အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွားသတဲ့

ကျနော်တို့ မြန်မာပြည်မှာ သေနတ်ဆိုတဲ့ လက်နက်ဟာ တော်ရုံလူနဲ့ အပ်စပ်တဲ့အရာ မဟုတ်ပါဘူး..

အဲဒီလက်နက်သုံးပြီး ဖြစ်တဲ့အမှုက အန်အယ်လ်ဒီ အောင်ပွဲခံရာက အမှုဖြစ်ပွားတယ်ဆိုတော့ ကြည့်လည်းလုပ်ကြပါအုံး အရပ်ကတို့ရယ်

ဒါမျိုးတွေဖြစ်လာမှာစိုးလို့ အန်တီစုက ကြိုမှာထားရက်နဲ့…

ထူးဆန်းတာကတော့ အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများတာတဲ့..

ဓားခုတ်ရာတော့ လက်ဝင်မလျှိုမိကြပါစေနဲ့လို့လဲ ခွပ်ဒေါင်းတွေကို သတိပေးပါရစေဗျာ..

ဒီမိုကရေစီမျိုးစေ့လေးက ခုမှ အပင်ပေါက်ဖို့ အားယူတုန်းအခါရှိသေးလို့ပါ..

<blockquote>

အန်အယ်လ်ဒီ အောင်ပွဲခံရာမှ သေနတ်ပစ်မှုဖြစ်ပွား

ဧပြီ ၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ညနေ ၅ နာရီ (YPI)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မဲအောင်နိုင်သည့် အထိမ်းအမှတ် အောင်ပွဲခံရာမှ ကျေးရွာ လူကြီးတဦးနှင့် တပ်မတော်မှ ဗိုလ်ကြီး တဦးအချင်းများကာ သေနတ်ဖြင့် ပစ်ခတ်မှု ဧပြီလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု ကြားသိရသည်။

သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်ဖောင်ကြီးအပိုင် ပန်းတောကုန်း ကျေးရွာလူကြီး ဦးသိန်းဇော် မှာ ဦးခေါင်းတွင် ရှပ်ထိသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရသည်ဟု လှည်းကူးမှ ရရှိသည့် သတင်းများအရ သိရှိရသည်။

အဖြစ်အပျက်နှင့် ပတ်သက်၍ ရန်ကုန် ဆေးရုံ ဦးနှောက်နှင့် အာရုံကြောဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ လှည်းကူးမှ သေနတ်ပစ်ခတ်မှုကြောင့် ဆေးရုံသို့ ဦးသိန်းဇော်ရောက်ရှိလာသည်မှာ မှန်ကန်ကြောင်းနှင့် ဒဏ်ရာ သက်သာသွားသဖြင့် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်ဟု YPI သို့ဖြေကြားသည်။
ယခုအဖြစ်အပျက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး သို့ဆက်သွယ်ရာ ယနေ့ ညနေပိုင်းထိ အဆက်အသွယ် မရရှိသေးပါ။ ။

(ထပ်မံသိရှိရသမျှ ဖေါ်ပြပေးသွားပါမည်) </blockquote>

ရန်ကုန်က CJ တွေ အစွမ်းပြကြပါအုံး…
credit : Yangon Press International

15 comments

  • Thel Nu Aye

    April 3, 2012 at 6:15 pm

    အင်း အဘတော့ပြောတော့မှာပဲ။ သူသတိပေးထားတာကိုး။ ဗိုလ်ကြီးဆိုတဲ့ကောင်တွေက အထက်မရောက် အောက်မရောက် ပါဝါပြချင်တာကလဲသူ့အပြင်မရှိ။ သူတို့မိန်းမတွေဆိုလဲ ဘာမှန်းမသိပဲ “တပ်ထဲကလေ။ အမျိုးသားကတပ်ကဆိုတော့” အမြဲပြောတယ်။ နားကြားပြင်းကပ်တယ်။ ဘာပဲဖြစ်ဖြစ် မသေမပျောက်ဆိုတော့လဲတော်သေးတာပေါ့။ ပိုသတိရှိသွားတာပေါ့။ တပ်လှန့်ပြီးသားဖြစ်သွား တာပေါ့။

