စိတ်ညစ်စရာ

zaylayJune 11, 20101min04

ထက်ထက်မိုးဦး ကိစ္စ နှင့် ပတ်သက်၍ စစ်တပ်ပါ နှစ်ခြမ်း ကွဲ နိုင်။ ယမန် နေ ့က
သန်လျှက်စွန်းရေတပ်စခန်း
ဝန်ထမ်းအိမ်ရာတွင် ထက်ထက်မိုးဦး အား ထောက်ခံသည့် တပ်ကြပ်ကြီး သန်းမြင့် ၏ ဇနီး
နှင့် ငွေစာရင်းရုံးမှ
တပ်ကြပ် အောင်နိုင် ၏ ဇနီး တို ့အချင်းများ ရာ နှစ်ဘက် အိမ်ထောင် သည်
လိုင်းများ ပါလာ၍ တပ်ရေး ဗိုလ်ကြီး
အုန်းမြင့် က ဝင်ရောက်ဖြန်ဖြေပေးရသည် ဟု သတင်းရရှိသည်။
Updated ဝ၅ .၂ရ .၂၀၁ဝ ထက်ထက်မိုးဦး ၏ ပရိသတ်များ ကလည်း တန်ပြန် ဆန္ဒပြမည် ဟု
အင်တာနက်၊ဖိုရမ် များ နှင့် ဖေ့ဘွတ် တွစ်တာ
တွင် စည်းရုံး လှုံဆော်မှု များ စတင်ပြုလုပ်နေ

အင်း…
အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်မယ့်ကိန်းတော့ဖြစ်လာပြီဗျာ။
တစ်ဖက်နဲ့တစ်ဖက် အုပ်စုတွေ ဖွဲ့ပြီး ဆန္ဒထုတ်ဖော်ကြမယ်ဆိုပါလား။
ထက်ထက်မိုးဦးကိုထောက်ခံတဲ့ဖက်က အဝါဝတ်ကြဗျာ။
ဂျာနယ်လစ်တွေကိုထောက်ခံတဲ့ဖက်က အနီဝတ်ကြဗျာ။
လုံထိန်းတွေကလည်း ရုတ်ရုတ်သဲသဲမဖြစ်အောင် မိုးပေါ်ထောင်မပစ်ပဲ ဝင်ထိန်းကြဗျာ ။
စွမ်းအားရှင်တွေကလည်း ဆူပူမှုမဖြစ်အောင်
ဝါးရင်းတုတ်တွေကိုင်ပြီးထိန်းသိမ်းကြဗျာ ။
ပွဲကတော့ ကြည့်ကောင်းတော့မယ်ထင်တယ် ။ဒီတစ်ခါဖြစ်မယ့် အရေးအခင်းက ထက်ထက်မိုးဦးက
စ တာဖြစ်သွားနိုင်တယ်နော်

ယူကွန် ၊ ၊မေလ ၁၉ ရက်နေ ့က ရန်ကုန်မြို ့ ဆီဒိုနား ဟို တယ် တွင် 7 Days News
ဂျာနယ်မှ အမျိုးသမီး
သတင်းထောက် မအေးသူစံ အား ကိုယ်ထိလက်ရောက် ပြုခဲ့သည့် သရုပ်ဆောင် အကယ်ဒမီ
ထက်ထက်မိုးဦး အား သက်ဆိုင်ရာ တရားရုံးမှ တရားနှင့် အညီ ဖြေရှင်းပေးခြင်း
မပြုပါက သက်ဆိုင်ရာ တရား
ရုံးရှေ့ ၊စာပေစီစစ်ရေး ရုံးရှေ့ နှင့် ထက်ထက်မိုးဦး ၏ အိမ်ရှေ ့တို ့တွင်
ဆန္ဒပြ ရန် စီစဉ် ထားသည် ဟု မအေးသူ
စံ ၏ သူငယ်ချင်း ဖြစ်သူ အမည်မဖော်လို ့သည့် ရန်ကုန် စာနယ် ဇင်းသမားတစ်ဦး
ကပြောကြားခဲ့ပါသည်။

