ရန်ကုန်မြို ့လယ်နေရာအချို ့တွင် စစ်အစိုးရဆန် ့ကျင်စာများ ဝေငှ ပြီး ဆန္ဒပြပွဲ ငယ်များပြုလုပ်

wunnakokoJune 11, 20101min01

ယနေ ့မွန်းလွဲ တစ်နာရီ အချိန် ခန် ့က ရန်ကုန် မြို ့ပန်းဘဲတန်း မြို ့နယ် ကုန်ဈေးတန်း လမ်း နှင့် သိမ်ကြီး ဈေးတစ်
ဝိုက် တွင် လူငယ် ၁၁ ဦးခန် ့က အချင်းချင်း လက်ခြင်း ချိန်ကာ စစ်အစိုးရ အလို မရှိ ဟု ကြွေးကျော် အော်ဟစ်ပြီး
စစ်အစိုးရ ဆန် ့ကျင်စာ များ လည်း ဝေငှ သွားသည် ဟု သိရှိရသည်။

လူငယ်များ ၏ စစ်အာဏာရှင် ဆန် ့ကျင်ရေး လှုပ်ရှားမှု ကို တွေ ့လိုက်ရသူ တစ်ဦးက ‘စာတွေ ဝေသွားတယ်။
စစ်အစိုးရ အလို မရှိ ၊ အာဏာရှင် ကျဆုံးပါစေ လို ့အော်ကြတယ် ပြီးတော့ ချက်ခြင်းပဲ ဟိုင်းလပ် ကား တစ်စီး
လာတော့ တက်သွား တယ် ။ ဘယ် သူမှ တော့ အဖမ်းမခံ ရဘူး ၊ကျန် ခဲ့တဲ့ စာရွက် အချို ့ကိုတော့ အခု စည်ပင်
ရဲ နဲ ့ ပန်းဘဲတန်း ရဲစခန်း က လိုက်သိမ်းနေတယ် ဟု Freedom News Group သို ့ပြောသည်။

ယနေ ့ပြုလုပ်သည် ့စစ်အစိုးရ ဆန် ့ကျင် စာများ ဝေငှ မှု အား မည် သည့် အဖွဲ ့က ပြုလုပ်သည် ကို မသိရှိ ရသေး
သော်လည်း ယခု သီတင်း ပတ် အတွင်း ရန်ကုန် နယ်နိမိတ် ရှိ တက္ကသိုလ် အချို ့တွင် အစိုးရ ဆန် ့ကျင်စာ များ ဝေ
ငှ မှု ရှိသည် ဟု သိရသည်။အခြေခံပညာ ကျောင်းသား များ သမဂ မှ ကျောင်းဖွင့် ချိန် တွင် ဆရာ၊ဆရာ မ များ  ၏
ကျောင်းသား များ ကို ကျူရှင် မယူမနေရ ပုံစံ ဖြင့် စာ သင်ကြားနေခြင်း ကို ဆန် ့ကျင်သွား မည် ဟု သိရသည်။

၂၀၁၀-၁၁ ပညာ သင် နှစ် တွင် အခြေခံ ပညာ ကျောင်း ဆရာ – ဆရာ မ များ က ကျုရှင် မယူသည့် ကျောင်းသား
များ အား အတန်း ထဲ တွင် ခွဲခြား ဆက်ဆံမှု များ ပိုမို ပြုလုပ် လာသည် ဟု သိရသည်။

ယနေ ့စစ်အာဏာရှင် ဆန် ့ကျင် ရေး လှုပ်ရှားမှု သည် အခြေခံ ကျောင်း များ ဖွင့် လှစ်ပြီး သီတင်း တစ်ပတ် ခန် ့
အကြာတွင် ဖြစ်သည်။

(http://freedomnewsgroup.com မှဖြစ်ပါသည်)

One comment

  • wunnakoko

    June 11, 2010 at 11:20 am

    သေချာမကြည့်မိဘဲ တင်မိပါသည်။ မတတ်နိုင်တော့ပါ။ တောင်းပန်ပါသည်။
    သိသင့်သည်ထင်လို့ တင်မိပါသည်။ အားလုံးဘဲနှစ်ခါ ဖတ်ရတာပေါ့။

    Reply

Leave a Reply

Your email address will not be published.