67 နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့

myanmarcitizenMarch 27, 20121min08

အိမ်ရှေ့မှ တယ်လီဖုန်းမြည်သံက ကျွန်တော့်၏ မနက်ခင်းကို လှုပ်နိုးလိုက်သည်။ အိပ်ယာမှထပြီး ဖုန်းကိုကိုင်လိုက်သည် ကျွန်တော်တို့နယ်မှအသိ ဦးဇင်းတစ်ပါးဖုန်း။ ရန်ကုန်ခုမှရောက်၍ ဖုန်းဆက်ခြင်းဖြစ်ကြောင်း ဒီနေ့ပင် Mandalay ဆက်တက်မည်ဖြစ်ကြောင်း၊ laptop တစ်လုံး လိုချင်သဖြင့် သင့်တော်မည့်အမျိုးအစားအား လိုက်ဝယ်ပေးစေလိုကြောင်း နှင့် အလာပ သလာပ စကားများပြောပြီးတွင် ကျွန်တော်က တပ်မတော်နေ့ ဖြစ်သဖြင့် ရုံးသို့ သွားမည် မသွားမည်မှာ မသေချာကြောင်းပြောရာ ဦးဇင်းမှ “တပ်မတော်နေ့ မဟုတ်ပါဘူးကွ … တော်လှန်ရေးနေ့ပါဟ” ဟုပြန်ပြောလေသည်။ သည်လိုနှင့် စပ်မိစပ်ရာ အကြောင်းများ ထိုဦးဇင်းနှင့် ပြောအပြီးတွင် ကျွန်တော်၏စိတ်အစဉ်ကို “တပ်မတော်နေ့ မဟုတ်ပါဘူးကွ … တော်လှန်ရေးနေ့ပါဟ” ဟုဆိုသော ဦးဇင်း၏စကားသံက လွန်ခဲ့သော အတိတ်ကာလ ၆ရ နှစ်ဆီသို့တရိတ်ရိတ်ယူဆောင်သွားလေတော့ သည်။

“တော်လှန်ရေးနေ့” တိတိကျကျဆိုရရင် ဖက်ဆစ်တော်လှန်ရေးနေ့။ အမိမြန်မာပြည်ကို အမျိုးမျိုးဖိနှိပ်တဲ့ ဖက်ဆစ်ဂျပန်တွေကို စတင်ပြီး အမြစ်ပြတ်တိုက်ခိုက်ခြေမှုန်းပြီး လွတ်လပ်တဲ့နိုင်ငံ ကိုတည်ထောင်ခဲ့တဲ့နေ့ထူးတစ်နေ့ပါ။ လွန်ခဲ့တဲ့ ၆ရ နှစ်ဆီသို့စိတ်ကူးနဲ့ သွားကြည့်မိသည်။ ဗိုလ်ချုပ်ရဲ့ သမိုင်းဝင်မိန့်ခွန်းနားထဲမှာဆွဲဆွဲငင်ငင်ကြီးကြားနေရဆဲ။ နောက်ပြီး မြန်ပြည်တဝန်း သေနပ်သံတွေဆူညံနေကြပြီပေါ့။ နယ်ချဲ့တွေရဲ့ ညီးတွားအော်ဟစ်သံတွေ။ ဗိုလ်ချုပ်လက်အောက်က ပြည်သူချစ်တဲ့ ရဲဘော်များရဲ့ “ကျား” ဆိုပြီး ရဲစိတ်ရဲမန်အပြည့်နဲ့ အော်ဟစ်တိုက်ပွဲဝင်သံတွေဟာ မြန်ပြည်အနှံ့ဆူညံလို့နြေ့ပီပေါ့။

