နိုင်ငံခြားမှာ ကွာရှင်းနည်းများ

zaylayJune 11, 20101min02

ဂျပန်
အိပ်နေတဲ့မိန်းမရဲ့ပုံစံကိုမကြိုက်ခဲ့ရင် ယောက်ျားကကွာရှင်းခွင့်တောင်းနိုင်တယ်။

အီတလီ
မိန်းမက အိမ်မှုကိစ္စမလုပ်ဘူး၊ မလုပ်ချင်ဘူးဆိုရင်
ယောက်ျားကကွာရှင်းခွင့်တောင်းနိုင်တယ်။

အာဖဂန်နစ္စတန်
တကယ်လို့ မိန်းမဖက်က
အရင်ကွာရှင်းခွင့်တောင်းပြီးနောက်အိမ်ထောင်ထပ်ပြုခဲ့ရင်နောက်ယောက်ျားက
အရင်ယောက်က်ျားကို မင်္ဂလာစရိတ်နှစ်ဆလျော်ရတယ်။ တကယ်လို့ ယောက်ျားဖက်က
အရင်ကွာရှင်းခွင့် တောင်းခဲ့ရင်မိန်းမနောက်အိမ်ထောင်ပြုတဲ့အခါ
နောက်ယောက်ျားက အရင်ယောက်ျားနဲ့မိန်းမတို့ဆောင်ခဲ့တဲ့ မင်္ဂလာစရိတ်ကို
ပေးလျော်ရပါတယ်။

အင်္ဂလန်
ယောက်ျား သို့မဟုတ် မိန်းမ
တစ်ယောက်ယောက်ကကွာရှင်းခွင့်တောင်းနိုင်တယ်။တကယ်လို့နှစ်ဦးလုံးပြိုင်တူကွာရှင်းခွင့်တောင်းခဲ့
ရင် အတည်မပြုဘူး။

လက်ဘနွန်
မိသားစုရိုးရာမှာ မိန်းမဖြစ်သူက အပြင်မထွက်ခင် လင်ယောက်ျားရဲ့
သဘောတူညီချက်ကိုယူရတယ်။ တကယ်လို့ တစ်နေ့မှာ ယောက်ျားက
မိန်းမကိုမလိုချင်တော့တဲ့အခါအပြင်ထွက်မယ်လို့
မိန်းမခွင့်လာတောင်းတဲ့အချိန် “သွား.. အိမ်ပြန်မလာနဲ့တော့”
လို့ပြောပြီး ကွာရှင်းလို့ရပြီဖြစ်တယ်။

Togolese Republic
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ
သက်ဆိုင်ရာရုံးကိုသွားပြီးကွာရှင်းခွင့် တောင်းနိုင်တယ်။ တာဝန်ရှိသူတွေက
သူတို့နှစ်ယောက်ရဲ့ဆံပင်ကိုတစ်ဝက်စီဖြတ်ပြီး
အချင်းချင်းလှဲလှယ်ခိုင်းကြတယ်။

Salvador
ယောက်ျားနဲ့မိန်းမ မချစ်မနှစ်သက်ကြတော့တဲ့အခါ
သက်ဆိုင်ရာရုံးကိုသွားပြီးကွာရှင်းခွင့် တောင်းနိုင်တယ်။ ပြီးတော့
နွားတစ်ကောင်ဝယ် သတ်ဖြတ်ပြီးနှစ်ဖက်မိဘဆွေမျိုး၊ မောင်နှမတွေခေါ်ပြီး
စားသောက်ရတယ်။ စားသောက်ပြီးရင်ယောက်ျားနဲ့
မိန်းမ မျက်နှာချင်းဆိုင်ပြီး တစ်ယောက်ကိုပါး(၁ဝ)
ချက်စီရိုက်ရတယ်။ပါးရိုက်ရတာက နောက်ဆုံးနာကျင်ခြင်းကို မှတ်ယူစေဖို
ဖြစ်ပြီး ရိုက်ပြီးရင်ကွာရှင်းခွင့်ရပြီဖြစ်တယ်။

Ecuador
လင်မယားနှစ်ယောက်ကွာရှင်းချင်ရင်(၃)ရက်အစာငတ်ခံရတယ်။အစာငတ်ခံပြီး(၄)ရက်မြောက်မှာဒေသခံအသက်ကြီးသူတစ်ယောက်ဆီသွားပြီး
အင်အားရှိမရှိအစစ်ဆေးခံရတယ်။ တကယ်လို့ အားမရှိတာမှန်ရင်
ကွာရှင်းခွင့်ပေးတယ်။လိမ်ညာနေတယ်ဆိုရင်တော့ လုံးဝ တစ်သက်လုံး
ကွာရှင်းခွင့်မပေးတော့ဘူး။

အင်တာနက်ပေါ် ဖတ်မိတာလေးပါ။ မှန်မမှန်တော့ မသိဘူး။
ဒါပေမယ့်စိတ်ဝင်စရာကောင်းတာမို့ ဘာသာပြန်လိုက်ပါတယ်။ တစ်ချို့နိုင်ငံက
ကွာရှင်းချင်ရင်တော်တော်လေးခက်တာတွေ့ရတယ်။ အဓိကက
လင်မယားတွေကိုမကွာရှင်းစေချင်တာကြောင့်
ဖြစ်မယ် ထင်ပါတယ်။ တစ်ချို့ကလည်း လွယ်လွန်းနေတယ်…
ရေးသူမသိပါ
မကွဲကွာကြစေလိုပါတယ်
ကူးယူဖော်ပြအပ်ပါသည်
®

2 comments

  • yannaingech

    June 11, 2010 at 6:28 pm

    နှစ်ယောက်လုံးတစ်ပြိုင်နက် ကွာရှင်းခွင့်တောင်းတာကို ခွင့်မပြုတာကတော့ ထူးဆန်းနေသလိုပဲ

    Reply

  • kopauk mandalay

    June 12, 2010 at 4:16 pm

    ကျနော်အလုပ်ကကလေးတွေကိုပြောပြထားပါတယ်။

    အယူလွယ်ပြီး အကွာခက်တယ်လို။
    ူယူတာက အရှေ့ ရနှစ်အိမ် အနောက် ရနှစ်အိမ်သိတယ် ပုဆိုးတန်းတင်တယ်ဆို ပြီးပြီ။
    ကွာတာကတော့ ဘယ်လိုနေရင် အတည်ဖြစ်တယ်ဆိုတာမသိသေးဘူးလို့။
    သိရင်ပြောပြ စမ်းပါ့ဗျာ။
    http://www.kopaukmdy.myanmarsarpay.info

    Reply

Leave a Reply

Your email address will not be published.