည်လေယာဉ် စစီးပြီပေါ့။
လေယာဉ် အပြစ်ဟုတ်ဘူး။ ကိုယ့်ကံမကောင်းတာလေ ဟား ဟား
ဖြေတွေးပေါ့နော်
လေယာဉ်က မြေပြင်ကနေထွက်ခွာပြီး မကြာခင်မှာပဲ လေယာဉ်မယ်က စားစရာတွေ စပေးပြီပေါ့ ။ ဘန်ကောက်ကို ၁နာရီဝန်းကျင်သာကြာမှာမို့ ထမင်းတော့ မကျွေးဘူးပေါ့နော်။ ပေါင်မုန့်

ကော်ဖီတို့ ကျွေးတယ်ပေါ့။
ပေါင်မုန့်ကို ကိုင်ကြည့်လိုက်တော့ မာကြောနေတာများ ကျောက်ခဲက အဖေခေါ်ရမယ်နော်။ တင်စားတာ မာပုံလေးကို မြင်သာအောင်။
ကော်ဖီထဲ့ပေးပြီးတော့ အထုပ်လေးတွေပေးတယ်လေ။ ရတာအကုန်ယူလို့ပြောထားတဲ့စကားလေးတွေကြောင့် အကုန်ယူလိုက်ရပြီပေါ့။ စပြီ မြန်မာပြည်အင်္ဂလိပ်စာကြောင့် သေချာ

မသိသေးဘူးပေါ့နော်။ တော်တာ ပြောပါတယ် ဟိဟိ
ရတာ အကုန်ယူပြီး ဖောက်ထည့်တာပေါ့။တန်အောင်လေ လေယာဉ်ခ ပေးထားတာကိုပေါ့။
အင်း ကော်ဖီကလည်း အရသာ တစ်မျိုးကြီးပေါ့နော်။ဖြစ်မှာပေါ့ သကြားတွေ။ ငရုတ်ကောင်းမုှန့်တွေအားလုံး ပါကုန်တာကိုး ။
အင်း ငရုတ်ကောင်းမုှန့်ကို အဲဒီတုန်းက ဗဟုသုတမရှိသေးတာကိုး မှားတဲ့ အခါလည်း မှားမှာပေါ့။ ကြိတ်မှိတ်မျိုချခဲ့ရတာပေါ့။ဘေးလူတွေ မသိအောင်ပေါ့ ဟီး ဟီး ရှက်ပါဘူး ကိုယ်မှ အင်္ဂလိပ်က

မွေးတာမှ မဟုတ်တာလေ။
ဘယ်သိပါ့မလဲ။ အင်္ဂလိပ်လိုရေးထားတာလေ ငရုတ်ကောင်းမုှန့်ကို အင်း ဒီလိုနဲ့ပဲ မြန်မာပြည်လေယာဉ်ကြီးရဲ့ ငရဲဒဏ်။ အဲလေ ယောင်လို့ အပူဒဏ်ကို လွတ်ဘို့ ဒွန်မောင်း လေဆိပ်ကို ဆင်းတော့

မယ်ပေါ့။
အောက်ကိုကြည့်လိုက်တော့ အမလေး လို့ အာမေဋိတ်ဖြစ်သွားအောင် မိုးမျှော် အဆောက်အအုံတွေနဲ့ လေဆိပ်ကြီးကို တွေ့လိုက်ရတယ်လေ။ကွာပါ့။
ကျွန်တော် ထင်ထားတဲ့ မြန်မာပြည်လေယာဉ်ကြီးဟာ အခုတော့ ဗျိုင်း အုပ်ကြားက နှံပြည်စုတ်ကလေးဖြစ်နေတော့တာကိုး။
လေယာဉ်ကြီးတွေက အရမ်းကြီး ပြီး ကိုယ့်နိုင်ငံက ၂၄ ပစ္စည်းလေယာဉ်လေးကတော့ မျက်နှာ ငယ်စွာနဲ့ ပေါ့။ အခုခေတ် လေယာဉ်တွေ မှီလာပါပြီ။ တို့ မြန်မာကွ
အော် ငါ့ဘဝ အခုမှ နိဒါန်းအစက မြန်မာပြည်လေယာဉ်ကလို့ ပြောရမလိုပဲပေါ့။

ဒွန်မောင်းလေဆိပ်မှာကြုံတွေ့ပုံလေးများ
ဒွန်မောင်းလေ ဆိပ်ကို လေယာဉ်ဆိုက်ရောက်ပြီးတဲ့ နောက်မှာတော့ မြန်မာပြည်လေယာဉ် ဟာသေးလွန်းတာကြောင့် ကျူ့နဲ့(cube) တပ်ဆင်လို့ မရတဲ့အတွက် လေယာဉ်လှေကားမှ ဆင်းပြီး ကားနဲ့ ဒွန်မောင်းလေဆိပ်ထဲ ဝင်ရတာပေါ့နော်။လေဆိပ်ထဲရောက်တော့ မြန်မာတွေကို တစ်ခြားနိုင်ငံခြားသားတွေနဲ့ ရောစီခွင့် မရခဲ့ပါဘူး။ခွဲခြားမုှ အစပေါ့နော်။တစ်ချိန်က မြန်မာဘုရင် သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ မြန်မာတွေအပေါ် ခွဲခြားဆက်ဆံမုှကို မျက်ဝါးထင်ထင်တွေ့ရပီပေါ့ဗျာ။မြန်မာတွေ တန်းစီခိုင်းပုံကလည်း အရမ်းကိုညင်သာလွန်းပါတယ်။ခက်ထန်တဲ့

