မသိတာလေး မေးချင်လို့ပါ

TV မှာ အရင်ရက်ပိုင်းတွေက တွေ့ရတတ်တဲ့ သတင်းတစ်ခုနဲ့ ပတ်သက်ပြီးတော့ မသိတာလေး ရှိတာနဲ့ မေးကြည့်ချင်လို့ပါ ..

BBC   ညာနေသည်

DVB   လိမ်နေသည်

RFA   ရန်တိုက်ပေးနေသည်..

ခလောက်ဆံ အကောက်ကြံ လေလှိုင်းသံ လူသတ်သမား နားမယောင်လေနဲ့    သတိထား တဲ့ ..

မှားရင်လည်း မှားမယ်ဗျာ သိပြီးသားပဲ ဖြစ်မှာပါ ..      ဒါပေမယ့်  သူတို့ကသာ အဲဒီလိုပြောကြတာ

တစ်ယောက်ယောက်ကများ BBC ကနေ အော်ကြည့်လိုက်ပါလား   အဲဒါ လာဖမ်းရောဗျာ .. စစ်ဆေးရေး တွေ ရောက်လာရော .

သူတို့ပဲ မယုံနဲ့ တဲ့ ပြီးတော့ သူတို့တွေပဲ လာဖမ်းတယ် ၊ တပ်ချင်တဲ့ ပုဒ်မ တပ်တယ်၊ ဒီနေ့ပဲ သတင်းတစ်ခုတွေ့လိုက်တယ်   လေတပ်က အရာရှိ(၃)ဦး အဖမ်းခံရတယ်တဲ့   အင်တာနက်မှာ စစ်တပ်မကောင်းကြောင်း ရေးလို့တဲ့  ၅(ည) နဲ့ ဖမ်းတာ ထောင်(၂၀)နှစ် ကျသွားတယ် ။  ဆိုတော့ ရေးလို့မရဘူး လား ၊ အဲဒါ မသိပါဘူး ၊ ဒီမိုကရေစီ က ဘာလဲ ၊ ကျွန်တော် မသိတာလေး ကို မေးကြည့်တာပါ ၊ ထင်မြင်ချက်လေး ပေးပါဦးနော် ။

ချစ်ရင်ထူး

8 comments

  • အိမ်လွမ်းသူ

    April 16, 2012 at 8:07 am

    “အပြက်မ စကား၊ တောင်ကြား ကုလားတက်၊ စက်ပြက်နာရီ – BBC “၊ အရင်က စစ်အစိုးရ ရဲ့ သတင်းစာ မှာတွေ့တွေ့နေရတဲ့ ဆောင်းပါးရှင်တစ်ဦးရဲ့ BBC မမှန်ဘူးဆိုတဲ့ အကြောင်းညွန်းဆို ထားတဲ့ ဆောင်ပုဒ် ကိုသွား သတိရမိတယ်။ ငါးမင်းဆွေ တို့လိုပင်တိုင် ဆောင်းပါးရှင် တွေရေးတယ် ထင်တာပဲ။

    Reply

  • ဆူး

    April 16, 2012 at 9:14 am

    DVB ဆိုတာ ဘာမှန်းတောင် မသိတော့ဘူး။
    ဒီတလော လိုင်းတွေ ပြတ်နေလို့ ကြည့်လို့ကို မရတော့ဘူး။
    စလောင်းချိန်တဲ့ လူတွေကပြောတယ် အိမ်နီးပတ်ဝန်းကျင်မှာ အင်တာနက် သုံးလို့တဲ့.. စိတ်ထဲမှာတော့ မဖြစ်နိုင်ဘူး ထင်တာပဲ.. အဲဒီ ဂြိုလ်တုမှာ အဲဒီ လိုင်းတလိုင်းပဲ ပျက်တာ အင်တာနက် ကို သတ္တုချလို့ ဖြစ်မလား။

    တချို့ကတော့ ဂြိုလ်တု တင်တဲ့ နိုင်ငံကို ငွေပုံပေးပြီး လိုင်းမကောင်းအောင် လုပ်တာ ဖြစ်မယ်တဲ့.. အခုခေတ်က ငွေပေးရင် အကုန်ရတယ် ဘယ်သူမှတောင် မသိလိုက်ဘူးတဲ့..
    တိုက်ဆိုင်လို့ နည်းနည်း မဆီမဆိုင် ဝင်ဆွေးနွေးသွားတာပါ။

    သိတဲ့ သူတွေ ဝင်ပြောကြပါအုန်း။

    Reply

  • စေလိုရာစေ

    April 16, 2012 at 9:28 am

    မ သိ ရင် မေး . မ စင် ရင် ဆေး တဲ့ .

    ခု တ မျိုး . တော် ကြာ တ မျိုး ဥ ပ ဒေ ကျင့် သုံး နေ လို့ .

    သ တိ လေး သာ ထား ပီး နေ ကြ တာ ကောင်း မှာ ပါ .

    Reply

  • ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်

    April 16, 2012 at 9:50 am

    မေးပါများ စကားရ
    ရတဲ့စကား လျှာနဲ့သွား
    ထိလျှင် ညိမည် ဖြစ်ကြောင်းပါ

    Reply

  • ကိုရင်မောင်

    April 16, 2012 at 7:52 pm

    စပ်ကူးမတ်ကူးအချိန်လေးမို့ပါ
    ခဏစောင့်လိုက်ပါအဆင်ပြေသွားပါလိပ်မယ်….

    Reply

  • bo bo

    April 16, 2012 at 8:11 pm

    ဟီးဘာတွေမှန်းကိုသိပါဘူးဗျား

    Reply

  • Gipsy

    April 16, 2012 at 10:09 pm

    ကျုပ်လဲ ခပ်ကြောက်ကြောက်ရယ်…။
    ဘာဘာ ဘာမှ မပြောဘူးနော်….။

    Reply

  • ဦးဦးပါလေရာ

    April 16, 2012 at 11:02 pm

    ချမ်းသာပေးပါ ငါ့တူရယ်..။
    ကျန်တဲ့သက်တမ်းလေး အိမ်မှာပဲ ထမင်းစားပါရစေတော့…:D

    နောက်တာပါကွယ်-
    ဒီမိုကရေစီက မရသေးပါဘူး။
    အဲဒါဘက်ကို ဘယ်နှစ်လှမ်းမှတောင်မရှိသေးပါဘူး
    အေးဆေးပေါ့ နော….

    Reply

Leave a Reply

Your email address will not be published.