ခေတ်မှီချင်လို့ပါဗျာ..The union of drinkers..

ခုအချိန်မှာခေတ်စားနေတာတစ်ခုက သမဂ္ဂတို့ အသင်းတို့အစည်းအရုံးတို့

ဖွဲ့ကြတာဘဲဗျ…ဒါနဲ့ဘဲ ကျုပ်လဲခေတ်မှီအောင် တစ်ခုခုဖွဲ့ဖို့ စဉ်းစားတယ်..

အဲဒီတော့ ငါဘာကျွမ်းကျင်လဲ ဘာဝါသနာပါလဲ အရင်စဉ်းစားရတယ်…

ဟုတ်တယ်လေ အသင်းအဖွဲ့တစ်ခုထောင်တယ်ဆိုတာ ကိုဝါသနာပါမှ

ကျွမ်းကျင်မှလည်းဖြစ်မှာကိုး…နောက် ဖွဲ့ပါပြီတဲ့ အသင်းဝင်တွေရအောင်

ဘယ်လိုစည်းရုံးမလဲ…ဒါလဲအရေးကြီးတယ်…သေသေချာချာ စဉ်းစားကြည့်

တော့လဲ ကိုယ်ကျွမ်းကျင်တာ ဝါသနာပါတာက သောက်တာတစ်ခုတည်း

ရှိတယ်…ဒီတော့လည်း ကျုပ်အတွေးတွေအကောင်အထည်ဖေါ်ဖို့ ခက်ပြန်ရော..

ဒီလိုနဲ့ဘဲ အကြံအိုက်ပီး ထုံးစံအတိုင်း ကျုပ်လက်က ပုလင်းဆီရောက်သွားတော့တာပေါ့

အရက်ကလေးသောက်မှ အတွေးသစ် အမြင်သစ်တွေ ရတတ်တာမဟုတ်လား..

(သဂျီးကပြောတာဘဲ)

အရက်ကလေးနှစ်ပက်လောက်ထည့် ရေခဲလေးနှစ်တုံးလောက်နဲ့ ဆော်ဒါလေးနဲနဲ

စပ်ပီး ဂလွပ်ဆိုမော့ချလိုက်တုံးမှာဘဲ..ကျုပ်ရဲ့ဖုန်းကလေးကထအော်ပါလေရော…

ဖုန်းကိုင်လိုက်တော့…ကျုပ်ဘော်ဒါကြီး ရွှေတိုက်စိုး..သူကကျုပ်ကို“ရွာသားဘော်ဒါတစ်တွေဆုံ

ကြရအောင်ဗျာ…အရေးကြီးကိစ္စတစ်ခုလည်းရှိလို့တဲ့…ရန်ကင်းဆန်တာနောက်ကနိုက်စ်ဆိုတဲ့ဆိုင်ကို အခုလာခဲ့ပါတဲ့..” ..အင်း..ကျုပ်လဲအကြံအိုက်ပီး အရက်သောက်

နေတာဆိုတော့..လာခဲ့မယ်ဗျို့ဆိုပီး ထလိုက်သွားတာပေါ့..ကျုပ်ရောက်သွားတော့

ဝိုင်းကအတော်တောင်စည်နေပြီ.. ရွှေတိုက်စိုးနဲ့တကွ ဝါသနာတူ တူရဇော် ကမ်းကြီး

အမတ်မင်း ကြောင်ဝတုတ် ကိုဘလက် အာဂ ကြောင်ဝတုတ်ရဲ့သူငယ်ချင်း အိုဘားမား

…စတဲ့ စတဲ့ သေရည်လုလင်တစ်စုေပေါ့..

ထုံးစံအတိုင်း တစ်ခွက်စီကိုင်မြှောက်ကြပြီး ချီးယားလုပ်ကြပါသဗျ…အော်ကြပုံကလည်းကြည့်..

