“ဘယ်မလဲ မဲတစ်ပြား” တဲ့

ဂ်စ္စူMarch 31, 20122min014

မနက်ဖြန် ဆိုတာနဲ ့ မဲတွေ ထည့်ရတော့မယ်

ခုထိ ဘာမဲတစ်ပြားမှ မရသေးဘူး..အဲတာနဲ ့..

ကိုယ်တစ်ယောက်ထဲလား အောင့်မေ့တာ ကိုယ့်လိုပဲ မရတဲ့လူတွေတစ်ပုံကြီးဗျာ

တစ်ချို ့ဆို တစ်လမ်းလုံးကို လာမပေးသေးတာ..

ထည့်ချင်လွန်းလို ့တစ်ချို ု့များ ခွပ်ဒေါင်းအလံတွေ၊စတစ်ကာတွေ ကားမှာကပ်၊အိမ်မှာချိတ်၊ဆိုင်ကယ်မှာလွင့်

နောက်ဆုံး စက်ဘီးဆိုက်ကားတောင် ခွပ်ဒေါင်း အလံတလူလူနဲ ့ မို ့ ကိုယ်တောင် မျက်စိနောက်မိသေးတယ်

ဆက်ရရင်…

ထည့်ချင်သပမို ့ မဲပေးမည် NLD ဆိုတဲ့လူတွေမှ တစ်ပုံကြီးပေါ့ဗျာ..

ခုတော့ ထည့်စရာမဲလာမပေးသေးဆိုတော့…

သူ ့မေဂျီးဒေါ်အပြားမှာ ရေးပြီး သွားထည့်ရမှာလားဗျာ

အဲတော့…

မဲမရသေးလို ့ ရပ်ကွက်ရုံးသွား

ရပ်ကွက်လူကြီးက ကော်မရှင်မူးကို ဘောလီဘောပုတ်တယ်

ကော်မရှင်မူးကိုမေးတော့ တက္ကစီသွားဆွဲတာ မနက်ကတဲကဆိုပဲ

အေလိုးကလဲ အဲလောက်တောင်အဝှာဖြစ်နေရင် လခွီးမိုလို ့ကော်မရှင်မူးနေသေးလား မသိ

တစ်ချို ့ကော်မရှင်မူးတွေ ဘယ်ချောင်သွားမူးနေလဲမသိ.

ကော်မရှင်မူးမတွေ ့လို ့ရပ်ကွက်ရုံးလာလာမေးကြတာလဲ တစ်ဖွဲ ့ပြီးတစ်ဖွဲ ့

မဲမရလို ့လူတွေက ပူညံပူညံဖြစ်နေပြီ

သတ်မှတ်ရက်အမှီ မဲမရရင်ကြရင် ဘယ်လိုဖြစ်မလဲဆိုတာ လူတွေက ကြိုသိပြီးသား

ဒါကြောင့် ..

အေလိုးတွေလက်ထဲ မသမာမဲတွေ မရောက်အောင်တော့ အတတ်နိုင်ဆုံး လှုပ်ရှားနေကြတာတွေ ့တော့

ဝမ်းသာမိတယ်ဗျ

ပြီးခဲ့တဲ့ ရွေးဂေါက်ပွဲတုန်းက ဒီလောက်မဟုတ်ဘူး၊ဒီလောက် မထ.ကြွ ကြဘူး

အခုတော့ ကိုယ်တိုင်လာပြီး မဲတွေလာလာတောင်းနေကြတာ အားရစရာဗျ

မဲ မရတဲ့လူတွေလဲ NLD အဖွဲ ့ဆီတောင် သွားပြီး သတင်းပို ့ ကြသလားမသိ သိရသလောက်

မဲ မရတဲ့လူတွေအတွက် လာဖြေရှင်းပေးမယ်လို ့ကြားမိတယ်..

ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ရဦးမယ်

 

ခင်ဗျားတို ့တွေကော မဲတစ်ပြား ရကြ ပြီးပြီလားဗျ

မရတဲ့လူတွေအတွက် ထည့်ခွင့်မရှိပဲ  ပြီးသွားရင် ဘယ်လိုလုပ်ကြမလဲဗျ

ကလိန်ကကျစ်တွေ၊လုပ်ကြံမဲတွေ မပါအောင် ဘယ်လိုဖြေရှင်းပေးကြမလဲ

ကျုပ်

ဉာဏ်မမီတော့ပါဘူးဗျာ

 

အားလုံး တာဝန်ကျေပြီးသားပါ

တာဝန်မကျေတာ ဟို ကမကလ တွေ၊ ငလမသတွေ၊ နှမလတွေ၊ ခွမသတွေ အဲကောင်တွေ သတိထားကြပါ။

ဒါဗျဲ။

 

