“အလွမ်းတစ္ဆေခြောက်တဲ့ညများ”

အဆိပ်ခတ်လို့ အသက်ပိုပြင်းတဲ့ ငါ့အချစ်

၃၁ဘုံရှည်လျား သံသရာခေါ်တဲ့အသံ

နားစည်ဝထင်ရှား သူဖန်ဆင်းပေးခဲ့တယ်….

အချစ်ဦး၊ ပန်း၊ ကြယ်၊ ဒိုင်ယာရီ၊ ဆုံရပ်

လမ်းသွယ်၊ ဥယျာဉ်၊ ပန်းခြံ၊ သံသယ

ခွဲခွာ၊ အလွမ်း၊ မျက်ရည်၊ အရှုံး စသည်ဖြင့်….

နှုတ်တိုက်ရွတ်ဖတ် စာအံနေမိတဲ့ကျောင်းသား

စုပ်တသပ်သပ် ဖုတ်သွင်းတဲ့အသက်နဲ့

လူမှုရေးဆိုပြီး အသက်မဲ့ ဆက်ဆံခြင်းတွေ

ပတ်ဝန်းကျင်၌ မဲ့ရွဲ့ပြတဲ့ တီးတိုးဝေဖန်သံတွေ

ရွှေရည်မတူလို့ ပယ်ချလိုက်တဲ့ ငါ့ခံစားချက်တွေ

သူဌေးဖြစ် တွက်ချက်ပြတဲ့ နင့်သီအိုရီတွေ

ဘာ…..တွေ…ညာတွေ…“—-” တွေပေါင်းများစွာ

“ငါ” + “သူ” = ပြဿဒါးဆိုပြီး နင်စွပ်စွဲ

ယတိပြတ် သူဖြတ်တောက်ခဲ့တော့…..

အထီးကျန်ရက်တွေထဲ……….ငါ့အလွမ်း

ည…..ညဆို ထမင်းလုံး တစ္ဆေခြောက်တယ်။ ။

စေပိုင်ထွဋ်(ပုသိမ်)

One comment

Leave a Reply

Your email address will not be published.