Microsoft SkyDrive ကို Android နဲ့တွဲသုံးနိုင်မယ့် Microsoft OneNote

Kaung Myat HtutApril 13, 20121min00
Skydrive and OneNote
Skydrive and OneNote

Microsoft OneNote ဟာမှတ်စုတွေမှတ်ထားဖို့အတွက် အသင့်တော်ဆုံး bullet များ၊ checkbox များ၊ ပုံများ၊ to-do list များစသည့်ဖြင့် စုံစုံလင်လင်သုံးနိုင်တဲ့ software တစ်ခုဖြစ်ပါတယ်။ iPhone မှာ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက အသုံးပြုနိုင်ပေမယ့် Android အပေါ်မှာတော့ အခုမှစသုံးနိုင်မှာဖြစ်ပါတယ်။ ၎င်းဟာ Microsoft ရဲ့ online storage ဖြစ်တဲ့ SkyDrive နဲ့လည်း တွဲသုံးနိုင်ပါတယ်။ ထို့ကြောင့် ဘယ်နေရာရောက်ရောက် အင်တာနက်ရှိနေရင် ဖုန်းနဲ့သာမက မည်သည့် device နဲ့မဆို မှတ်စုတွေကို ဖွင့်ကြည့်နိုင်ပါတယ်။ အခမဲ့သုံးမယ်ဆိုရင်တော့ မှတ်စုပေါင်း ၅၀ဝ အထိပဲရပါတယ်။ သုံးချင်ရင်တော့ Windows Live ID ရှိဖို့တော့ လိုအပ်ပါတယ်။ စမ်းသုံးမယ်ဆိုရင်တော့ https://market.android.com/details?id=com.microsoft.office.onenote မှတဆင့်ရနိုင်ပါတယ်။

Leave a Reply

Your email address will not be published.