တိုက်ပွဲရဲ့ထုံးစံအတိုင်း နှစ်ဘက်စလုံးလဲ အသက်ပေးကြရမှာပါ။ ငါတို့ဘိုးဘေး ရဲဘော် တွေ ဘယ်လောက်များအသက်ပေးခဲ့ရလေမလဲ။ ဘယ်လောက်များဆင်းရဲပင်ပန်းလိုက်လေမလဲ။ ဒါပေမဲ့ငါတို့ အဖဗိုလ်ချုပ်နဲ့ ငါတို့ရဲ့ချစ်လှစွာသောပြည်သူ့ရဲဘော်တွေက ဒီတိုက်ပွဲတွေမှာ အနိုင်တိုက်ပေးခဲ့လေရဲ့။ ကမ္ဘာ့မြေပုံမှာ မြန်မာဆိုတာရှိစေဖို့ အသက်တွေပေးပြီးရယူပေးခဲ့တယ်။ သေမှာလဲမကြောက်၊ နာမှာလဲမသိ လွတ်လပ်ဖို့ဆိုတဲ့သိတစ်ခုနဲ့တိုက်ပွဲဝင်ခဲ့ကြလေရဲ့။

အကောင်းနှင့်အဆိုးက ဒွန်တွဲပါလာတပ်တာလားဗျာ။ နိုင်ငံကို လွတ်လပ်ရေးရအောင်ယူပေးခဲ့ တဲ့ဗိုလ်ချုပ်လုပ်ကြံခံလိုက်ရတယ်။ လူကိုခွေးကိုက်လိုက်တာပေါ့။ ငါ့တို့ပြည်သူတွေဘယ်လောက်များ ပူဆွေးလိုက်ကြမလဲ။ ရင်ထဲမှာဘယ်လောက်များဒေါသတွေဖြစ်လိုက်ကြမလဲ။ လူမဆန်တဲ့လူတစ်စု ကြောင့် ဗိုလ်ချုပ်ခမျာ မကြွေသင့်ပဲ ကြွေလွှင်ခဲ့ရတယ်။ ဒါတင်ဘယ်ကသေးလို့လဲ … ခက်အဆက်ဆက် အုပ်ချုပ်မှုအဆက်ဆက်အောက်မှာ အသက်ပေးခဲ့ ဘဝကိုစတေးခဲ့ရတဲ့သူတွေ ရောဘယ်လောက်တောင်များလိမ့်မလဲ။

အသက်ပေးရယူခဲ့ရတဲ့သူတွေရဲ့ ဂုဏ်ကိုမှအားမနာ ကိုလိုရာဆွဲပြီး တပ်မတော်နေ့ ရယ်လို့ ပြောင်းရစ်လေတယ်ကွယ်။ တစ်ချို့ခလေးတွေဆို အဖြစ်မှန်ကိုမေ့နေကြပြီပေါ့။ သူတို့လက်ထက်မှာ ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်တဲ့ အလေ့လဲပျောက်ကွယ်ကြပြီပေါ့။ တဖြည်းဖြည်းနဲ့ ကျေးဇူးရှင်တွေကို ပြည်သူတွေမြင်ကွင်းက ပျောက်ကွယ်အောင်လုပ်ခဲ့ကြတယ်။ ဖိနိပ်ခဲ့တယ်။ နောက်ဆုံး ဗိုလ်ချုပ်ပုံအိမ်မှာချိတ်ရင်တောင် အပျက်ကတော်တော်ကြီး အောင်စီမံခဲ့ကြတယ်။ ဒီလိုနဲ့ပဲ တို့တတွေရဲ့ ကျေးဇူးရှင်တွေဟာ တို့မြင်ကွင်းက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ခဲ့တော့တယ်။ တော်လှန်ကြီးကခုထိမပြီးသေးပါဘူး ဆက်လက်တိုက်ပွဲဝင်နေရတုန်းပဲ။ အဖေတို့ခေတ်ကတော့ လွတ်လပ်ရေးအတွက်ပေါ့။ သားတို့ခေတ်မှာက ဒီမိုကလေစီအတွက်တိုက်ပွဲဝင်နေရတာပေါ့။ စိတ်ချပါအဖေ ကျွန်တော်တို့မြန်မာတွေကမညံကြပါဘူး။ အဖေပြောခဲ့သလိုပေါ့ “လက်အားရင် လက်နဲ့ထိုး၊ ခြေအားရင် ခြေနဲ့ကန်ပြီး” “မြန်မာပီပီ ဇာတိမာန်နဲ့ သေကြ”မှာပါ။ အဖေတို့ခေတ်မှာလဲ အဖေတို့ တွေတာဝန်ကျေကြသလို … ကျွန်တော်တို့ ခေတ်မှာလဲ အားလုံးတာဝန်ကျေကြမှာပါ။ဒီမိုကလေစီသာလျင် နောက်ဆုံးပန်းတိုင်မို့လို့ ဘယ်သူမှမသွားလို့မရတော့ပါဘူး။ ပြောင်းလဲမှု အရမ်းမြန်မြန်နဲ့ ပြောင်းလဲသွားရင်တော့သိပ်ကောင်းမှာပါ။

