စိန်ပန်းပြာ ပန်းမြို့တော်ဆိုတဲ့………………မေမြို့သို့မဟုတ်ပြင်ဦးလွင်

1 စိန်ပန်းပြာတွေကြွေနေတဲ့လမ်းကလေး
2 ယိုင်မလို ပြိုမလို စိန်ပန်းပြာပင်အိုအို....................
3 စိန်ပန်းပြာတွေ ဝေနေတဲ့အပင်လေးပါ
4 အပွင့်သေးသေး မရမ်းနုနု ကောင်းကင်ကလဲ အပြာနုနု

 

4 ကောင်းကင်ပြာနောက်ခံနဲ့ စိန်းပန်းပြာ
5 စိန်ပန်းပြာတွေဝေတဲ့လမ်းကလေး
6 တစ်ပင်လုံးပန်းခရမ်းပြာရောင်စိန်ပန်းတွေလွှမ်းနေတဲ့ နေရာလေးပါ
7 စိန်ပန်းပြာပင်အဆုပ်ဆုပ် က မြင်ရတာ အတော်လေးလှပါတယ်။
8 အိမ်အဝင်ဝလေးမှာပေါက်နေတဲ့စိန်ပန်းပြာပင်
9 အစိမ်းမှာ မရမ်းစွက် လှချက်ကယ်သာ စိန်ပန်းပြာ
10 ကန်တော်ကြီးထဲက စိန်ပန်းပင်
11 စိန်ပန်းပြာပင်တွေအုပ်မိုးနေတဲ့ ့ အေးချမ်းသော လမ်းကလေး
12 ကောင်းကင်ပြာ တိမ်ဖြူတအုပ် စိန်ပန်းပြာက တစ်ဆုပ်
13 ဘယ်နေရာကြည့်ကြည့်စိန်ပန်းပြာ ပင်တွေချည်းဘဲ လှချက်ကတော့ ရက်စက်သယ်
14 စိန်ပန်းပြာ .........အပွင့်အဆုပ်ဆုပ် ရင်ထဲမှာ အလွမ်းတွေက တနုပ်နုပ်
15 အပွင့်ဝေဆာ စိန်ပန်းပြာ မြေမှာကြွေရှာ စိန်ပန်းပြာ
16 စိန်ပန်းပြာပင်အောက်က မြင်းလှည်းကလေးနဲ့ကိုလူချော

 

 

 

           “စိန်ပန်းပြာပန်းမြို့တော်ဆိုတဲ့ပြင်ဦးလွင်”

 

စိန်ပန်းပြာပင်တွေကို အသေအချာလိုက်ကြည့်မိတော့မှ ပြင်ဦးလွင်တစ်မြို့လုံးမှာစိန်ပန်းပြာတွေဘဲတွေ့နေရပါတယ်။

ကျနော်ကလဲ ခဏလာတဲ့ဧည့်သည်ဆိုတော့ ရောက်တတ်ရာရာလျှောက်သွား။

စိန်ပန်းပြာမြင်ရင်လက်ဆော့။

တွေ့တဲ့လူကလဲ တအံ့တဩနဲ့ကြည့်။

(သူတို့ကမထူးတာကို ကျနော်က အထူးအဆန်းလုပ်နေလို့ပေါ့။)

လမ်းဘေးမှာ။

ခြံဝင်းထဲမှာ။

အုတ်တံတိုင်းဘေးမှာ။

ချပ်ကျောင်းထဲမှာ။

မှာ……………………..

မှာ………………………….

မှာ…………………………………..

မြင်မြင်သမျှစိန်ပန်းပြာ။

အဲဒီအထဲမှာမှ တပင်လုံးအရွက်မကျန်အောင်ပွင့်နေ.