“ကျန်းမာ ပျော်ရွှင် ဆော်ကြည်” တဲ့…ဒီလိုနဲ့သောက်လိုက်ကြတာ သုံးခွက်မြောက်

သောက်လို့အပီး…ကျုပ်ကဘဲ “ဒီလိုလုပ်ကြရအောင်ဗျာ…

ကျုပ်တို့ဝိုင်းကအသံတွေဆူလွန်းတော့ ဘေးဝိုင်းတွေအားနာစရာဗျာ…နေရာပြောင်းကြရအောင်…လေကောင်းလေသန့်လဲရှုရင်း

စကားတွေလည်းအားပါးတရပြောရင်းပေါ့”…ဟုတ်တယ်လေဗျာ..ကျုပ်တို့အဖွဲ့ကလည်း

တစ်ယောက်ကပြောလိုက် ဝါးကနဲပွဲကျသွားလိုက်နဲ့ စိတ်လွတ်ကိုယ်လွတ် ပြောကြ ပျော်ကြဆိုတော့ ဘေးဝိုင်းတွေက မျက်စောင်းထိုးလှဘီ ေနေရာရွှေ့မှဖြစ်တော့မယ်လို့ ကျုပ်တွက်တယ်..အားလုံးသဘောတူကြပါတယ်…ဒါနဲ့ဘဲ မှာထားပီးတဲ့အမြည်းတွေ

ဖေါ့ဘူးနဲ့ထုပ်ခိုင်း လိုတာထပ်ဝယ်ပီး အင်းယားကန်ဘောင်ပေါ်နေရာရွှေ့ခဲ့ကြတယ်..

အားလားလား..ကောင်းလိုက်တဲ့နေရာလေး..လေကောင်းလေသန့်လဲရှုရ စိုင်လေးတွေလည်းကြည့်ရ ..ဒီလိုနဲ့ စကားဝိုင်းဆက်နေရင်း….မောင်အာဂ

ကထလုပ်ပါလေရော…ကျုပ်ဒီနေ့ အဖွဲ့တစ်ခုထောင်မလို့စဉ်းစားမိတယ်တဲ့..ဒါ့ကြောင့်

ခင်ဗျားတို့ကိုတကူးတက ဖိတ်ခေါ်တာဖြစ်တဲ့အကြောင်းနဲ့

အခုဖွဲ့မဲ့အဖွဲ့ကတော့..ဥပဒေနဲ့လည်းညီ အားလုံးလဲကြိုက်မဲ့အဖွဲ့အစည်းဖြစ်ပါကြောင်း

လက်ရှိအစိုးရရဲ့ ပေါ်လစီဖြစ်တဲ့ ဆင်းရဲသားများကိုကူညီကယ်တင်ရေးမှာလဲ

တတတ်တအား ပါဝင်ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း …ဒီနေ့တက်ရောက်လာသူသောက်ဖေါ် သောက်ဖက်များကို အားကိုးယုံကြည်ပြီး

ဖွဲ့လိုက်တာဖြစ်ကြောင်း…စသဖြင့် အကျယ်တဝင့် ရှင်းလင်းပြပြီးနောက်…

အဖွဲ့ရဲ့နာမည်ကို အခုလိုကြေငြာပါတယ်…“ကျုပ်အခုဖွဲ့လိုက်တဲ့အဖွဲ့ကတော့

နယ်စည်းမခြား အရက်သမားများသမဂ္ဂ ဖြစ်ပါတယ်”…လို့လည်းကြေငြာလိုက်ရော..