မြန်မာ့အာဇာနည်တွေယူပေးခဲ့တဲ့ လွတ်လပ်ရေးကိုခုတုံးလုပ် ကိုယ်ကျိုးရှာ ပြည်သူတွေကိုနှိပ်စက်။ ကျေးဇူးရှင်တွေကို စော်ကား တဲ့လက်တစ်ဆုပ်စာ လူတွေလဲမကြာခင်ကျဆုံးတော့မှာပါ။ အများဆုံးခံနိုင် ၄ နှစ်ပေါ့။ သူတို့တွေလဲလူမြင်ကွင်းကနေတဖြည်းဖြည်ပျောက်ကွယ်ပြီး သူ့တို့ဘဝနိဂုံးပြီးဆုံးတော့မှာပါ။

 

“ကလင် ကလင်” ဟုသော လက်ထဲမှဖုန်းထပ်ဝင်လာသံနှင့်အတူ ကျွန်တော့၏အတွေးစများသည်လဲ ပြတ်တောက်သွားတော့သည်။ ။

 

၆ရ နှစ်မြောက်ဖက်ဆစ်တော်လှန်ရေးနေ့ နှင့် ကျဆုံးသွားလေပြီးသော ခေတ်အဆက်ဆက်မှ အာဇာနည်များအား အလေးပြုလျက်

MyanmarCitizen

 

 

8 comments

  • shwe kyi

    March 27, 2012 at 7:36 pm

    ရွှေကြည်ကတော့ တပ်မတော်နေ့ လို့ ဘယ်တုန်းကမှမသတ်မှတ်ထားဘူး။ ရွှေကြည်တို့ငယ်ငယ်က တော်လှန်ရေးနေ့လို့
    ပဲမှတ်သားခဲ့ဘူးတယ်။ လူကြီးတွေကလည်း အဲဒီလိုပဲပြောပြတာပဲ။ ဒို့ခေါင်းဆောင်တွေ ဖက်ဆစ်ကိုစတင်တော်လှန်တဲ့နေ့
    လို့ သင်ပေးခဲ့တယ်။ နောက်မှတပ်မတော်နေ့ ဘယ်လိုဖြစ်သွားလဲ မသိတော့ပါဘူး။ တပ်မတော်ရဲ့ဖခင်ဘယ်သူဆိုတာရော
    တပ်မတော်သားတွေသိကြရဲ့လားမေးချင်တယ်။ တပ်မတော်ရဲ့ရည်ရွယ်ချက်ဆိုတာဘာလဲ ဘယ်သူတွေအတွက်လဲဆိုတာရောသိကြရဲ့လားလို့ ပြည်သူတွေကို လက်နက်နဲ့ ချိန်ရက်တဲ့ ပစ်ရက်တဲ့တပ်မတော်သားများကိုမေးချင်မိပါတယ်။

