ကျုပ်တို့နိုင်ငံ ကျုပ်တို့ပြန်မလာရင်

ကဗျာရေးတဲ့သူက နိုင်ဦးညို (ဖိုးဇီးရိုး) ပါတဲ့။ ကြိုက်လို့ ရွာသားတွေကို share တာပါ။

(တချို့တွေက တွေးတယ် … အရိုင်းစကားမပြောစမ်းနဲ့
တိုင်းတပါးမှာ မင်း ရှင်ဘုရင်မဖြစ်နိုင်ဘူး … တဲ့)
ခင်ဗျားတို့ကဗျာ ခပ်ကောင်းကောင်း
ခင်ဗျားတို့အတွေး ခပ်ကောင်းကောင်း
ဒါပေမဲ့
လွဲနေတဲ့အတွေးလွဲ
ကျုပ်တို့တိုင်းတပါး
ထွက်ခဲ့ရတဲ့အကြောင်းရင်းက
ရှင်ဘုရင်ဖြစ် မင်းလုပ်ဖို့မဟုတ်ဘူး …။

ကိုယ့်နိုင်ငံကိုယ့်လူမျိုးစင်စစ်
ဘုရင်ရူးရူးနေတဲ့
အာဏာရှင်ရူးတွေကြောင့်
ပျက်သုန်းခဲ့ရတဲ့ဘဝတွေ
ကြမ်းတမ်းခဲ့ရတဲ့ဘဝတွေ
မျှော်လင့်ချက်မဲ့ခဲ့ရတဲ့ဘဝတွေ
တစ်နေကုန် ကြုံးရုန်းလုပ်
ဆန်အိုးထဲ ဆန်မရှိတဲ့ဘဝတွေ
ရင်နာနာနဲ့
ကျုပ်တို့ချစ်တဲ့တိုင်းပြည်
ကျုပ်တို့ချစ်တဲ့လူမျိုး
စွန့်ခွာခဲ့ရ …။

ရောက်ရာအရပ်ရောက်ရာနေရာ
ကျရာအလုပ်ကျရာတာဝန်
ရိုးသားစွာရှာဖွေ
ရသမျှအသပြာငွေဖြူကို
မြန်မာငွေမည်းနဲ့ လဲလှယ်လို့
အမေ့ရဲ့ဆန်အိုးထဲဆန်ရှိဖို့
အဖေ့ရဲ့ကျန်းမာရေးဆေးဝယ်ဖို့
တစ်နေကုန်ကြုံးရုန်းလုပ်
ပေးပို့နေရတဲ့ဘဝ
ဒါတရားတဲ့အလုပ်ပါ။

တိုင်းတပါးမှာ
ကျုပ်တို့ ရှင်ဘုရင်မဖြစ်နိုင်ပေမဲ့
ကျုပ်တို့မြေ ကျုပ်တို့ရေ မဟုတ်ပေမဲ့
တရားဥပဒေဟာ ကျုပ်တို့အောက်မှာရှိတယ်
ကျုပ်ဘိုးဘွားအိမ် ကျုပ်တစ်ညပြန်အိပ်ဖို့
ဧည့်စာရင်းတိုင်စရာမလိုဘူး
ဘာညာသာဓကာတွေအတွက်
အန်းဒါတေဘယ်ပေးစရာမလိုဘူး
ညအိပ် ညနေ ဘယ်သွားသွားလာလာ
ယူနီဖောင်းဝတ်ခေတ်သစ်ဓမြ
ကြောက်စရာမလိုဘူး။

ဒီလိုမလိုခြင်းတရားတွေ
ပြီးပြည့်စုံတဲ့တစ်နေ့
ကျုပ်တို့ရဲ့အမိမြေ
သယံဇာတတွေကုန်ကုန်
တောင်တွေဂတုံးဘဲဖြစ်ဖြစ်
မြစ်ကြီးတွေ ချောင်းငယ်ဖြစ်သွားသွား
ဆူနာမီနာဂစ်မြေငလျှင်တွေလှုပ်လှုပ်