ှ ကျုပ်ကြံစည်ထားတဲ့အကြံ သူလက်ဦးသွားတာဘဲဆိုပီး

ကျုပ်မှာမချင့်မရဲ ဒေါပွသွားရတယ်…ပီးတော့လာသေးတယ်…ကိုကြီးမိုက် ကျွန်တော်ထောင်လိုက်တဲ့ အဖွဲ့ထဲဝင်ပါလားတဲ့…ကိုကြီးမိုက်ကို ဗဟိုကော်မတီဝင်

နေရာလောက်ထားပေးပါ့မယ်ဆိုလာတယ်…သူ့အဖွဲ့မှာလည်း အဖွဲ့ဝင်အင်အား

တစ်ရာကျော် ရနေပြီဆိုဘဲ…ဒါတောင်ဒီအဖွဲ့ ထောင်တာ တစ်ရက်ဘဲရှိသေးတာတဲ့…

အံ့ရော…အင်း..ဒီကောင်ကလည်း ကွန်ပူတာကျွမ်းကျင်သူ ဆရာကြီးလဲဖြစ်ပြန်

အသောက်ကိစ္စမှာဆိုလဲ..အရက်သာသောက်ရလို့ကတော့ ဘယ်နေရာချိန်းချိန်း

ဘယ်နိုင်ငံကလှမ်းဖိတ်ဖိတ် သွားပီးသားဘဲ…ဆိုတော့ သူပြောတာဖြစ်နိုင်တာဘဲ..

ဒါနဲ့ ဒေါသလေးအသာထိန်းပီး ကျုပ်မေးခွန်းတစ်ခုမေးလိုက်တယ်…ခုနင်ကပြောသွားတဲ့

အထဲက“ဆင်းရဲသားများကိုကူညီကယ်တင်ရေးမှာလဲတတတ်တအား

ပါဝင်ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း”ဆိုတာလေးနဲ့ ပါတ်သက်ပြီး

ဘယ်လိုကူညီနိုင်မှာလဲဆိုတာသိချင်ပါတယ်..ဆိုတော့.မောင်အာဂ ကေဖြေတယ်…

ဒီလိုလေဗျာ..အခုကာလမှာ ဆင်းရဲတဲ့လူတွေ ပုလင်းခွံလိုက်ကောက် ကြတယ်မဟုတ်လား…

ကျုပ်တို့သမဂ္ဂဝင်တွေကသာ မှန်မှန်ကြီး အရက်ကိုသောက်သုံးပီး ပုလင်းခွံလွှင့်

ပစ်မှု့တက်လာရင် ဆင်းရဲသားတွေကူညီရာရောက်တာပေါ့ ..မဟုတ်ဘူးလား…

ဆိုတော့..ကျုပ်အပါအဝင် တက်ရောက်လာကြသူ သောက်ဖေါ်သောက်ဖက်များ

အားလုံးသဘောတူကြပီး..ဗဟိုဦးစီးကော်မတီကို ဖွဲ့စည်းလိုက်ကြပါတယ်…

ငှက်ကဋ္ဌကြီးကတော့ တည်ထောင်သူ ဦးအာဂ

အထွေထွေအတွင်းရေးမှုးက ကြောင်ဝတုတ်

ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံက ကိုဘလက်

ပြန်ကြားရေးတာဝန်ခံက အမတ်မင်း

စည်းရုံးရေမှုးကတော့ အာသွက်လျှာသွက်တဲ့ ရွှေတိုက်စိုး

ဗဟိုဦးစီးကော်မတီဝင်တွေကတော့..

ကြီးမိုက်

သူရဇော်

ကမ်းကြီး

အိုဘားမား(ကြောင်ဝတုတ်ထောက်ခံချက်ဖြင့်လက်ခံသည်)

အမ်လုင်(အစည်းအဝေးမတက်ရောက်နိုင်သော်လည်းဖုန်းဖြင့် အဆိုပြု)

ဦးအေကေကေအို(ဖုန်းဖြင့် လက်ခံအတည်ပြုသည်)(သို့သော်တစ်စုံတစ်

ဦး၏ခွင့်ပြုချက်စောင့်)