မဲမရတဲ့လူတွေ ဧရာဝတီ့ဘလော့ဂ်မှာ တွေ ့တာနဲ ့ ကူးယူဖော်ပြပါရစေ
မန္တလေး မဟာအောင်မြေ ရဲမွန်တောင်ရပ်ကွက် မဲရုံအမှတ် ၁ ရှေ့ မြင်ကွင်းများ (ဓာတ်ပုံ – မန်းသားလေး/ဧရာဝတီ)

မှတ်ပုံတင် ရှိတယ်၊ ဒီရပ်ကွက် အိမ်ထောင်စုစာရင်းရှိတယ်၊ ဒါပေမယ့် မဲစာရင်းမှာ နာမည် မပါလို့ မဲပေးခွင့်မရတဲ့အတွက်ကြောင့် မှိုင်တွေနေသော မိသားစု



ဘယ်မလဲ ငါတို့နာမည်တွေ

ပြီးတော့ ..

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက် မဲရုံ ၁တွင် မဲစာရင်းနံပါနတ် ၈၇ဝ မှာ သေဆုံးပြီးသူ၏ မဲစာရင်းဖြစ်သော်လည်း ထိုမဲစာရင်း နံပါတ်၊ အမည်ဖြင့် နံနက် ရနာရီ မိနစ် ၃ဝ အချိန်တွင် လာရောက် မဲပေးသူ ရှိခဲ့ကြောင်း သိရပါသည်။

ဆိုသတဲ့..တတ်လဲတတ်နိုင်တဲ့ ဖွတ်တွေပကလားလို ့ပဲ…

 

 

14 comments

  • water-melon

    March 31, 2012 at 10:55 am

    အယ် တောင်မနာမည်ပြောင်းပြန်ပြီ
    နာလည်းပြောင်းမယ်ကွ ဟဟ
    မနက်ဖြန်နာတို့က မဲပေးရဘူးကွ
    စိတ်ညစ်တယ်

    Reply

  • windtalker

    March 31, 2012 at 11:31 am

    ကျုပ်ကတော့ မဲပေးရမှာ ။ မသိလို ့မေးပါရစေ ။ မဲ က အိမ်တိုင်ရာရောက် လာပေးတာလား ။ ၂၀၁ဝ တုန်းကလိုဘဲ ၊ မဲရုံမှာ သွားပေးရမှာ မို ့လား ။ အခုချိန်ထိတော့ ကျုပ်တို ့ရပ်ကွက်ထဲမှာ ဘာသံမှ ကို မကြားရသေးတာ အမှန်ပါဘဲ ။ ၂၀၁ဝ တုန်းကတော့ မတိုင်ခင် တစ်လလောက်ကတဲက ရပ်ကွက်ထဲမှာ ဆိုင်ရာတွေ က လိုက်ပြီး အော်ကြ ၊ မဲရုံးကဘယ်နေရာမှာပါဆိုပြီး အိမ်အရောက်လာပြောလို ့ပြောနဲ ့ဗျ ။ ဘာဘဲဖြစ်ဖြစ် မနက်ဖန်ကတော့ ခွပ်ဒေါင်းအတွက် ရင်တွင်းဖြစ် ဆန္ဒမဲ တစ်မဲ သွားပေးဖို ့လယ်ဒီဖြစ်နေကြောင်း ပါလေ ။

    Reply

    • ဗိုက်ကလေး

      March 31, 2012 at 11:39 am

      မဲရုံပဲ သွားပေးရမယ်ထင်တယ်
      များတို ့ဆီတော့ အရင်က ပေးနေကြနေရာက မဲရုံအတိုင်းပဲ သွားပေးရမှာဂျ အူးပေရ

      Reply

      • ရွာစားကျော်

        March 31, 2012 at 5:02 pm

        နေပြည်တော်
        ကံ့ကော်ရပ်ကွပ်မှာတော့
        အိမ်ယာအုပ်ချုပ်ရေးရုံးမှာ မဲစာရင်းတွေကပ်ထားပေးပါတယ်
        ၂၀၁ဝ တုန်းကလို အိမ်ကိုတော့ စလစ်တွေမပေးတော့ဘူး
        ကိုယ်တိုင်သွားကြည့်ပီး နံပါတ်မှတ်ထားရတယ်..

