သတိထားစေချင်လို့ပါ

manawphyulayApril 21, 20121min010

အောင်သုခ ဘုရားဖူး ပို့ဆောင်ရေးယာဉ်

ကိုယ်ပိုင်အရေးအသားတော့ မဟုတ်ပါဘူး။ သူငယ်ချင်းက တင်ပေးဖို့ ကူညီတောင်းလာလို့ တင်ပေးလိုက်ပါတယ်။ ဒီလိုမဖြစ်အောင် သူများတွေလည်း ရှောင်နိုင်အောင်ဖြစ်ပါတယ်ရှင်။

Forward Mail from my friend 🙂
Chris Linn
—-
သူငယ်ချင်းများသို့သတင်းကောင်းပါးခြင်း
သူငယ်ချင်းတို့ရေ ကိုယ်ဒီသင်္ကြန်ရက်မှာ အောင်သုခဘုရားဖူးယာဉ် နဲ့တောင်ကြီး အင်းလေး ပင်းတယ ထမ့်စမ်း ဘုရားဖူးသွားခဲ့တယ်။
လက်မှတ်ဝယ်တုန်းက ကားပိုင်ရှင်က မှန်လုံလေအိတ်ကားနဲ့စရိတ်ငြိမ်း ၆သောင်းတဲ့။ ကားစထွက်ကတည်းက မအေးလို့ တစ်လမ်းလုံး တံခါး ဖွင့်ထားရတယ်။
အဲဒါထားတော့ ကားမှာသူခိုးတွေပါလာသေးတယ်။ ကားထမင်းချက် ၃ ကောင်နဲ့ ကားနဲ့ပေါင်းပြီးခိုးတယ်ဆိုတာ ရန်ကုန်ရောက်မှ သိရတယ်။
တောင်ကြီးရောက်ရောက်ချင်း ပထမညမှာ ကားဆရာခေါင်းအုံးအိပ်တဲ့ပိုက်ဆံထုတ်ထဲကငွေ ၄ သိန်း စပျောက်တာ၊ ဒုတိယညမှာ (နောက်တစ်နေ့ဆိုပြန်တော့မှာလေ)
ကိုယ့်ကြီးကြီးရဲ့ ပိုက်ဆံအိတ်ပျောက်တာ၊ ခရီးပန်းပြီးအိပ်ပျော်နေကြလို့မနိုးကြဘူးလေ၊ ကိုယ်တို့အိပ်တဲ့ ခေါင်းရင်းပြူတင်းပေါက် တစ်ချပ်က
ပွင့်နေတာနဲ့ ဓါတ်မီးနဲ့ထိုးပြီး(မနက် ၃ နာရီမှာ)ရှာကြတာသော့တွဲပြုတ်ကျနေတာ စတွေ့လို့ ဆက်ရှာကြတော့ ချုံဖုတ်ထဲမှာ
လက်ကိုင်အိတ်ရယ် ဘေးမှာဖုန်း ၂ လုံးရယ် ပစ်ထားခဲ့ပြီး၊ လက်ကိုင်အိတ်ထဲကပိုက်ဆံ ၂ သိန်း နဲ့ နီလာလက်စွပ်(ကာလတန်ဘိုး ၄ သိန်းလောက်ရှိမယ်)ရယ်
ခိုးသွားတယ်။ ကိုယ်တို့ဘေး ကားအလယ်ခုံမှာက ထမင်းချက်ကောင် ၃ ကောင်ထိုင်လိုက်လာတာ၊ ပိုင်ရှင်ကိုယ်တိုင်က နင်တို့အလယ်ခုံမှာ
ထိုင်လိုက်ကြလို့ပြောတာ၊ ကိုယ်က ကိုယ့်ဘေးက အလယ်ခုံမှာမထိုင်ပါနဲ့ပြောလို့တောင် ပိုင်ရှင်က မကျေနပ်ချင်ဘူး။ အပြန်လမ်းမှာ