ဆိုတော့ကာမယ်…အခုဖွဲ့စည်းပီးသွားတဲ့..“နယ်စည်းမခြားအရက်သမားများ

သမဂ္ဂ မှာအသင်းဝင်အဖြစ်ဝင်ရောက်လိုသူတွေ အနေနဲ့ စည်းရုံးရေးမှုး

ရဲဘော်ရွှေတိုက်စိုးထံဆက်သွယ်ဝင်ရောက်နိုင်ကြကြောင်းပါဗျာ…

အသင်းဝင်တွေကိုနေ့စဉ်တိုက်တဲ့ပုလင်း
နုနယ်သူအသင်းဝင်တွေကတော့ ဒါသောက်ရမယ်

 

 

20 comments

  • ဗိုက်ကလေး

    April 10, 2012 at 4:28 pm

    ခင်ဗျားဗျာ
    အံ့ပါရဲ့..အံ့ပါရဲ့..
    မကြီးမငယ်နဲ ့ အရက်သမားတွေနဲ ့ပေါင်းပြီး ပျက်စီးနေလိုက်တာ
    အင်းလေ..အဲတာကြောင့်လဲ ကြီးမိုက်ဆိုပြီး နာမည်ပေးထားတာကိုး…
    ဆက်သောက်ကြပါ..ဆက်သောက်ကြပါ..
    သောက်လေ သောက်လေ ခေတ်မီလေပေါ့ဗျာ..
    ခေတ်အမီလွန်ပြီး တိုတိုအုပ်စိုးလိုတော့ မလုပ်ကြနဲ ့ပေါ့
    😀

    Reply

  • mocho

    April 10, 2012 at 4:42 pm

    သင်္ကြန်တွင်းအရက်တွေ ဈေးတတ်မှာဆိုတော့ သမဂ္ဂ အတွက် ကြိုစုထားအုံးဗျို့။

    Reply

  • အမတ်ဒိန်

    April 10, 2012 at 5:03 pm

    ပြန်ကြားရေး တာဝန်ခံခန့်ထားပြီး ဘာမှလည်းမတိုင်ပင်ဘဲသူ့ဘာသာ..
    သတင်းထုတ်ပြန်လိုက်တော့ .ကျုပ်က ဘာလုပ်ရဒေါ့မတုန်းး..
    ဦးကြီးမိုက်ရေ..ခုလောက်ဆို သဂျီးဒေါကန်နေလောက်ပီဗျ..
    သူ့မန်းလေးဇက်..ကို အရက်ဂေဇက်ဖြစ်အောင်လုပ်ပေးနေလို့.. 😛 😛

    Reply

  • cobra

    April 10, 2012 at 5:11 pm

    ကြာပါတယ်ဗျာသင်္ကြန်ပီး ၂၅ရက်နေ့ကျော်ရင်
    နောက်တခါတွေ ့ကြတာပေါ့
    ဘယ်လိုလဲ အတိုကြီးများ
    ကျွန်တော်အတိုကြီးတို့နဲ့တူတူသောက်ချင်လို့ပါ
    ကန်ဘောင်မှာပဲသောက်ကြတာပေါ့နော်….။

    Reply

  • water-melon

    April 10, 2012 at 5:25 pm

    သများရန်ကုန်ရောက်လို့ မတိုက်ရင်တွေ့မယ် အကြော်သည်မ
    ညည်းအကြော်ရောင်းပြီး ထောနေတာလားအေ့ 😀

    Reply

  • htoosan

    April 10, 2012 at 5:25 pm

    ရွာသူတွေအစားမေးပေးတာပါ .. မေးရမှာ ရှက်နေကြမှာစိုးလို့ အလိုက်သတိမေးပေးတာပါ.. သူတို့ကော ဝင်လို့ရပါသလားတဲ့ .. 😀 😀

    Reply

  • FattyCat

    April 10, 2012 at 5:26 pm

    ဘာတဲ့…
    အထွေထွေအတွင်းရေးမှူးတဲ့…
    အရက်သောက်တာကို တိုင်းသိပြည်သိ…နိုင်ငံတကာသိ…ရာထူး…အဖွဲ့အစည်းနဲ့သောက်တာ
    ကျွန်ုပ်ဘဝတွင် ပထမဆုံးဖြစ်ပေသည်…

    မန့်လိုက်ပြီကွယ်…သဂျီးရေ…ဘီယာဖိုး (၁၀)….