နေပူတာခြေပူခံနိုင်တယ်
အာဏာရှင်ပူတာ ရင်ပူမခံနိုင်ဘူး

တစ်နေ့လုပ်စာ တစ်နေ့စားလို့ဝရင်
တစ်နေ့လုပ်စာ တစ်နေ့စားလို့ဝရင်
ကျုပ်တို့နိုင်ငံ
ကျုပ်တို့ပြန်မလာရင်
ကျုပ်တို့ကိုပြော။

15 comments

  • moe moe

    April 4, 2012 at 8:50 pm

    ပြည်ပရောက်ရွှေမြန်မာတွေ အမြန်ဆုံး အမိမြေကို ပြန်လာနိုင်ကြပါစေ။

    Reply

  • windtalker

    April 4, 2012 at 9:05 pm

    အိမ်လွမ်းသူရေ ။ ပြည်ပရောက် ပညာတတ်များ ပြန်လာအခြေစိုက်နိုင်ဖို ့၊ လိုချင်တဲ့ အနေအထားဖြစ်ဖို ့အချိန်အတိုင်းအတာ တစ်ခုတော့ လိုဦးမယ် ထင်ပါရဲ ့။ ဒီမှာက ပေါ်ပင် ၊ ရေလိုက်ငါးလိုက် ဘဲ အလုပ်ဖြစ်ကြတာ ကလား ။

    Reply

  • Khin Latt

    April 4, 2012 at 9:29 pm

    အတွေးပေါင်းများစွာ နဲ့ ရင်နင့်စွာ ဖတ်သွားပါတယ် အိမ်လွမ်းသူရေ။
    လောလောဆယ် မှာ တော့ အင်နားရှားနိယာမ အကြောင်း ကို ခေါင်းထဲ က ထုတ်မရသေးဘူး။ 🙁

    ဒါပေမဲ့ အဝေးက နေ အမိမြေအတွက် နာမည် တက်အောင်၊ ကိုယ့်ပြည်ကို လူတွေပိုသိအောင်၊ ကိုယ့်လူမျိုး ကို လူတွေပိုလေးစားအောင် တတ်နိုင်သ၍ တော့ ကြိုးစားနေပါတယ်။

    Reply

  • အိမ်လွမ်းသူ

    April 4, 2012 at 9:45 pm

    ဟုတ်တယ် အရီးလတ် ရေ။ ကျွန်တော်လဲ တတ်နိုင်သလောက် တော့ ကြယ်ငါးလေးတွေ ဝိုင်းကောက် နေတာပဲ. as you said “အဝေးက နေ အမိမြေအတွက် နာမည် တက်အောင်၊ ကိုယ့်ပြည်ကို လူတွေပိုသိအောင်၊ ကိုယ့်လူမျိုး ကို လူတွေပိုလေးစားအောင် တတ်နိုင်သ၍ တော့ ကြိုးစားနေပါတယ်”

    Reply

  • aye.kk

    April 4, 2012 at 10:12 pm

    အမိမြေ..
    ငါတို ့အားလုံးရဲ ့နားခိုရာနယ်မြေလေ..။
    ငါ…
    တစ်ချိန်တုံးကပေါ့..
    ငါ့ကိုမွေးတဲ့ငါ့ရဲ ့အမိမြေ..
    အာဏာရှင်တွေချောင်ပိတ်ရိုက်လို ့..
    ပြေးပေါက်မရှိတဲ့ငါ..
    ထွက်ပြေးဘို ့စဉ်းစား..
    စိတ်သွားရာကိုယ်မပါလို ့..
    နှစ်ငါးဆယ်စိတ်အကျဉ်းကျခဲ့ရပေါ့..
    ငါ့ဘဝလူလုံးမလှခဲ့ရဘူးလေ..
    ဪ…အခုတော့
    ငါ့ချစ်တဲ့အမိမြေ..
    ငါ့အမေနဲ ့ပြန်နေရတော့..
    ငါဆိုတာသေပျော်ပါပြီလေ..။။