အဲဒီကောင်တွေအချိုးပြောင်းနေတာကို ကြီးကြီးက သတိထားမိတယ်။ ရေလောင်းတာရေသန့်ဘူးကို ကတ်လိုက်ဝယ်လောင်းမှာတို့၊ တပ်ကုန်းမှာ ဆိုင်ကယ်ငှားပြီး
ရေပက်ခံထွက်ကြတာ၊ ပြီးတော့ တပ်ကုန်းကစားသောက်ဆိုင် (ထိပ်တင်ဦး)သူတို့ရဲ့ပါတနာဆိုင် နောက်ကအခန်းထဲမှာ ပိုက်ဆံတွေ
အထပ်လိုက်ထုတ်သုံးနေတာကို ကိုယ်တို့အဖွဲ့ထဲက ဗိုလ်ကြီးကတွေ့တာ၊ပိုင်ရှင်ကိုပြောပြတော့ ပိုင်ရှင်ကခါးခါးသီးသီးပဲ မဖြစ်နိုင်ပါဘူး
သူ့လူတွေကို ငွေပေး မကိုင်ပါဘူးတဲ့။ တာဝန်မယူပေးတဲ့အပြင်ကိုယ်တို့ကိုပါစိတ်ဆိုးပြီး၊ ရန်ကုန်ရောက်လို့သူတို့ကား(အောင်သုခ)မှာ
ပိုက်ဆံပျောက်ကြောင်း လျှောက်ပြောရင် တရားစွဲမတဲ့၊ ပြီးတော့တစ်လမ်းလုံးကားပျက်လို့ ပြန်ရောက်ချိန် မရောက်တာကို ကျတော့၊
တခြားခရီးသည်တွေကို ကိုယ်တို့အဖွဲ့ကို အမြင်ကပ်လို့ တမင်နောက်ကျအောင်မောင်းတာတဲ့ လေ။ ကိုယ်တို့အဖွဲ့ကလွဲရင် ကျန်တာတွေက ဈေးထဲက ဈေးသည်တွေကို
တစ်နေ့ ၃၀ဝ ကျပ်နဲ့ နေ့တွက်စုပြီးခေါ် လာတာတွေတဲ့လေ။ ပြီးတော့ရန်ကုန်ရောက်မှသိရတာက ထမင်းချက် တွေနဲ့
အောင်သုခပိုင်ရှင်တွေနဲ့ပေါင်းခိုးနေကြလို့ သိရတယ်။
အင်းထဲမှာလည်း လှေတစ်စင်းမှနှစ်သောင်းကျပ်ကို ကိုယ်တို့ဆီက ၄၀၀ဝ ကျပ်ထပ်ကောက်တယ်၊ လှေတစ်စင်းမှာ ခရီးသည်အနည်းဆုံး ၁၅-၂ဝ ယောက်ကျော် တင်တယ်၊
လှေက စုစုပေါင်း ၅ စင်း၊ တွက်သာကြည်တော့၊ တစ်နပ်စားနဲ့ သူဌေးဖြစ်ခွေးဖြစ်ကြံတာ။သူငယ်ချင်းတို့ရေ အောင်သုခ ဘုရားဖူးလုပ်ငန်းဆိုရင် ဝေးဝေးသာ
ရှောင်ကြပေတော့။ နီးစပ်ရာတွေကိုလည်း ဒီသတင်းကောင်းလေးပါးပေး ကြပါဦး။ကိုယ်တွေ့မို့ပါ။ ကျန်တဲ့ ဘုရားဖူးခရီးသည်တွေဒုတ္ခမရောက် ကြရအောင်
အောင်သုခဆို ဝေးဝေးရှောင်
လိပ်စာက
ဦးချစ်မောင်လမ်းမပေါ်၊ အနောက်ဈေးဟောင်းလမ်းထိပ်၊ ဆရာစံမြောက်/
အနောက်ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ဖုန်း-၅၄၅ ၉၁၃၊ ဝ၉ ၅၄ဝ ၄၇၆၈

