ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်အတွက် သရုပ်ဆောင်များ လူတွေ့စစ်ဆေးမည်

နွယ်ပင်March 29, 20121min06

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိ ရုပ်ရှင် ဇာတ်ကားရိုက် ကူးရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း နေရာတွင် ပါဝင် သရုပ်ဆောင်ရန် လာရောက် လျှောက်ထားသည့်လူ ၁၅ရ ဦးအနက်မှ သရုပ်ဆောင် (၁၄) ဦးအား မဏာမ ရွေးချယ်လိုက်ပါသည်။ ထိုရွေးချယ်မှုကို မတ်လ ၂၄ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ ရုံးခန်း၌ အမှတ် (၁၀၁-ဘီ) ၊ ဓမ္မစေတီလမ်း ၊ ကမာရွတ်မြို့နယ် ၂၄/၃/၂၀၁၂ ရက်နေ့ ညနေ ခြောက်နာရီ ပြုလုပ်သော ၁၀/၂၀၁၂ ပုံမှန် အစည်းအဝေး၌ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ထိုရွေးချယ်ခြင်း ခံရသည့် သူများကို ဧပြီလ (၇) ရက်တွင် လူတွေ့ စစ်ဆေးမည်ဖြစ်၍ မပျက်မကွက် လာရောက်ရမည် ဖြစ်သည်။

ပဏာမ ရွေးချယ်ထားခြင်း ခံရသူများစာရင်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဖြိုးတေဇာလင်း (ဘီးလင်းမြို့)

၂။ အောင်မိုးမင်း (ဆွာမြို့)

၃။ သိန်းဇော် (လှိုင်သာယာမြို့နယ်)

၄။ အောင်မင်းထွေး (တောင်ဒဂုံမြို့နယ်)

၅။ နေဦး (ခ) နန္ဒမိုး (မြင်းခြံမြို့နယ်)

၆။ တင်ဆွေထူး (လှိုင်သာယာမြို့နယ်)

၇။ မောင်ကျောက်ခဲ (ပြည်ကြီးတံခွန်မြို့နယ်)

၈။ အောင်ဘိုဘိုဇင် (မြောင်းမြမြို့နယ်)

၉။ ဗိုလ်ထွေး (ခ) ခင်မောင်ထွေး (ချောင်းဆုံမြို့နယ်)

၁၀။ ဘုန်းမြင့်ဌေးမော် (ကမာရွတ်မြို့နယ်)

၁၁။ ပန်းချီကိုသူ(ခ) ကျော်နန္ဒ (လှိုင်သာယာမြို့နယ်)

၁၂။ ထိန်မျိုးလင်း(ခ) ထိန်လင်း (ဒေါပုံမြို့နယ်)

၁၃။ အောင်ချမ်း (လားရှိုး)

၁၄။ သက်ဇော်ဝင်း (ဒဂုံမြို့သစ်-အရှေ့ပိုင်း)

ရွှေဟင်္သာသတင်းဌာန

6 comments

  • ဖားသက်ပြင်း

    March 29, 2012 at 12:19 pm

    မမနွယ်ပင်ရေ….
    ကြေညာချက် ထွက်ထားတယ်ဗျို့…

    http://first-11.com/index.php?option=com_content&view=article&id=13023:2012-03-28-15-30-50&catid=42:2009-11-10-07-36-59&Itemid=112

    ဖတ်စေချင်တဲ့ စေတနာကို နားလည်ခံစားမိပေမယ့် …
    ကွိုက်တက်မှာစိုးလို့ အဲ့ဒါလေး..

    ခင်တဲ့
    ဂီ

    Reply

    • နွယ်ပင်

      March 29, 2012 at 12:26 pm

      ဂီဂီရေ …
      ကျေးဇူးတင်ပါတယ်နော်
      နွယ်ပင် မသိတာကို ပြောပြပေးတဲ့အတွက်ပါ
      သတင်းကို ပြောင်းတင်လိုက်ပါတယ် …

      Reply

  • htoosan

    March 29, 2012 at 12:51 pm

    အို ဟို ဒါကြောင့်ကို း . ထောက်ပြီးဖွင့်လိုက်တာ တစ်ခု တက်လာတာ တစ်ခု နဲ့ မျက်စိလည်ပြီး ဘယ်ရောက်သွားလဲ လိုက်ရှာနေတာ..

    Reply

  • etone

    March 29, 2012 at 3:01 pm

    အော … တူတဲ့ လူတွေ အများကြီးတောင်မှ ပါလားနော် … ။
    ဒါပေမယ့် ကိုနေဦး တစ်ယောက်ပဲ အင်တာဗျူးတွေ ဘာတွေလုပ်လို့ ဂျာနယ်ထဲပါတုန်းကတော့ မြင်ဖူးတယ် … ။ ဆန်ကာတင်ထဲပါတဲ့ …တခြား လူတွေလည်း … ဗိုလ်ချုပ်နဲ့ အတော်တူလို့ ဖြစ်မယ် … ။

    ဓါတ်ပုံအနေနဲ့ တူပေမယ့် … ဇာတ်လမ်းထဲ သရုပ်ဆောင်ရတဲ့အခါ …. အံဝင်ခွင်ကျဖို့ ပီပြင်ဖို့လည်း လိုပါသေးတယ် .. တောင့်တောင့်ကြီးနဲ့ ..စာရွက်အလွတ်ကျက်ထားသလိုဆိုလည်း … ရုပ်ဘယ်လောက်တူတူ … ကြည့်ရတာ တမျိုးကြီးနေမှာပါပဲ … ။ 🙄

    Reply

  • Khaing Khaing

    March 29, 2012 at 4:46 pm

    ဗိုလ်ချုပ်အောင်ဆန်းနဲ့တူတာရွာထဲမှာမချိဘူးလား မမနွယ်ဘင် ….

    Reply

  • snow white

    April 5, 2012 at 2:11 pm

    ရုပ်ပုံလေးပါတွဲပြရင်ကောင်းမယ်နော် အကြံပေးတာနော် ဆရာလုပ်တာမဟုတ်ဘူး ဘယ်သူဘယ်ဝါမှန်းမသိလို့ပြောပြတာနော်

    Reply

Leave a Reply

Your email address will not be published.