    Reply

    • windtalker

      April 3, 2012 at 7:54 pm

      အမျိုးသားက တပ်ထဲကလေ ။ ဒီတော့ အစားအသောက် မမှန်ဘူးပေါ့ရှင် ။ အဲဒါနဲ ့ဘဲ… သိကြတဲ့အတိုင်း ၊ ပြောကို မပြောချင်တော့ပါဘူး ရှင်ရယ်….
      ဟီဟိ

      Reply

    • ရွာစားကျော်

      April 3, 2012 at 8:18 pm

      ဟုတ်တယ်ဗျ
      တချို့ ဆို ဗိုလ်ကြီးကတော်တော် ဗိုလ်ကတော်က ကဲကဲတွေ တွေ့ရသေးတယ်
      ဗိုလ်ကြီးလင်လုပ်ရတာကို အတော်ဟုတ်လှဘီ မှတ်နေတာလေ..

      Reply

      • photwenty

        April 4, 2012 at 2:39 pm

        ဟိုက် ဗိုလ်ကတော်ဆိုတော. ပြောင်းဖူးပေါ.ဟုတ်စ

        Reply

  • shwe kyi

    April 3, 2012 at 7:28 pm

    အန်တီစုကအမျှော်အမြင်ကြီးစွာနဲ့ စာထုတ်ပေမယ့် ဖြစ်သွားတာစိတ်မကောင်းဘူး။
    စိတ်တိုစိတ်ဆတ်လွယ်သူတွေလက်မှာ လက်နက်ရှိနေတာအန္တရာယ်ပါပဲ။

    Reply

  • ချာလီဂဇက်ဒလဝမ်

    April 3, 2012 at 7:45 pm

    ပစ်ကြ ခတ်ကြ ဒေါသူပုန်ထ
    ရန်ပွဲတွေရပ်ပစ်
    ငြိမ်းချမ်းရေးကိုသာ ဒို့လိုလားသည် ။

    Reply

  • Anaconda MMT

    April 3, 2012 at 8:04 pm

    အရပ်ကတို့ရေ..တို့များလဲပျော်တာပါပဲ.
    အတတ်နို်င်ဆုံးပြသနာကင်းအောင်ပျော်ကြပါ..
    ခုမှ မျှော်လင့်ချက်ရောင်ခြည်လေးသန်းရုံရှိပါသေးတယ်

    Reply

  • ဦးဦးပါလေရာ

    April 4, 2012 at 12:11 am

    အရှုံးကို လက်မခံနိုင် လက်မခံရဲသူတွေမှာ ပေါက်ကွဲတတ်တာပါပဲ။
    ရှုံးပြီး ဖျာတန်းလိပ်ရသေတာမဟုတ်တော့ ပိုဆိုးတယ်။
    ကိုယ့်နီးစပ်ရာတွေကို တတ်နိုင်သမျှ စိတ်ချုပ်တည်း သီးခံကြဖို့ တိုက်တွန်းကြပါဗျာ..။
    အမှန်တော့ ရှေ့ဆက်လုပ်စရာတွေ အများကြီးပါ..။
    အခုမှ ဆထက်ထမ်းပိုး များလာတာပါ..။
    တော်ရုံလောက်ပျော်ပြီးရင် အပျော်ကိုအရှိန်သတ်ပြီး အလုပ်ကိုအရှိန်ယူဘို့ လုပ်ကြစေချင်တယ်။

    Reply

  • ချစ်ရင်ထူးနှစ်

    April 4, 2012 at 7:33 am

    အဲဒါမျိုးတွေကို အထူးသတိထားစေချင်ပါတယ် ..
    တိုင်းပြည် မငြိမ်မသက် ဖြစ်နေတယ်ဆိုရင် စစ်အုပ်ချုပ်ရေးက ပြန်ဝင်လာနိုင်လို့ပါ ..
    သေနတ်တို့ ၊ ဗုံးတို့ ဆိုတာက စစ်တပ် ရယ် ရဲ ရယ် သူပုန် ရယ် မှာပဲ ရှိတာလေ လုပ်တယ်ဆိုရင် အဲဒီ အထဲက တစ်ယောက်ယောက်ပေါ့ ..