အနောက်ဘက်နေကလဲ ဓါတ်ပုံရိုက်ကောင်းလောက်တဲ့အနေအထား။

ဒါပေမယ့် ခြံတံခါးက သော့ခတ်ထား။

အဝေးကလှမ်းရိုက်ဘို့လဲအဆင်မပြေ။

လိုချင်ရဲ့နဲ့ထားခဲ့ရပါတယ်။

နေရာကတော့ စာပန်းအိမ်ဘော်ဒါနံဘေးမှာပါ။

ကဲ နီးစပ်သူများရိုက်နို်င်အောင် လက်တို့ပေးလိုက်ပါတယ်။

ငယ်တုံးက သီချင်းလေးတပုဒ်ရှိပါတယ်။

“ထင်းရူးမြိုင်ချယ်ရီမြိုင် လှိုင်လှိုင်ပွင့်တဲ့ စိန်ပန်းပြာ ပန်းမြို့တော်ဆီ…………………………”ပါတဲ့။

အမှတ်ရစရာဗျာ…………………..

 

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး

(20-4—2012)

 

 

21 comments

  • မေမြိုရောက်တော့ ဆိုင်ကယ်တစ်စီးနဲ့စိန်ပန်းပြာပင်တွေလိုက်ရှာပြီးလက်ဆော့ပါတယ်။
    ရိုက်ခဲ့သမျှ ပြန်ကြည့်တော့ ပုံတွေက အများကြီး။
    စိတ်ထဲမှာ နှစ်သက်တာတွေကလဲအများကြီး။
    အဲတော့ နှစ်ပိုင်းခွဲတင်ပေးလို်က်ပါတယ်………………………
    စိန်ပန်းပြာလိုချင်သူများအတွက်ပေါ့…………………

    Reply

  • Moe Z

    April 22, 2012 at 9:34 am

    လှတယ်လေးပေါက်ရေ တောင်ကြီးသွားတုန်းကလည်း တွေ့ခဲ့တယ် မရိုက်ခဲ့ရဘူး
    လေးပေါက်ရိုက်ထားတဲ့ပုံတွေပဲ ကူးသွားတယ်
    … စိန်ပန်းပြာတွေပွင့်ကြတဲ့…. ကျောင်းကြီးရဲ့အရိပ်ကို ….. ကျနော်တစ်ခါပြန်ရောက်ဖို့ …. မလွယ်တော့ဘူးမဟုတ်လား…. 😀

    Reply

  • Khaing Khaing

    April 22, 2012 at 9:52 am

    လေးပေါက် ….. မနာဘူးနော် …. ဖုန်းဆက်တုန်းက မဒန်ပေါက်ကို ဒ့ါပုံရိုက်နေတယ်မှတ်လား သမီးလည်း ဘေးမှာပါတယ်နော် …. သမီးပုံမပါရင်လေးပေါက်ကိုမခေါ်တော့ဘူး …. လေးပေါက်တို့ကတော့ ဘယ်ရောက်ရောက် လှအောင်လွမ်းအောင်ရိုက်တတ်တယ်နော် …….. မမရို့စ်နဲ့သွားတုန်းကပုံတွေရော တင်ဦးမှာလား မျှော်နေမယ်နော် ……

    Reply

  • Thel Nu Aye

    April 22, 2012 at 9:56 am

    လေးပေါက်ရေကျေးဇူးပါ။ မေမြို့ကိုချက်ချင်းပြန်ပြေးချင်လောက်အောင်ကိုပဲပုံတွေကလှပါတယ်။ တကယ့်ကိုလွမ်းသွားတာပဲလေးပေါက်ရယ်။

    Reply

  • Diamond Key

    April 22, 2012 at 10:05 am

    ခြံတံခါးက သော့ခတ်ထားလို့ အဝေးကလှမ်းရိုက်ဘို့လဲအဆင်မပြေ ဆိုပြီး လိုချင်ရဲ့နဲ့ထားခဲ့ရတယ်လို့ဗျာ ………. ရွာထဲမှာ အားလုံးကြည့်ရအောင် ခြံစည်းရိုးကျော်ခဲ့ရောပေါ့ :mrgreen:

    Reply

    • water-melon

      April 22, 2012 at 6:56 pm

      ကိုသော့ကလည်း
      ခြံစည်းရိုးကျော်လို့ဘယ်ဖြစ်မလဲ
      ပုဆိုးကြီးနဲ့တော်ကြာ ညှိနေရင် ဒုက္ခ