    Reply

    • myanmarcitizen

      March 28, 2012 at 1:38 pm

      ဟုတ်ပါ့ ရွှေကြည်ရေ သူတို့ နာမည်ပြောင်း၊ ဆင်တူဆင်မှားတော့ သိပ်လုပ်တပ်တဲ့သူတွေမလား။ သူတို့ကိုသူတို့တောင် နာမည်အမျိုးမျိုးနဲ့ မြွေအရေခွံလဲသလို့လဲလာကြတာလေ။ အော်မေ့လို့ ရုပ်ပြောင်းရုပ်လွှဲပါတပ်သေးဗျား တော်ကြာဘောင်းဘီနဲ့ အော … ခုကြတော့ ထမီတွေဝတ်ပြီး ခေါင်းပေါင်းလေးတောင်ပေါင်းထားသေးဗျား

      Reply

      • Thel Nu Aye

        March 28, 2012 at 2:22 pm

        ဟိုအရင်တချိန်ကတပ်မတော်ကိုပြန်လိုချင်မိပါတယ်။ အဖဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ဂုဏ်ယူဖွယ်တပ်မတော်ကိုပြန်လိုချင်မိပါတယ်။

        Reply

  • koaung

    March 27, 2012 at 7:40 pm

    ကျနော်ကဒေါ့ မတော်တဲ့လူတွေကို လက်နက်သွားတပ်ပေးလိုက်လို့ တပ်တာမတော်တဲ့နေ့လို့မြင်မိပါကြောင်း

    Reply

  • htoosan

    March 27, 2012 at 8:56 pm

    ကျနော်ကဒေါ့ မတော်တဲ့လူတွေကို လက်နက်သွားတပ်ပေးလိုက်လို့ တပ်တာမတော်တဲ့နေ့လို့မြင်မိပါကြောင်း

    Best joke of the week. Thanks.

    Reply

  • နေဝန်းနီ

    March 27, 2012 at 9:22 pm

    ဟိုက် ဆန်းထူးရေ…… အဲ ထူးစန်းရေ…. မင့်ဟာသကကျောင်းဆရာကြီးပါလား အဲအဲ ကြောက်စရာကြီးပါလားဟ …..။ တို့တော့ ………ပြေးပြီ….။

    Reply

  • Swal Taw Ywet

    March 27, 2012 at 9:57 pm

    Dear Brother, Myanmarcitizen,
    Bravo.
    Very Good point of view.
    တဖြည်းဖြည်းနဲ့ ကျေးဇူးရှင်တွေကို ပြည်သူတွေမြင်ကွင်းက ပျောက်ကွယ်အောင်လုပ်ခဲ့ကြတယ်။ ဖိနိပ်ခဲ့တယ်။
    ………..ခုထိမပြီးသေးပါဘူး ဆက်လက်တိုက်ပွဲဝင်နေရတုန်းပဲ။
    အဖေတို့ခေတ်ကတော့ လွတ်လပ်ရေးအတွက်ပေါ့။
    သားတို့ခေတ်မှာက ဒီမိုကလေစီအတွက်တိုက်ပွဲဝင်နေရတာပေါ့။
    စိတ်ချပါအဖေ ကျွန်တော်တို့မြန်မာတွေကမညံကြပါဘူး။ အဖေပြောခဲ့သလိုပေါ့ “လက်အားရင် လက်နဲ့ထိုး၊ ခြေအားရင် ခြေနဲ့ကန်ပြီး” “မြန်မာပီပီ ဇာတိမာန်နဲ့ သေကြ”မှာပါ။ အဖေတို့ခေတ်မှာလဲ အဖေတို့ တွေတာဝန်ကျေကြသလို … ကျွန်တော်တို့ ခေတ်မှာလဲ ……
    One thumb Up for you.
    Let’s try our best for our Mother land.

    With respect,
    Swal Taw Ywet.

    Reply

  • htoosan

    March 27, 2012 at 9:58 pm

    ကျွန်တော်ပြောတာ ဟုတ်ဘူး ..အပေါ်က ဆရာကြီးပြောဒါ .. လစ်ပြီ… 😀

    Reply

Leave a Reply

Your email address will not be published.