ဗြိတိန်ကို ခိုးဝင်နိုင်ရန်​ အတွက် မိုင်ပေါင်း ၈၀ဝ ခရီးကို လေယာဉ်ဘီး ဖက်တွယ် လိုက်ပါခဲ့သူ

introJune 13, 20101min03

ရိုမေးနီးယား နိုင်ငံသား တစ်ဦးသည် ဗြိတိန်နိုင်ငံသို့​ ခိုးဝင်ရန်​ အတွက် ပျံသန်းလာသည့် ခရီးသည်တင် လေယာဉ်ကြီး တစ်စင်း၏ ဘီးကို​ ဖက်ကာ
စွန့်စွန့်စားစား လိုက်ပါ​ ခဲ့ကြောင်း သိရသည်။

အသက်​ (၂၀)​ အရွယ်ရှိ ယင်းအလုပ်လက်မဲ့ အမျိုးသားသည် ဇွန်လ​ (၆)​ ရက်နေ့က ဩစတြီးယားနိုင်ငံ၊ ဗီယင်နာ
လေဆိပ်မှ ဒူဘိုင်း​ တော်ဝင် မိသားစုပိုင် Boeing 747​ လေယာဉ်တစ်စင်း၏
ဘီးဝင်ရိုးကို​ ခိုကာ မိုင်ပေါင်း​ (၈၀၀)​ အကွာရှိ လန်ဒန်မြို့၊ဟိသရိုး​ လေဆိပ်သို့ လိုက်ပါ​ လာခဲ့သည်။ လေယာဉ်သည် (-၄၁)​ ဒီဂရီ
စင်တီဂရိတ်ထိအေးခဲနေသော ကောင်းကင်ပြင်တွင် အမြင့်ပေ (၂၅၀၀၀)မှ ပျံသန်း​ လာခဲ့သော်လည်း
ယင်းပုဂ္ဂိုလ်မှာ အထိခိုက် မရှိခဲ့ချေ။ ဟိသရိုး​ လေဆိပ် လုံခြုံရေးဝန်ထမ်းများက အာဂသတ္တိခဲကို အရဖမ်းမိချိန်တွင် ၎င်းသည် အပေါ်ယံ​ ဒဏ်ရာအနည်းငယ်သာရှိပြီး ကျန်းကျန်းမာမာပင် ဖြစ်ကြောင်း တွေ့ရှိရသည်။

ရဲများက နာမည်ထုတ်ဖော် ပြောဆိုခြင်း မရှိသော ထိုအမျိုးသားကို တစ်ရက်​ လုံးလုံး စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ၎င်းသည် ရိုမေးနီးယားနိုင်ငံသားအစစ်အမှန်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ လန်ဒန်တွင် အလုပ်အကိုင်
ရရှိလိုသဖြင့် ယခုလို လေယာဉ်အောက်မှ ခိုးလိုက်လာခြင်းဟု လူစွန့်စားသတ္တိခဲကဆိုသည်။ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရ အရာရှိက လေယာဉ်သည်လျှပ်စစ်မုန်တိုင်းများ တိုက်ခတ်နေသဖြင့် ပျံသန်းနေကျ အမြင့်ထက်နှိမ့်ချပျံသန်းခဲ့သဖြင့် ထိုသူ အောက်စီဂျင်ပြတ်ပြီး မသေဆုံးခဲ့ခြင်းဟုပြောကြားခဲ့သည်။

လေယာဉ်ပေါ်တွင် ခိုးပြီးလိုက်လာပါက ပေါင်စတာလင် (၂၅၀၀)ထိ ဒဏ်ရိုက်နိုင်သော်လည်း လေဆိပ်တာဝန်ရှိသူများက ယင်းအား လွှတ်ပေးခဲ့သည်။
အဆိုပါ ပုဂ္ဂိုလ်သည် ဥရောပယူနီယံ အဖွဲ့ဝင် နိုင်ငံသားတစ်ဦးဖြစ်နေခြင်းကြောင့် ဗြိတိန်တွင် နေထိုင်ခွင့်ကိုလည်း ဇွဲဆုအဖြစ်ရသွားကြောင်း သတင်းရရှိသည်။

3 comments

  • faizal

    June 13, 2010 at 6:23 am

    ပေးသင့်ပါတယ်ဇွဲဆုတော့ ..အလုပ်တောင်ရှာပေးသင့်တယ်။တော်တော်နောက်တဲ့လူ

    Reply

  • kai

    June 13, 2010 at 8:28 am

    ယူအက်စ်သာဆိုရင်…အဲဒီလိုလူမျိုးပေးတဲ့ဗီဇာစံနစ်ရှိတယ်…
    O-1 Extraordinary Visa တဲ့..။

    Reply

  • winne

    July 16, 2010 at 5:34 am

    ယူအက်စ်က ဒါမျိုးလည်း ရှိတယ်လား

    Reply

Leave a Reply

Your email address will not be published.