        Reply

  • Thit Sar Lin

    March 31, 2012 at 11:38 am

    ကြားရတာ…အားရတယ်ဗျာ..တာဝန်ကျေတဲ့လူကတော့ တာဝန်ကျေနေပြီ…ဘယ်လိုလဲ..ဘယ်လိုလဲ
    မနှစ်ကဆိုဗိုက်ကလေးပြောသလိုပဲ….ဒီလောက်မဆူပူဘူးလေ…
    ဒီနှစ်တော့….မနက်ဖြန်ဆိုအဖြေသိရပါပြီဗျာ…
    အမေစုလည်း…ကျန်းမာရေးအခြေအနေဘယ်လိုရှိပြီလဲမသိဘူး…
    ငါတို့အမေစု လည်းသူတတ်နိုင်တဲ့ဘက်ကနေအကောင်းဆုံးကြိုးစားသွားတာပဲလေ…
    ကြိုးစားမှုရလဒ်ကတော့ အကျိုးပြန်ခံစားရမှာပါဗျာ….
    ကြည့်ရတာ ကော်မရှင်မှူးတွေများ ဖိအားပေးခံနေရတာလား ဟီးဟီး
    .

    Reply

  • ငပွကြီး

    March 31, 2012 at 4:35 pm

    ကျုပ်တို့ဆီမှာတော့ အရင်က မဲစာရင်းများလိုက်ဝေသော ကလေးကာကွယ်ဆေးထိုးရန် ဘာနေ့ ညာနေ့ ချီတက်ရန် မတက်ပါက လူငှားဖို့ ငွေ ၅၀ဝ ပေးရန် ဘာအတွက် ညာအတွက် ဘာကြေး ညာကြေး ဆိုပြီး လာနေကြ ကောက်နေတောင်းနေကြ ရာအိမ်မူးကစ ရက်ကွက်အုပ်ချုပ်ရေးမူးအဆုံး ဘယ်သူမှ မဲကိစ္စနဲ့ပါတ်သတ်လို့ လူပ်ရှားမူလုံးဝမတွေ့ရပါဘူး…
    NLD လူများကသာ တအိမ်ဝင်တအိမ်ထွက် မဲစာရင်းပေးခြင်း စလစ်ပြားဝေခြင်းများလိုက်လုပ်နေတာတွေ့ရပါတယ်..
    အဲဒီ ရာအိမ်မူးတွေ တော်တော်မအားဘူးထင်တယ် …:D 😀

    Reply

  • ချာလီဂဇက်ဒလဝမ်

    March 31, 2012 at 7:14 pm

    သူများတွေပြောသလို ကျုပ်လဲပြောချင်တယ်
    အမှန်အကန် နိုင်မှာ
    ဒါပဲ ကျုပ်သိတယ်
    ပြည်သူတွေရဲ့ လိုလားချက် ပဲလေ။

    Reply

  • တာတီး

    March 31, 2012 at 7:32 pm

    ဟုတ်တာတော့ဟုတ်တာပေါ့
    ဒါလဲလေ ဟိုနေ့က အဒေါ်ဂျီးရဲ့ မဲမဲကြီး တစ်ပြား မဖြစ်ဖို့ လိုသနော ။

    Reply

  • အံစာတုံး

    March 31, 2012 at 7:48 pm

    အင်း …
    မဲ … မဲ … မဲ …
    တကယ်တော့ ..
    မဲ ဆိုကတည်းက မဖြူလို့ပေါ့ကွယ် …
    😀 😀

    Reply

  • Khin Latt

    March 31, 2012 at 8:02 pm

    ငွေလမင်း ရဲ့ အဝေးက လူ တွေ ဖြစ်နေလို့ အနီးက လူတွေလို မလှုပ်ရှားနိုင် တာဝန် မကျေနိုင်တာကို စိတ်မကောင်းဘူး။

    ဒါပေမဲ့ ခွပ်ဒေါင်းတွေ အတွက် ရင်ဘတ်ကြီး နဲ့ ကို အားပေးနေပါတယ်။
    နိုင်မှာလဲ သေချာပါတယ်။
    နိုင်တဲ့ အခါလဲ မာန်မတက်ဖို့၊ ဟန်ရေးသိပ်မပြဖို့ ပြင်ဆင်ထားကြပါ။

    တကယ်တော့ မဲနိုင်တာဟာ ဒီမိုကရေစီ တော်လှန်ရေး မှာ နိုင်တာလို့ မပြောနိုင်သေးပါ။
    အဲဒီတော့ မှသာ တော်လှန်ရေး အစ ဖြစ်မှာပါ။
    အဓိက အားလုံးသတိရှိကြပါ။
    ခြေလှမ်း မမှား ကြဖို့ ဂရုစိုက်ပါ။
    အချင်းချင်း ထိန်းကြပါ။

    All the Best NLD!
    You can DO it!

