ဗြိတိန်ကို ခိုးဝင်နိုင်ရန်​ အတွက် မိုင်ပေါင်း ၈၀ဝ ခရီးကို လေယာဉ်ဘီး ဖက်တွယ် လိုက်ပါခဲ့သူ

guestktyJune 13, 20101min03

ရိုမေးနီးယား နိုင်ငံသား တစ်ဦးသည် ဗြိတိန်နိုင်ငံသို့​ ခိုးဝင်ရန်​ အတွက် ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်ကြီး တစ်စင်း၏ ဘီးကို​ ဖက်ကာ စွန့်စွန့်စားစား လိုက်ပါ​ ခဲ့ကြောင်း သိရသည်။

အသက်​ (၂၀)​ အရွယ်ရှိ ယင်းအလုပ်လက်မဲ့ အမျိုးသားသည် ဇွန်လ​ (၆)​ ရက်နေ့က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ လေဆိပ်မှ ဒူဘိုင်း​ တော်ဝင် မိသားစုပိုင် Boeing 747​ လေယာဉ်တစ်စင်း၏ ဘီးဝင်ရိုးကို​ ခိုကာ မိုင်ပေါင်း​ (၈၀၀)​ အကွာရှိ လန်ဒန်မြို့၊ ဟိသရိုး​ လေဆိပ်သို့ လိုက်ပါ​ လာခဲ့သည်။ လေယာဉ်သည် (-၄၁)​ ဒီဂရီ စင်တီဂရိတ်ထိ အေးခဲနေသော ကောင်းကင်ပြင်တွင် အမြင့်ပေ (၂၅၀၀၀)မှ ပျံသန်း​ လာခဲ့သော်လည်း ယင်းပုဂ္ဂိုလ်မှာ အထိခိုက် မရှိခဲ့ချေ။ ဟိသရိုး​ လေဆိပ် လုံခြုံရေး ဝန်ထမ်းများက အာဂသတ္တိခဲကို အရဖမ်းမိချိန်တွင် ၎င်းသည် အပေါ်ယံ​ ဒဏ်ရာ အနည်းငယ်သာရှိပြီး ကျန်းကျန်းမာမာပင် ဖြစ်ကြောင်း တွေ့ရှိရသည်။

3 comments

  • soemoe

    June 14, 2010 at 3:05 am

    တကယ်ကို သူရဲကောင်းပဲ….ချီးကျူးပါတယ်ဗျာ ကျွန်တော်သာဆို ခိုးလိုက်ခဲ့ပြီးမှတော့ ….လွတ်အောင်ထွက်ပြေးမှာပဲ
    တကယ်တော့ မိုင်ပေါင်း ရှစ်ရာ မပြောနဲ့ လေယာဉ်တောင် တစ်ခါသာ စီးဖူးတာ
    ဘီးဖက်ဖို့နေနေသာ….

    Reply

  • soemoe

    June 14, 2010 at 3:07 am

    မှားသွားလို့ဗျို့ တိုက်ပင် မှားသွား လို့ဗျာ
    ချီးကျူးပါတယ်လို့ရေးတာပါ အစ်ကိုတို့ရေ
    တောင်းပန်ပါတယ်…
    ခွင့်လွတ်ကြပါဗျာ….

    Reply

  • winne

    July 16, 2010 at 5:25 am

    လေယာဉ် ဘီးဖက်တယ် ဆိုတာ အပျော်သဘော နောက်ပြောတာဘဲ ရှိတယ် တကယ် လိုက်တဲ့ လူလည်း ရှိတာဘဲ။ ဒီလောက်အေးတာ ဘယ်လိုမှ မနေဘူးလားမသိဘူး သွေးခဲပြီး သေနိုင်တယ် ဘာလုပ်နေလဲမသိဘူး အနွေးဓါတ်ရအောင်။ MAI လေယာဉ် စုတ်က လေပေါက် ပိတ်မရလို့ ၂နာရီလောက် ခိုက်ခိုက်တုန် စောင်ခြုံပြီး နေခဲ့ရဘူးတယ် လေယာဉ်က လူပြည့်နေတော့ နေရာလည်း လွဲပေးလို့မရ။ ငယ်ထိပ်အေးလို့ စောင်ခေါင်းမူးခြုံတော့ အဲလိုမနေနဲ့တဲ့ အမြင်ကတ်တယ်

    Reply

Leave a Reply

Your email address will not be published.