သရုပ်ဆောင် မှု တွင် ဈေးကွက် မရှိတော့ ဘဲ အကျဘက်ရောက် နေသည့် ထက်ထက်မိုးဦး ၏
ကိုယ်ထိလက်ရောက်
အကြမ်းဖက်မှု သတင်း ကို ဖော်ပြခဲ့သည့် The Voice အပတ်စဉ် ထုတ်သတင်းစာနှင့်
The First Music News အပတ်စဉ် ထုတ် သတင်းစာ တို ့အား စာပေစီစစ်ရေး မှ
နှစ်ပတ်ထုတ်ဝေခွင့်မပြုရန်
ညွှန်ကြား ထားကြောင့် သိရသည်။

သရုပ်ဆောာင် ထက်ထက်မိုးဦးသည် ဆီဒီုနား ဟို တယ်တွင် ထိုကဲ့သို
့အကြမ်းဖက်ကိုယ်ထိလက်ရောက် မှု ကျူးလွန်ခဲ့ပြီး နောက် ချက်ခြင်း ပင် ပြန်ကြားရေး
ဝန်ကြီး ဗိုလ်ချူပ် ကျော်ဆန်း ၏ အိမ်သို ့သွားရောက်၍ သူမ၏ သတင်းနှင့် ပတ်သက်၍
ဖော်ပြခွင့် မပေးရန် နှင့် စစ်အစိုးရ ဝါဒ ဖြန် ့ချိရေး ဇာတ်ကား များရိုက်ကူး
ရာတွင် လည်း သူ ကူညီမည် ဖြစ်ကြောင်း ဝင်ရောက် ကန်တော့ ၍ အသနားခံ တောင်း
ပန်ခဲ့သည် ဟု သိရသည်။

ထက်ထက်မိုးဦး ၏ လက်ရှိခင်ပွန်း မှာ သရုပ်ဆောင် ဇူးမြတ်ထက်ဖြစ်ပြီး ၂၀၀၄ ခုနှစ်
က အဆိုတော် အနဂ္ဂ
နှင့် တရားဝင် လေးနှစ်ခန် ့ပေါင်းသင်းခဲ့ပြီး နောက်လမ်းခွဲခဲ့ကြသည်။ထိုသို
့လမ်းခွဲရသည့် အကြောင်းမှာ သူမ၏ မိုလ်ဘိုင်းဖုန်း တယ်လီဖုန်း ခေါ်ဆိုမှု မှတ်တမ်း
အမှတ်တမဲ့ ကြည့်ရှုမိသောကြောင့် အနဂ္ဂ အားဓါး နှင့် လိုက် ခုတ်ရာ မှ အကြင်လင်မယား
ဘဝ နိဂုံးချုပ်ခဲ့ရသည် ဟု ထိုအချိန် က ရန်ကုန် သရုပ်ဆောင် လောက တွင် နာမည်
ကြီးခဲ့သည်။

ထက်ထက်မိုးဦးသည် သရုပ်ဆောင် ဇူးမြတ်ထက် နှင့် မယူခင် ဇာတ်သဘင် များ ကို
လေ့လာလိုက်စားခဲ့သေး
သည်။

ရန်ကုန်မြို ့ရှိ နာမည် ကျော် ဂျာနယ်တစ်စောင် မှ အယ်ဒီတာ တစ်ဦးက “အစိုးရ အား
ဝေဖန် ရေးသားခြင်းလည်း မဟုတ်ပါဘဲ ထက်ထက်မိုးဦး သတင်းဖြစ်ရပ်

နှင့် ပတ်သက်ပြီး ဖော်ပြမိသည့် ဂျာနယ် နှစ်စောင် အား စစ်အစိုးရ မှာ ထုတ်ဝေခွင့်
ရပ်နား ခိုင်းခြင်းမှာ မကြာခင်ကျင်းပမည့် ရွေးကောက်ပွဲတွင် သတင်း လွတ်လပ်ခွင့်
နှင့် ပတ်သက်၍ မူ ဆိုဖွယ်ရာပင် မရှိတော့ ဟု ပြောသည်။