10 comments

  • Gipsy

    April 21, 2012 at 8:28 pm

    ကားနံပါတ်နဲ့ တိတိကျကျပါလား…
    မှတ်တမ်းတင်ထားလိုက်ပါတယ်…
    အောင်သုခ ကားဂိတ်ကို ဝေးဝေးရှောင်..ဝေါင်ဝေါင်ရွှေး…
    ထပ်ဆင့် ရှယ်လိုက်ပါမယ်…
    အောင်သုခ ကားဂိတ် သူခိုးကြီးငတက်ပြားများရဲ့ လုပ်ရပ်များ …ဟူ၍ …။

    Reply

  • Thel Nu Aye

    April 21, 2012 at 8:32 pm

    ကောင်းတယ်။ တင်ချင်းတင်အဲလို့နာမည်ကော ပုံပါတိတိကျကျတင်တော့ ဒင်းတို့နောက်ကိုလူပါးဝလို့မ ရတော့ဘူးပေါ့။ FB မှာရှဲလိုက်မယ်။ ရမလား မနောရေ။

    Reply

  • ပေစိ

    April 21, 2012 at 10:50 pm

    ဘုရားဖူးကားတွေနဲ့ ပါတ်သက်တဲ့ယုတ်မာမှုတွေကို ကြားနေရတာတော့ ခနခနပါပဲ ဒါပေမယ့် ဒီတခါက တကယ်ကိုရှယ်ကြားရတာ ဒီဟာဆက်ဖြန့်ဖို့အတွက် လင့်ခ်တွေ ပေးလိုက်မယ်နော်

    Reply

  • ster

    April 22, 2012 at 9:48 am

    ကျွန်တော်လည်းဖတ်ပြီးမှတ်ထားလိုက်ပါပြီ။ အပန်းဖြေခရီးထွက်တဲ့အခါ စိတ်အနှောက်အယှက်မဖြစ်ဘဲ ကားလိုင်းရွေးတာ မမှားရအောင် သတိထားရတာပေါ့။
    ဪ … အောင်ဒုက္ခ ဖြစ်နေပြီ။

    Reply

  • ahnyartamar

    April 22, 2012 at 3:14 pm

    တော်တော်ဆိုးတာပဲ၊ ဒုက္ခ၊ ဒုက္ခ၊

    Reply

  • TTNU

    April 22, 2012 at 9:34 pm

    မနောရေ…
    ဆက်လက်ဖြန့်ဝေပါ။
    ဒါမှ အများသိကြမှာ။

    Reply

  • ငပွကြီး

    April 22, 2012 at 10:21 pm

    ဒါတွေက တပွဲစားဘုရားဖူးပို့ဆောင်ရေးလုပ်ကြတာထင်ပါရဲ့ ကိုက်ရင်လဲဆက်လုပ်မယ် မကိုက်ရင်ရပ်မယ်ပေါ့
    ကျုပ်လဲကြုံဖူးသေးတယ် အခုလောက်တော့မဆိုးပေမယ့် လုံးဝအဆင်မပြေဘူး..နောက်ဆို နာမည်ရပြီးသားအဖွဲ့တွေနဲ့ဘဲလိုက်တာကောင်းပါတယ်

    Reply

  • snow white

    April 24, 2012 at 7:36 pm

    အောင်သုခကားလို့နာမည်ပါပါနေတော့ ဒီကားလိုင်းတော့သွားပါပြီအမနော်သူများစီးပွားရေးကိုနော် ကောင်းတော့လည်းကောင်းတယ်နောက် ကားလိုင်းတွေအဲ့လိုမျိုးမလုပ်ရဲတော့ဘူးလေ သူတို့ ကားနာမည်လည်းပါမှကြောက်လို့လေ

    Reply

  • နေဝန်းနီ

    April 24, 2012 at 10:18 pm

    ဟယ် …….. ဒီကလေးမ ငါ့ စီပွားရေးကိုဒုတ်နဲ့လာထိုးနေပြီ…။
    ဟီ အလကားပြောတာ ငါ့ကားနဲ့တူတာဆိုလို့ ဆိုက်ကားတောင် ငှားစီးနေရတာ …။ အဲဒါမျိုးများများလုပ်ပေး…။ အနည်းဆုံးတော့လူမုန်းများမှာပေါ့ ဟုတ်ဘူးလား 😛 😛 😛

    Reply

Leave a Reply

Your email address will not be published.