    Reply

  • kaung kin pyar

    April 4, 2012 at 8:51 am

    အရာရှိကတော်တွေ ခပ်ကဲကဲကတော့ တစ်ကယ်ပါပဲ….။ ဝင်လာတုန်းကတော့ ပုခုံးပေါ်က အပွင့်လေးကို လက်တွဲလို့ ခပ်မော့မော့ပေါ့…။ ဟဲ…ဟဲ…။ အဲ့ထဲမှာက ဆရာ့ဆရာတွေချည်းပဲ…။ တစ်နှစ်လောက်နေရင် ကိုယ့်အခြေအနေကိုယ်သိပြီး အပိုးကျိုးသွားတတ်ပါတယ်…..။ (ကျွန်ဝယ်ရာ အဆစ်ပါကြောင်း သိသွားတာပါ….)။ အရာရှိမိန်းမတွေ ကိုယ့်ထက်ပါဝါကြီးတဲ့ လူကြီးကတော်ကိုဖားနည်းသိရင်တော့ အိုကေလောက်ပါတယ်…။

    Reply

  • mg mg

    April 4, 2012 at 9:43 am

    “ခွေးကိုရန်မူ၊ ရိုက်သောသူ၊ ရိုက်သူလည်းခွေး၊ ခွေးလည်းခွေး”တဲ့
    အဲဒီတော့ ကိုယ်ခွေးမဖြစ်ချင်လျင် ခွေးနဲ့မတုဖက်ကြပါနဲ့။
    ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ခွေးနဲ့တူတဲ့သူတွေအတွက် အကုန်မခံကြပါနဲ့၊

    Reply

  • chityimhtoo

    April 4, 2012 at 2:08 pm

    မှတ်ပလားငါပစ်လိုက်တာ…..နောက်ဒီ့ထက်နာမယ်…နှူတ်သီးက သရက်သီးသနပ်တွေသုတ်လိုက်ဦး

    Reply

  • Thit Sar Lin

    April 4, 2012 at 2:59 pm

    အခုမှ ရွေးကောက်ပွဲလေးပြီးယုံရှိသေးတယ်….အချင်းချင်းစည်းလုံးသင့်မြတ်နေမှဖြစ်မှာပေါ့…
    စောစောကလည်းကချင်ပြည်နယ် မိုးညှင်းမြို့နယ် မှာအချုပ်ခန်းဖောက်ပြေးလို့သေနတ်နဲ့အပစ်ခံရတဲ့..
    အကျဉ်းသားတွေအကြောင်း..ဖတ်မိလိုက်တယ်ဗျို့….
    တိုင်းပြည်မငြိမ်မသက်ဖြစ်နေတာမျိုးတော့မမြင်ချင်ပါဘူး…………………..
    NLD အောင်ပွဲခံနိုင်တယ်ဆိုတာကလည်း….ပြည်သူတွေက မေစုကိုယုံယုံကြည်ကြည်နဲ့လက်ခံ ပေးလို့ ပဲမဟုတ်ပါလား…..ဒီအချိန်မှာ ပိုပြီးစည်းလုံးညီညွတ်ရမဲ့အရေးကို..ဘာတွေဘယ်လိုတွေဖြစ်နေကြလဲ ကိုမသိတော့ပါဘူး…….

    Reply

  • naked

    April 20, 2012 at 2:51 am

    ့သေနတ်ရှိတဲ့လူကတော့သေနတ်နဲ့ပစ်မှာပဲလေ အကျင့်ပါနေလို့ဖြစ်ပါလိမ့်မယ်

    Reply

Leave a Reply

Your email address will not be published.