စစ်အစိုးရသည် မြန်မာ အဆိုတော် နှင့် သရုပ်ဆာက်များ ကြား တွင် ထိုကဲ့ သို
နာမည်ဆိုး အဖြစ်အပျက်များ
ပေါ်ပေါက်လာပါက စာမျက်နှာ များ ထက်တွင် သတင်းများ ပါရှိ မလာ ရန်
တားမြစ်ပေးထားပြီး နောက် ဝါဒဖြန် ့
ချိရေး ရုပ်ရှင် ကားများ အား ရိုက်ကူးစေသည်။

သတင်းထောက် မအေးသူစံ သည် သူမအား ထက်ထက်မိုးဦး က ကိုယ်ထိ လက်ရောက် ပြုမှု နှင့်
ပတ်သက်၍
ရန်ကင်းမြို ့နယ် တရားရုံးတွင် တရားစွဲ ဆိုမှု ပြုထားပြီး ယနေ ့ကြားနားမည် ဟု
သိရသည်။

သတင်းထာက် မအေးသူစံ အပါအဝင် သူမ အလုပ်လုပ်နေသည့် ဂျာနယ်တိုက်က မူ တရားရုံးမှ
တရား နှင့် အညီ
ဆုံးဖြတ်ပေး မည် ဟု မျှော်လင့် ရသည် ဟု ဆိုသည်။

မြန်မာ နိုင်ငံတွင် နာမည် ကျော် သရုပ်ဆောင် ၊အဆိုတော် များ ၏ အတွင်း ရေး နှင့်
ပတ်သက်၍ မြန်မာမီဒီယာများက
များ သော အားဖြင့် ဖုံးဖိပေးခဲ့သည်။

ထက်ထက်မိုးဦး သည် မိုးကုတ် မြို ့တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ၁၉၉၆ ခုနှစ်
တွင် ပန်းသခင် ဇာတ်ကား ၂၀၀၁ ခုနှစ် တွင်
သမီးမိုက် ဇာတ်ကား တို ့ဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်
ဆုများရရှိခဲ့သည်။

သူမ သည် အလှုအတန်း များ တွင် ရက်ရော သူ တစ်ယောက် ဖြစ်ပြီး ဘုရား၊ကျောင်း၊ရဟန်း
ဒါယကာမကြီး တစ်
ယောက် ဖြစ်ပြီး မရှိ ဆင်းရဲ သား များ ကို လည်း လှုဒါန်း သူ ဖြစ်သည်။

ယခု ဖြစ်ရပ် နှင့် ပတ်သက် ၍ မင်းသမီး ထက်ထက်မိုးဦး ဘက်က စာနာ သူ များ
လည်းရှိသည်။ သူမ၏ ပရိတ်သတ်
ကမူ သူမ၏ ဖေ့ဘွန် ဖန်ကလပ် တွင် အားပေး စကားများ အားရေး ထားပြီး သတင်း ထောက် အား
မဆင်မခြင် မေး
သည် ဟု သုံးသပ် ထားသည်။

ဆီဒီုနား အရေးအခင်း နှင့် ပတ်သက်ပြီး သတင်းဂျာနယ် များက သတင်းထောက် ဘက်တွင်
ရှိပြီး ပေါပ် ဂျာနယ် (အချို ့)
ကမူ ထက်ထက်မိုးဦး ဘက်တွင် ရှိသည် ဟု သိရသည်။

ရေပြတ်လပ်မှု နှင့် ကြုံတွေ ့နေရသည် ့ ကျေးရွာ များက မူ သောက်သုံးရေ မှန်မှန်
ရရှိပြီး ကာမှ ထိုကိစ္စနှင့် ပတ်သက်၍ မည်သူ
ဘက်တွင် လိုက်ရမည် ကို ဆုံးဖြတ် မည် ဟု ပြောသည်။