      လေးပေါက် စာပန်းအိမ်နားဆိုတော့ ကန်တော်ကြီးသွားတဲ့ဘက်ပေါ့ 😀

      Reply

  • aye.kk

    April 22, 2012 at 11:14 am

    အလှတွေဖြာ..
    ပြာနေတဲ့စိန်ပန်း..
    မျက်ဝန်းထဲ..
    စွဲမက်စွာ..
    ပြန်ခါမထွက်တယ်..
    လွမ်းတသက်သက်ဘဲ။

    Reply

  • ဗိုက်ကလေး

    April 22, 2012 at 11:29 am

    ပန်း ခရမ်းပြာရေ
    ဒီအူးလေးကြီးပုံတွေကြည့်ပြီး နင့်ကိုလွမ်းသဟာ..

    Reply

  • ကိုသော့ရေ မေမြို့ ရဲစခန်းမှာ အာမခံနဲ့လာထုတ်ပေးချင်တယ်ထင်တယ်နော်.
    ခြံကျော်ဝင်ခိုင်းတာ…………………

    Reply

  • windtalker

    April 22, 2012 at 6:44 pm

    ကျုပ်တော့ ကာလာဘလိုင်းပြီလား မသိဘူး ။ မရမ်းရောင်လို ့မြင်နေရတယ်ဗျာ ။

    Reply

    • ဗိုက်ကလေး

      April 22, 2012 at 6:56 pm

      ခရမ်းရောင်ပါဂျာ အူးလေးကလဲ

      Reply

  • Onyx

    April 22, 2012 at 7:57 pm

    မြေမြို့ကို မရောက်တာ နှစ်ချီနေပြီဆိုတော့ ဓါတ်ပုံလေးတွေကြည့်ရင်း အလွမ်းပြေပေါ့ ကျေးဇူးလေးပေါက်ရေ

    Reply

  • Mလုလင်

    April 22, 2012 at 10:58 pm

    မြင်းလှည်း အလှ လေး .. တွေကော ပါမှာ လားဗျ ..

    Reply

  • မြင်းလှည်းက လေးပုံဘဲရလိုက်တယ် တစ်ပုံကတော့ စိန်ပန်းပြာမှာ တင်ထားတယ် နောက်တစ်ပုံကတော့
    ကန်တော်ကြီးမှာ ရောတင်ပေးမယ် တစ်ပုံမိုက်၏

    Reply

  • Rose Minn

    April 23, 2012 at 3:33 pm

    စိန်ပန်းပြာတွေ တွေ့တော့ အတိတ် မှာ ရေးဆွဲခဲ့တဲ့ ပန်ချီကား တစ်ချပ်ကို ပြန်တမ်းတမိသွားတယ်။ ဒါပေမယ့် စိန်ပန်းပြာ တွေကို လက်ဆောင်ပေးတာ ခံရဘူးတယ်။ ခိခိ။ ( အထင်ကြီးမလားလို့ ကဗျာ သမား စာသမား လေးလေး အတွက်နုနုလေး ရေးကြည့်တာ)။ လေးစား ပါတယ်။လေးလေး ဓါတ်ပုံ ရိုက်တာကို။ ပုံကောင်း တစ်ပုံထွက်ဖို့ မလွယ်ဘူးနော် လေး လေး။ သများလဲအားကျပါ့တော်။ သွားအုံး မှာသွားအုံးမှာ။

    Reply

  • may thu

    April 23, 2012 at 5:10 pm

    ပုံတွေကအရမ်းမိုက်ပါသည်။

    Reply

  • လူကလဲ ခပ်မိုက်မိုက်ပါဘဲကွဲ့ ။
    မယုံရင် ဓါတ်ပုံကြည့်လို်က်ပါလား.။

    Reply

  • ရောင်ခြည်ခ

    April 23, 2012 at 6:38 pm

    စိန်ပန်းပြာက စိန်ပန်းနီထက် ပိုပြီး မျက်စိအေးတယ်နော် ..

    Reply

  • ဟုတ်တယ် ရောင်ခြည်ခရေ
    တကယ်တမ်းတော့ စိန်ပန်းပြာမဟုတ်ပါဘူး မရမ်းရောင်အသွေးလေးနဲ့မျက်စေ့အေးပါတယ်.။

    Reply

Leave a Reply

Your email address will not be published.