မျက်နှာတွေနဲ့ ရိုက်လုမတတ်ပေါ့လေ။သည်းခံ ငါ့အရှင် ငါက သူ့နိုင်ငံထဲ ခဏပဲနေမှာလေနော်။သည်းခံပါရမီ ဆိုတာ ဘုရားရှင်ဟောခဲ့တာလေနော်။အင်း ဗုဒ္ဓအဆုံးအမကို လိုက်နာရပြီပေါ့နော်။

နောက်တစ်ခါ visa ပါသူနဲ့ မပါသူနဲ့ ပါသူ ထပ်ခွဲတယ်လေ။ဘာလို့လဲဆိုတာ နောက်မှ သိလိုက်ရပါတယ်။visa ပါသူတွေက သူတို့ လူဝင်မုှကြီးကြပ်ရေးအတွက်ပိုက်ဆံ မရဘူးကိုး။visa မပါသူတွေက passport စာအုပ်ကြားထဲမှာ ဒေါ်လာ ၁ဝ ထည့်ပေးရတော့ သူတို့ ပျော်တာပေါ့ဆိုတာ နောက်မှ သိခဲ့ရပါတယ်။အော် ဒါလည်း သူတို့ စားပေါက်ကိုးနော်။အင်း မြန်မာပြည်နဲ့ နင်လားငါလားပေါ့ဗျာ။
ငွေမျက်နှာက တယ်လည်း မျက်နှာရပါလားနော်။ဆောင့်အောင့်ပြီး ထိုင်းနိုင်ငံ အဝင်တုန်းတံဆိပ်ကို စာအုပ်ပေါ်မှာ ထုလိုက်ပြီပေါ့။ ကိုယ်က visa ယူလာမိခဲ့တာကိုး။

နောက်တစ်ခါအတွက်သင်ခန်းစာပေါ့ဗျာ။

ဆက်ပါဦးမယ်

13 comments

  • Diamond Key

    April 25, 2012 at 3:04 pm

    ဖတ်ရတာ လွမ်းစရာ၊ ဆက်မျှော်နေပါတယ် 😀

    Reply

  • ကိုရင်မောင်

    April 25, 2012 at 3:15 pm

    ဆက်ရေးပါမနောဖြူလေးရေ
    အားပေးနေပါတယ်…..

    Reply

  • kai

    April 25, 2012 at 3:45 pm

    ဖတ်လို့ကောင်းတယ်..
    နောက်ဆို.. ဓါတ်ပုံတွေပါတောင်း…

    Reply

    • manawphyulay

      April 26, 2012 at 1:11 pm

      ဟုတ်ကဲ့ပါ ဓာတ်ပုံတွေပါ တောင်းကြည့်ပါတယ်။ အရင်တုန်းက ပုံတွေတော့မရှိတော့ဘူးပြောပါတယ် နောက်ပိုင်းပုံတွေတော့ တောင်းပြီး တင်ပေးပါဦးမယ်။

      Reply

  • sealion

    April 25, 2012 at 3:50 pm

    စောင့်ဖတ်နေပါတယ် ဗျာ

    Reply

  • sealion

    April 25, 2012 at 3:53 pm

    စိတ်ဝင်စားပါတယ်ဗျာ လေဆိပ်အပေါ်ကနေလက်ပြရတာတော ့မှတ်မိတယ်ဗျာ ၁၉၈၆ လောက် ဒယ်ဒီ ဖားသားဖေဖေ အင်ကလိပ်ပြည်သွားတုန်း ကလက်ပြလိုက်ရလို ့ ပိတ်လိုက်တာကြာပြီဆိုပဲ လူတွေ တရားမဝင် ပစ်စည်းတွေ အဲပေါ်က ပြစ်ချပေးလို ့ဆိုလားဗျာ

    Reply

  • ဝက်ပေါက်

    April 25, 2012 at 4:17 pm

    ဖတ်ရတာ အတိတ်ကို ပြန်မြင်ယောင်မိတယ် လွမ်းစရာလေးတွေပေ့ါ…….

    Reply

    • မဟာရာဇာ အံစာတုံး

      April 25, 2012 at 4:27 pm

      ကျနော်ကတော့ ပြန် မမြင်ယောင်ချင်တော့ …။
      အတိတ်က ကျရှုံးမှုတွေကို တစ်သက်တာ မေ့ပြီး အဲဒီကဖြစ်တဲ့ အသစ်ကိုပဲ အကောင်းဆုံး နေသွားချင်တော့တယ် …
      🙁

      Reply

  • Phaung Phaung

    April 25, 2012 at 4:56 pm

    အတွေ့အကြုံလေးတွေဖတ်လို့ကောင်းလိုက်တာ…အဆန်းဆက်တွေမျှော်နေမယ်နော်

    Reply

  • zaw min

    April 25, 2012 at 5:24 pm

    မနောရေ…ဌက်ပျော်သီးကျွေးတာကျန်သေးတယ်၊အဲဒီအချိန်က Burma Airline ကို Banana Airline ဟုခေါ်ဆိုပါသည်။မနော်ရေဆက်ရေးပါ…အားပေးမယ်။

    Reply

  • kyeemite

    April 25, 2012 at 5:55 pm

    အတွေ့အကြုံလေးတွေ ဖတ်လို့ကောင်းပါတယ်..

    Reply

  • Thel Nu Aye

    April 25, 2012 at 7:45 pm

    အင်းရှေးဖြစ်ဟောင်အောက်မေ့ဖွယ်လေးတွေမို့ ဗဟုသုတရပါတယ်။ ဆက်ရန်ကိုမျှော်လျှက်ပါ။ ဖက်တီးကက်လိုတော့မဝေးစေလိုပါ။

    Reply

  • htet way

    April 25, 2012 at 9:38 pm

    အားပေးပါတယ်ဗျာ
    မနောဖြူကဗျာရေးပါအုံး

    Reply

Leave a Reply

Your email address will not be published.