(မြန်မာ စကားသည်အလွန့်အလွန်းကိုရှုပ်ကြောင်း ပြောလိုပါသည်)

zaylayJune 12, 20101min02

ယခုကိစ္စသည် သူမဘဝအတွက်
ပထမဆုံးကိစ္စပင်ဖြစ်ပါသည်။
သူမသည်
ကျောခင်းကာလှဲအိပ်ရင်း
ကြွက်သားများကိုတောင့်ထားမိလေသည်။
သူ့ကိုငြင်းဆန်ရန်
အကြောင်းပြချက်မျိုးစုံကို
စဉ်းစားရင်း
တတ်နိုင်သလောက်အေချိန်ဆွဲနေမိသည်။

သို့သော် သူကတော့
လုံးဝလက်လျော့ဟန်မပြပဲ
သူမအနားသို့ တိုးကပ်လာလေသည်။
ကြောက်နေသလားဟု
မေးသောအခါတွင်
သူမကရဲဝံ့စွာခေါင်းခါပြမိသည်။
သူသည် ယခုလိုကိစ္စများတွင်
အတွေ့အကြုံရင့်ကျက်သောသူတယောက်ဖြစ်ပါသည်။
သူ၏လက်ချောင်းများသည်

နေရာမှန်ကို
ရှာဖွေတွေ့ရှိသွားကြသည်။
အထဲထိနိုက်စမ်းလိုက်သောအခါ
သူမ
နာကျင်မှုဖြင့်တကိုယ်လုံးတုန်ခါသွားပြီး
အကြောအခြင်များတောင့်တင်းသွားသည်။
သူသည် ပြောထားသလိုပင်
ညင်ညင်သာသာပြုလုပ်ကြောင်းသူမသိပါသည်။
သူက

သူမမျက်ဝန်းကိုစိုက်ကြည့်ရင်း
စိတ်မပူရန်၊ သူ့အနေနှင့်
အတွေ့အကြုံအများကြီးရှိကြောင်းထပ်ပြောပြန်သည်။
သူပြုံးပြသောအခါ သူမ
စိတ်ကိုလျော့ချလိုက်ပြီး
သူအတွက်လွယ်ကူစေရန်
တတ်နိုင်သမျှကျယ်ကျယ်ဟပေးထားလိုက်သည်။
သူ့ကိုမြန်မြန်ကိစ္စပြီးအောင်

ပြုလုပ်ရန်
အကြိမ်ကြိမ်တောင်းပန်မိလေသည်။
သို့သော်သူကတော့
ဖြည်းဖြည်းမှန်မှန်သာ
ဆက်လုပ်ပါသည်။
နောက်တကြိမ်တွင်အသားမျှင်များစုတ်ပြတ်ပြီး
တကိုယ်လုံးနာကျင်မှုကိုခံစားလိုက်ရသည်။
သွေးအနည်းငယ်ထွက်လာသည်
ကိုလည်း သူမသိရှိလိုက်သည်။

အရမ်းနာသလားဟု
သူကထပ်မေးနေပြန်သည်။

မျက်ရည်များပြည့်လျှံနေသော်လည်း
မနာသယောင်ခေါင်းခါက
ဆက်လုပ်ရန်
ခေါင်းညိမ့်ပြလိုက်မိသည်။
သူက ကျွမ်းကျင်စွာ
ဆက်လုပ်နေသော်လည်း
သူဘာလုပ်နေမှန်းမသိအောင်
သူမစိတ်လှုပ်ရှားကာထုံပေပေဖြစ်နေမိသည်။

အတန်ကြာသော် သူမမှအရည်အချို့
တာကျိုးသလိုပေါက်ထွက်သွားသည်ကို
ခံစားရပြီး သူသည်
အရာတစ်ခုကိုအောင်မြင်စွာ
အပြင်သို့ထုတ်လိုက်လေသည်။
သူမ သက်ပြင်းမောများ
ရှိုက်ထုတ်နေရင်း
ကိစ္စအောင်မြင်ပြီးမြောက်သွားသည်ကို
ဝမ်းသာပျော်ရွှင်နေမိသည်။

သူကနွေးနွေးထွေးထွေး
ပြုံးပြရင်း
တော်တော် ကိုင်ရတွယ်ရခက်တဲ့
ခလေးမဟု
ရေရွတ်လေသည်။သူမကလည်းမချိပြုံးလေးပြုံးပြလိုက်ပါသည်။

ထို့နောက်
ကျေးဇူးတင်စကားကို
သွားဆရာဝန်အားဆိုလိုက်လေသည်။
အထက်ပါအဖြစ်အပျက်မှာ

သူမ၏
ပထမဆုံးသွားနှုတ်သည့်နေ့က
အတွေ့အကြုံပင်ဖြစ်လေသည်။
(မြန်မာ စကားသည်အလွန့်အလွန်းကိုရှုပ်ကြောင်း ပြောလိုပါသည်)

2 comments

  • ayethidarzin

    June 12, 2010 at 9:05 am

    i have read this in a forward mail.

    Reply

  • kopauk mandalay

    October 24, 2010 at 4:47 pm

    မြန်မာစကားက မရှုပ်ပါခင်ဗျား။
    ကို်ယ်လိုရာကိုယ်ဆွဲတွေးတဲ့သူရဲ့အတွေးတွေကသာ ရှုပ်နေတာပါ။

    Reply

Leave a Reply

Your email address will not be published.