    Reply

  • နေဝန်းနီ

    March 31, 2012 at 8:29 pm

    နီက ဗိုက်လေးဆိုဒေါ့ တွတ်ပီ ဘယ်သွားလဲ နီ့အမ မတေးမျှင်ကော နေကောင်းလား

    Reply

  • နေဝန်းနီ

    March 31, 2012 at 9:34 pm

    နေပြည်တော်စည်ပင်ဝန်ထမ်းများကို ကြံ့ဖွံ ့ကို မဲမထည့်ပါက ထောက်ပံကြေးဖြတ်တောက်မယ်လို ့ခြိမ်းခြောက်ထား
    နေပြည်တော် စည်ပင်မှ မြို ့တော်ဝန်က မှာ ကြားတယ်ဆိုပြီး ဝန်ထမ်းများအား မတ်လ ၂၆ ရက်နေ ့၂၀၁၂ က အစည်းအဝေးခေါ်ယူကာ ကြံခိုင်ရေးကိုသာမဲပေးရန် တိုက်တွန်းပြောကြားခဲ ့ပါတယ်။

    ပြောကြားခဲ့သူကတော့ နေပြည်တော် မြို ့တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ ့
    ဗိုလ်မှူးကြီးဟောင်း ဦဝင်းဌေး ဖြစ်ပါတယ်။

    ပုံစံငယ်များဖြင့် ပြသပြီး (ပူတွဲပါပုံအတိုင်း) မဲ ့ပေးကြဖို ့လည်း ပြောကြားခဲ့ပါတယ်။ ကြံခိုင်ရေးအနိုင်မရပါက ထောက်ပံကြေး ကျပ်(၃၀၀၀၀၀)သုံးသိန်း အား ဖြတ်တောက်ခံ
    ရနိုင်ကြောင်းလည်း ဌာနမှူးများမှတဆင့် ခြိမ်းခြောက်ပြောကြားခိုင်းခဲ ့ပါတယ်။

    အဲဒီနောက် ဝန်ထမ်းအိမ်ယာ အတွင်းမှာလည်း ကြံခိုင်ရေးကို မဲ ပေးရန် မဲ ပုံ
    စံငယ်များဝေပြီး ဒီအတိုင်း မပြောင်းလဲပဲ မဲပေးရန်အမိန်ပေးခဲ ့ပါတယ်။

    သမ္မတကြီး အနိုင်ရခဲ တဲ ့ မဲဆန္ဒနယ်ကနေ ကြံခိုင်ရေးမနိုင်ရင် လစာ ဘယ်တော ့
    မှမတိုးနိုင်ဟု လည်း ပြောကြားခဲ ့ပါတယ်။ ပူးတွဲပါ စာရွက်များအား ဝန်ထမ်းများအိမ်တွင်
    မဲ ့ ပေးခွင့် ရှိသူ (၁၀) ယောက်ရှိက (၁၀)စောင်ဝေပြီ ဒီအတိုင်းမဲပေးရန်နှင့်
    ၎င်းစာရွက်များအား မဲရုံ သို ယူဆောင်ခြင်းမပြုရန် နေပြည်တော် မြို ့တော်စည်ပင် တွဲဘက်အတွင်းရေးမှူးဖြစ်တဲ ့ ဗိုလ်မှူးကြီးဟောင်း ဦဝင်းဌေး က ပြောကြားခဲ့
    နေပြည်တော် စည်ပင် ဝန်ထမ်းများက သတင်းပေးပို ့ထားပါတယ်။
    Myanmar News Now

    http://www.thithtoolwin.com/2012/03/blog-post_2643.html

    Reply

  • kyeemite

    April 1, 2012 at 11:37 am

    မဲကိစ္စပြီးလို့..ဟို၂၀၁ဝ တုံးကလိုလိမ်ဆင်တွေဆိုရင်တော့..
    တာဝန်မကျေတဲ့အဲဒီ မိစိန်ပေါက်ပြောတဲ့ ကမကလ တွေ၊ ငလမသတွေ၊ နှမလတွေ၊ ခွမသတွေ
    ကို..ချီးထုတ်နဲ့ပေါက်ရမယ်ဟေ့..

    Reply

  • ဗိုက်ကလေး

    April 1, 2012 at 1:36 pm

    ကဲဗျာ
    အားလုံး တာဝန်ကျေခဲ့ပြီလို ့ ယူဆပါတယ်
    အားလုံး တာဝန်ကျေမယ်လို ့လဲ မျှော်လင့်ပါတယ်
    တာဝန်ကျေမယ်ဆိုတာလဲ ယုံပြီးသားဖြစ်ပါတယ်ဗျာ
    အားလုံးပဲ ကျေးဇူးတင်ပါတယ်ဗျာ
    စကားမစပ်
    သဂျီး..တစ်သိန်းလောက်ချီးဘာ

    Reply

Leave a Reply

Your email address will not be published.