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 4, 2012 at 10:20 pm

    ကောင်းပါတယ်ခင်ဗျ သိပ်ကောင်းပါတယ်
    ဒီနေ့ဘဲကြုံလို့ပါ မိန်းမငယ်လေးတစ်ယောက်ပြောရှာပါတယ်
    အောင်ဆန်းစုကြည် ( အရပ်စကားတွင် ဒေါ်အောင်ဆန်းစုကြည် ကို အောင်ဆန်းစုကြည် ဟု ခေါ်လေသတတ် )
    နိုင်သွားပြီ နောက် နှစ်နှစ် ဆို မြန်မာပြည်ကြီးကောင်းလာတော့မည် ကျမ တို့ အမိမြန်မာပြည်မှာဘဲ
    ပြန်၍ လုပ်စားကြတော့မည် ဟု ကြွေးကြော်နေလေပါ၏
    ( မြှောက်ပေးတယ်တော့ မလုပ်ပါနဲ့ အဘရယ် ရေးပါဦး 🙁
    သဂျီးမင်းလည်း ပါဝင်တွေးခေါ်ပေးစေလိုပါတယ် )

    Reply

  • ဖားသက်ပြင်း

    April 5, 2012 at 6:40 am

    မှန်ရာပြော အေကေဘီ နဲ့(တယောက်မကျန်) ညားရပါစေရဲ့ …
    ပြန်နိုင်သေးဝူး ..နောက်၁ဝနှစ်လောက်
    😀

    Reply

  • Onyx

    April 5, 2012 at 11:28 am

    ကောင်းတယ်ဗျာ ခံစားချက်အပြည့်နဲ့ ကို အားပေးသွားတယ်နော်

    Reply

  • Mon Kit

    April 5, 2012 at 12:49 pm

    ကဗျာတစ်ပုဒ်လုံး နှစ်ချိုက်စွာ အားပေးသွားပါတယ်…
    ဒီတပုဒ်ကို ပိုနှစ်သက်တယ်….

    “”တိုင်းတပါးမှာ
    ကျုပ်တို့ ရှင်ဘုရင်မဖြစ်နိုင်ပေမဲ့
    ကျုပ်တို့မြေ ကျုပ်တို့ရေ မဟုတ်ပေမဲ့
    တရားဥပဒေဟာ ကျုပ်တို့အောက်မှာရှိတယ်
    ကျုပ်ဘိုးဘွားအိမ် ကျုပ်တစ်ညပြန်အိပ်ဖို့
    ဧည့်စာရင်းတိုင်စရာမလိုဘူး
    ဘာညာသာဓကာတွေအတွက်
    အန်းဒါတေဘယ်ပေးစရာမလိုဘူး
    ညအိပ် ညနေ ဘယ်သွားသွားလာလာ
    ယူနီဖောင်းဝတ်ခေတ်သစ်ဓမြ
    ကြောက်စရာမလိုဘူး။””

    Reply

  • kai

    April 5, 2012 at 2:37 pm

    ကျုပ်ဘိုးဘွားအိမ် ကျုပ်တစ်ညပြန်အိပ်ဖို့
    ဧည့်စာရင်းတိုင်စရာမလိုဘူး..

    အခုတော်တော်ပြန်ကြတယ်..
    လေယဉ်လက်မှတ်တောင်.. ဝယ်မရတော့ဘူး.. ကြားနေရပါတယ်..
    အဲဒါ..
    ပြန်တဲ့သူတွေတည်းဖို့.. ဟော်တယ်ခန်းတွေလည်း… မလွတ်တော့ဘူးချည်းကြားနေရတယ်..

    ဆိုတော့…
    အသိအိမ်..မိတ်ဆွေ..ဆွေမျိုးအိမ်တွေတည်းဖို့.. ပြင်နေသူတွေလည်းရှိတယ်..

    ဆက်စပ်…ပြောချင်တာက…
    ဧည့်စာရင်းကိစ္စပါ..
    အဲဒီ.. အဲဒါကြီး.. ဒေါ်အောင်ဆန်းစုကြည်ဦးစားပေးလုပ်ပေးမယ်ထင်ကြောင်း.. တောင်းဆိုကြောင်း…။

    Reply

    • R Ga

      April 5, 2012 at 2:56 pm

      ဒီနှစ်တော်တော်လေး ကို ပြန်လာကြပါတယ်။ အထူးသဖြင့် ဒီနှစ်သင်္ကြန်ကို ဆင်နွဲမလို့ ပြန်လာကြတဲ့လူတွေပိုများပါတယ်။ တစ်ချို့ ဆို မလာခင်ကတည်း က သင်္ကြန်လည်ဖို့ ကားတွေ ကြိုငှားထားကြတယ်လို့လည်းသိရပါတယ်။
      …………………………………………………………………………………………………………………………………..