ရန်ကုန်မြို ့အထက ၁ ဒဂုံ ရှိ ဆရာမ တစ်ဦးက “ထက်ထက်မှန်တယ် အခု လို မှတ် လောက်
သားလောက် ဖြစ်အောင် ဆုံးမပေး
ရမယ် သူတို ့တွေ က ငါမီဒီယာပဲ ဆိုပြီး လူစွာလုပ်လွန်း တယ် ထက်ထက်မိုးဦး ကိစ္စ
မပြောနဲ ့ပုဂလိက ကျောင်းကိစ္စ ကျွန်မကို အင်
တာလာ ဗျူးတာ တောင် ကောင်းကောင်း ဖြေ မဖြေရင် အကြောင်း သိသွားမယ် ဆိုသည့်
ပုံစံမျိုး ဟု ” ဟု ပြောသည်။

စစ်တမ်းများ အရ သရုပ်ဆောင် ထက်ထက်မိုးဦး၏ ပရိသတ် က မူ သူမဘက်တွင်
တစ်လုံးတစ်စည်းတည်း
ရှိသည်။ ထိုကိစ္စ နှင့် ပတ်သက်၍ ဝါရင့် သရုပ်ဆောင်များ နှင့် ဝါရင့် ဂျာနယ် လစ်
အချို ့က ကြားဝင် ဖြန်ဖြေပေး ရန် ဆန္ဒရှိသည် ဟု သိရသည်။

ကျွန်တော်တို့ အနေဖြင့် လည်း ထိုကိစ္စ မှာ နှစ်ဘက် စလုံး မှ တမင် ရည်ရွယ်ထား
ရိုးမရှိ ဘဲ ရာသီဥတု အပူရှိန် ကြောင့်စိတ်ခံစား မှု များ ထိလွယ်ဆတ်လွယ် ဖြစ်ကာ
စကားနောက် တရားပါ ကြခြင်းသာ
ဖြစ်သည်။ပြဿနာ အရင်း ခံမှာ လည်းဖြေရှင်း လို ့မရသည့် ပြဿနာ မဟုတ်ဘဲ နှစ်ဘက် တွေ
့ဆုံ၍ သဘောထားကြီးကြီး
ဖြင့် တောင်းပန် သင့် သူကာ တောင်း ပန်ကာ ကြေအေး လျှင်ရမည့် ကိစ္စ ဖြစ်သည် ဟု
ယူဆသည်။

နှစ်ဖက် တွေ ့ဆုံညှို နှိုင်း ၍ အဖြေရှာခြင်းဖြစ် ထပ်မံ ပေါ်ပေါက် လာမည့် ပဋိက္ခ
အကျိုးဆက်များ ကို ရှောင် လွှဲနိုင်မည် ဖြစ်သည်။
Rest of your post

4 comments

  • snow

    June 11, 2010 at 10:40 am

    ဟိဟိဟိ ..တော်တော့ရယ်ရတဲ့စစ်တပ်ကမိန်းမတွေ….အလုပ်မရှိကြဘူးကိုးးးးးးးးးးးး

    Reply

  • dondon

    June 11, 2010 at 10:52 am

    bal thu mhar tal mhan tal tot ma thi buu
    yay htar te`. sar ka tot
    yee ya tal !!

    Reply

  • intro

    June 11, 2010 at 11:03 am

    Ha Ha! Very Funny….

    Reply

  • yannaingech

    June 11, 2010 at 12:33 pm

    နောက်ဆက်တွဲသတင်း။ ။ ထက်ထက်မိုးဦးကိစ္စ ဟိုအုပ်စု၊ ဒီအုပ်စု အခြေအတင် ဖြစ်ကြရာမှ အုပ်စုများကြီးထွားလာပြီး အမှားအမှန် လွန်ဆွဲဆုံးဖြတ်ရန် ဆူးလေဘုရားအနီး မြို့တော်စည်ပင်ရှေ့တွင် အုပ်စုနှစ်ခု စုရုံးကြရာ အစိုးရမှ ဆန္ဒပြသည်ဟုအမှတ်မှားပြီး မြောက်ကိုရီးယားမှ လတ်တလောဝယ်ယူထားသည့် စကဒ်ဒုံးကျည်နှစ်လုံးကို လေ့ကျင့်ပစ်ခတ်လိုက်ရာ ပြသနာအားလုံး ပြေလည်သွားခြင်း။

    Reply

Leave a Reply

Your email address will not be published.