    ခင်တဲ့-
    ကြောင်ဝတုတ်

    Reply

  • Thel Nu Aye

    April 10, 2012 at 6:35 pm

    အောင်မယ်လေး တီချယ်ကြီးတီတီနုရေ။ တီချယ်ကြီးစာကသတ်သတ် တူရို့ကတတ်တတ်ဖစ်နေဘီ။ ထပ်ဆုံးမပါအုံး။

    Reply

  • kyeemite

    April 10, 2012 at 7:14 pm

    ဟဲ့မိစိန်ပေါက်ရဲ့…နင်အနေအထိုင်မဆင်ခြင်လို့ ခုဗိုက်ကလေးရနေပီမဟုတ်လား..
    ဘယ်သူ့အဖေခေါ်ခိုင်းမှလဲဟဲ့..ကောင်မ..နင်တို့အသင်းသာဝင်လိုက်..
    လင်ကောင်ဖေါ်နိုင်အောင်အသင်းကစီစဉ်ပေးမယ်..ဒါဗြဲ။
    ———————————————————
    ကိုမိုချိုေ၇..သတိပေးတာကျေးဇူးပါ..ဘဏ္ဍာငွေရှာဖွေရေးတာဝန်ခံက ကိုဘလက်ဆိုတော့
    သူ့နာမယ်နဲ့လိုက်အောင် ဘလက်လေဘယ် ဒါဇင်တစ်သိန်း စုဆောင်းထားပြီးပါပီဗျာ..
    ————————————————————–
    ကော်ဘရာကို အဖွဲ့ဝင်အဖြစ်လက်ခံပါတယ်…စည်းရုံးရေးမှုး ရွှေတိုက်စိုးကိုဆက်သွယ်ပါ..
    ——————————————————————
    ဖြဲမ..ညည်းသောက်ပြောမကြီးနဲ့..ရန်ကုန်ရောက်အောင်သာလာခဲ့…
    အဝတိုက်မှာတော့…
    ———————————————————————
    ပြန်ကြားရေးတာဝန်ခံ အမတ်မင်းရေ..ဟိုမှာ ဒေါ်ထူးဆန်းမေးနေပီ..ဖြေလိုက်..
    ရွာသူတွေလက်ခံတယ်လို့..အဖွဲ့ဝင်ဖြစ်ပီးရွာသူတွေပါနာမည်နဲ့တကွ
    ပြောပြလိုက်…
    ——————————————–
    အထွေထွေအတွင်းရေးမှူးဖက်တီးကက်ရေ…တာဝန်ပေးပီးမှတော့
    ဆက်လုပ်ပေတော့ ..အဲဒီနေ့က နင်မူးနေတုံး နင့်လက်မှတ်ကို
    အုတ်ကထ အာဂကယူထားလိုက်ပီးဘီ..
    အဲ..နင့်တာဝန်က အစည်းအဝေးပုံမှန်ဖြစ်အောင်ကျင်းပပေးဘို့ဘဲ..ဒါဗြဲ။
    ————————————————————-
    ကိုသဲနုအေးရေ…အဖွဲ့ဝင်လိုက်ပါလား..ဘာတွေဝေနေဒါတုံး..
    ဒီအဖွဲ့က တီချယ်နုကိုခွင့်တောင်းပီးမှထောင်ထားတာဘာ…
    တီချယ်နုကတောင်ပြောသေး…အဲ့လိုတော့လဲကောင်းသားဘဲတဲ့..ဟီးးးး