      ဘယ်လောက်ပဲအဝေးရောက်ရောက်..။
      ကြိုးကြာငှက်တွေလို မွေးဖွာရာအရပ်ကို ပြန်လာချင်ခဲ့
      မိုင်ထောင်ချိီဘယ်လောက်ဝေးဝေး..။
      ရန်ကုန်လမ်းဘေးမှာ
      သေး လွတ်လွတ်လပ်လပ်ပေါက်ရင်း
      မီးပျက်လမိုက်ည အရသာ ငါတို့ တစ်ခါပြန်ခံစားမယ်။
      (အာဂ)

      Reply

  • Ma Ei

    April 5, 2012 at 3:39 pm

    …ဒီလိုမလိုခြင်းတရားတွေ
    ပြီးပြည့်စုံတဲ့တစ်နေ့….

    ဘယ်နေ့လဲ…
    ဘယ်တော့လဲ… …. ….

    Reply

  • shwe kyi

    April 5, 2012 at 9:52 pm

    အင်တာနက်ဆိုင်မှာ ဖုန်းခေါ်နေတဲ့ မိသားစုတွေမြင်တိုင်း အော်မိသားစုတွေတကွဲတပြားတွေတော်တော်များပါလားဆိုပြီးတွေးမိပါရဲ့
    စိတ်မကောင်းလဲဖြစ်မိပါတယ်။
    တစ်ခါက လေယာဉ်ကွင်းမှာ သားအမိနှစ်ယောက်ငိုနေတာကြည့်ရင်မျက်ရည်လည်ရပါတယ်။
    အမေလုပ်သူက check in လုပ်တော့မှာမို့ သမီးလေးကိုချော့ပြီး ပြန်ခိုင်းနေတာပါ။
    သမီးလေးက ၃ နှစ်လောက်ပဲရှိပါသေးတယ်။ ကလေးက အမေလုပ်သူကိုအတင်းဖက်ထားတာပါ။
    အမေလုပ်သူက အပေါက်ဝကိုလိုက်ပို့ပြီ ပြန်လာတော့ လှည်းတွန်းရင်းတစ်ယောက်ထဲငိုနေပါတယ်။
    ရင်ထဲမှာတော်တော်မကောင်းဖြစ်သွားပါတယ်။ တို့နိုင်ငံမှာသာထမင်းဝရင်၊ အဆင်ပြေနေကြရင်၊
    လူတန်းစေ့နေ နိုင်ကြရင်ဒီလိုဝမ်းနည်းပက်လက်နဲ့ မိသားစုဝေး ရေခြားမြေခြားကိုသွားကြရမှာမဟုတ်ဘူးလို့
    တွေးနေမိပါတယ်။ ရွှေမြန်မာတွေ နိုင်ငံခြားကို tourists အနေနဲ့ ကမ္ဘာလှည့်ခရီးသွားကြရမဲ့တစ်နေ့ကိုမျှော်လင့်နေရင်း…….

    Reply

  • Swal Taw Ywet

    April 5, 2012 at 10:59 pm

    Only one mistake-
    တိုင်းတပါးမှာ
    ကျုပ်တို့ ရှင်ဘုရင်မဖြစ်နိုင်ပေမဲ့
    ကျုပ်တို့မြေ ကျုပ်တို့ရေ မဟုတ်ပေမဲ့
    တရားဥပဒေဟာ ကျုပ်တို့အောက်မှာရှိတယ်
    Actually, There is no one above the Law.
    ကျုပ်တို့အောက်မှာ???
    Any how, Yes, I agreed with the poet.
    We love our mother land.We love to stay in Myanmar.
    I will go back home in the month of May, 2012.
    Let’s try our best for our mother land.

    With respect,
    Swal Taw Ywet.

    Reply

    • kai

      April 5, 2012 at 11:04 pm

      တော်တော်မြင်တတ်တာပဲ..
      အယ်ဒီတာလုပ်ဖို့ကောင်းတယ်..။ 😆

      Reply

Leave a Reply

Your email address will not be published.