    Reply

    • cobra

      April 11, 2012 at 8:01 pm

      စည်းရုံးရေးမှူးကိုရွှေတိုက်စိုးကိုဘယ်လိုဆက်သွယ်ရမလဲ။

      Reply

    • TTNU

      April 11, 2012 at 10:02 pm

      ဟဲ့ ကလေးတွေ….ဟဲ့ကောင်တွေ…ဟဲ့ … 😈
      ငါတော့ စိတ်ကုန်တာပါပဲအေ။

      ကဲကဲ ရှုပ်ပါတယ်..
      ငါမျက်စိမှိတ်ထားမယ်..
      နားပိတ်ထားမယ်။

      ကြောင်အိုတော့ ကြွက်မလေးဆိုတာဒါပေါ့အေဟဲ့။ 😥

      Reply

  • Mလုလင်

    April 10, 2012 at 7:28 pm

    ဟိုဘက်ပိုစ့် မှာလဲ အဆိုတင်သွင်းပြီးပါပြီ … ဒီဘက် မှာ ကော ထပ်သွင်း လို့ရဦးမလား .. ဦးဦး ကြီးမိုက် ရေ။ ဟိဟိ။ အဆို ကိုပြောတာပါ။

    Reply

  • kyeemite

    April 10, 2012 at 7:54 pm

    ရဲဘော် Mလုလင် ရေ ခင်ဗျားက တင်းပြည့်အဖွဲ့ဝင်ဖြစ်ပီးသားပါ..
    ပထမတစ်ခါဆုံတော့လဲ လစ်ခနဲပျောက်သွားတယ်..နောက်တစ်ခေါက်
    ဆုံမယ်ဗျို့..

    Reply

    • Mလုလင်

      April 10, 2012 at 10:46 pm

      ဆုံမယ် ဦး ကြီးမိုက် ရေ …….။ အခု တစ်ခေါက် က Information နဲနဲ နောက်ကျသွားတော့ … ချိန်းပြီးသားတွေကြောင့် ခက်ကုန် လို့ မရောက်ဖြစ်တာရယ်ပါ။

      Reply

      • Thel Nu Aye

        April 11, 2012 at 9:02 am

        ကြိုးစားလှချီလား။

        Reply

  • surmi

    April 11, 2012 at 12:14 am

    ရေသောက်တဲ.သူဆိုရင်ရော လက်ခံမှာလား ဟင် ။
    ပျော်တော.ပျော်စရာဘဲနော …..အားကျစရာဘဲ …..

    Reply

  • kyeemite

    April 11, 2012 at 6:07 am

    ရဲဘော်ဆာမိလည်းရေပုလင်းကိုင်ပီးဝင်နိုင်ကြောင်းပါဗျာ..

    Reply

  • mg mg

    April 11, 2012 at 7:13 am

    အမြည်းပဲစားတဲ့သူဆိုလျင်ကော အဖွဲ့ဝင်ဖြစ်လို့ရမလား။

    Reply

  • marblecommet

    April 11, 2012 at 8:13 pm

    ကိုမိုက်…….
    နှင့်တကွ အပေါင်းအပါများ
    သိစေရန်….
    ………..
    ကျုပ်အခန်းမှာ
    ဆုံဦးမှာနော်
    စားဖိုမှူး
    ရေလည်ချက်ကျွေးချင်နေတယ်
    ဒါပဲဗျ…

    Reply

  • FattyCat

    April 11, 2012 at 11:11 pm

    ဒီနေ့ပဲ-
    ရွာသူနှစ်ယောက်နဲ့ ရွာသားတစ်ယောက်ကို အသင်းဝင်အသစ်အဖြစ် သွတ်သွင်းလိုက်ပြီးဖြစ်ပါသည်…
    အသင်းသားအသစ်ဖြစ်သူ AKKO အား နယ်စည်းမချားအရက်သမားများသမဂ္ဂတွင် ကျန်းမာရေးတာဝန်ခံအဖြစ် တာဝန်ပေးအပ်လိုက်ကြောင်း ကြေငြာအပ်ပါသည်….

    ပုံ-
    ကြောင်ဝတုတ်
    အထွေထွေအတွင်းရေးမှူး
    နယ်စည်းမချားအရက်သမားများသမဂ္ဂ

    Reply

Leave a Reply

Your email address will not be published.