”အမှားတစ်ထောင်နှင့် အရက်”

အမှားတစ်ထောင်နှင့် အရက်

လူတွေအရက်သောက်ကြသည်  လူတွေ  ဆိုသည်ထက်ကျုပ်တို့ မြန်မာပြည်တွင် ယောကျားလေးများအများစု အရက်သောက်ကြသည် ထိုသို့သောက်ကြရာတွင်  လူငယ်ဘဝတွင်ကား အရက်ကို စမ်းသပ်သည့်သဘောဖြင့် သောက်ကြသည် စတင်သောက်စဉ်က မဝံရဲသော်လည်း ရှေ့ှမှအရင်သောက်နှင့်သူ သဘာရင့် အပေါင်းအသင်း၏  ရဲရဲသောက်အံမခန်း သောက်သုံးပြမှုကြောင့် မိမိကိုယ်ကိုယ် သရဲကောင်းသဖွယ် ထိုသူရှေတွင် ဝံကြွားနိုင်စေရန်လည်ကောင်း ထို အပေါင်းအသင်းတို့၏ အထင်သေးသော အကြည့်တို့ဖြင့်ကြည့်ခြင်းနှင့် လှောင်ပြောင်ခြင်းအဖြစ်မှ ကင်းလွတ်ရန်  ကြိတ်မှိတ်သောက်ပြတတ်ကြသည်။။။။။

ကျွန်နုပ်အရက်စတင်သောက်သုံးစဉ်က ထိုသို့မဟုတ်  မည်သူ့ရှေတွင်မှ ဝံကြွားရန်သော်လည်းကောင်း မြှောက်ပင့်ပေးသူ၏ အထင်ကြီးစေရန်လည်းကောင်း စမ်းသပ်သောက်သုံးရန်အတွက်လည်းကောင်း သောက်သုံး ခဲ့သည်ကားမဟုတ်ချေတကား ထိုအရက်အားသောက်ချင်လို့ကို် ကိုယ်တိုင်ကိုယ်ကျဝယ်ယူသောက်သုံးခဲံခြင်းဖြစ်လေသည်  ။။ထို့ကြောင့် ကျွန်နုပ်သည် မကောင်းမှုလုုပ်ရာတွင် မည်သူမျှမြောက်ပင့် ပေးရန်မလိုပဲ လုပ်ဆောင်တတ်ကြောင်းပေါ်လွင်လှပေသည်။ ထိုစဉ်ကအရက်မသောက်တတ်သေးသဖြင့် အရက်၏ အနံကိုကားမခံမနိုင်ဖြစ်၏ အရသာကား ခါးံတူး ချဉ်စုတ်လှပေသည် ထိုပြင်မျိုချလိုက်လျှင်ကားလည်ချောင်းတစ်လျှောက် ပူကာဆင်းလေသည်ထိုစဉ်က အရက်ကောင်းများ ယခုအချိန် လောက်ပေါများခြင်းမရှိပေ ။။။။။။။

ယခု မီဒီယာအများစုတွင်လိူင်လိူင်ကြီးကြော်ငြာလျှက်ရှိသောအရက်များကိုနာမည်မျှမကြားဘူးသေးချိန်လူအများတန်းစီတိုးခွေ့ကာဝယိယူသောက်သုံးရသော ဘုံဆိုင်ဟု ခေါ်သည့် ဆိုင်များတွင်နောက်ဖေးပေါက်မှ ထိုခေတ် တွင် လူအများတွင်တွင်သုံးစွဲကြသော စကားဖြစ်သည့် ဗွီအိုင်ပီ ဟုခေါ်သော ခင်မင်နီးစပ်ရာ လူအချို့ကိုသာ စိတ်ကြိုက်လိုသလောက် ဝယ်ယူနိုင်ရာ နေရာမှ ဝယ်ယူရရှိခဲသော အများ ဘီအီးဒီစီ ဟုခေါ်ကြသောအရက်ဖြူ တစ်ပုလင်းသာဖြစ်လေသည် ထိုစဉ်က ထိုမျှ ခါးသီး ချဉ်စုတ်ကာ မျိုချရန်အလွန်တရာခက်လှစွာသောအရက်အား လူများဘာကြောင့်သောက်ရသနည်း ဒီလောက် အဝင်ဆိုးလို့သာ ခွေးတောင်မသောက်တာဖြစ်မည်ဟူရွှေ့ အတွေးရောက်လေသည် သို့သော်လဲ ထိုအတွေးသည်ကား ခဏသာလျှင်ဖြစ်၏အရက်မူးချင်းသို့ရောက်လေသော်  ထိုအရက်၏အရသာအား ထိုအခါကျမှသာ သဘောကျနှစ်ချိုက်ခြင်းဖြစ်ရလေသည်အရက်မူလျှင်ကား ငိုခြင်လျှင်ငိုလို့ရ၏ ရယ်ခြင်လျှင်ကား ဘယ်သူ့မျှဂရုစိုက်ရန်မလို ရယ်နိုင်၏ စိတ်တွင်းရှိရာအကုန်ပြော၏  မကျေနပ်ချက်ရှိက ရင်ဖွင့်နိုင်သည့်အပြင် အတန်ငယ် သွေးဆူတတ်လျှင်စိန်ခေါ်ရန်ရှာနိုင်၏  ထိုအချက်များအပြင် မူးသွားလို့ပါဗျာဟူသော လျှောချစရာ စကားစုတစ်ခုသည်ကား ကျုပ်တိုကဲ့သို့ အရက်သောက်သူများအတွက်လွန်စွာ ဆင်ခြေပေးစရာကောင်းသော စကားတစ်ရပ်အဖြစ် ကောင်းကောင်းကြီး ကျုပ်တို့ ဘက်မှ ရပ်တည်းပေးလျှက်ရှိနေလေခြင်းကား အမူးသမားများအတွက်အားတစ်ရပ်ဖြစ်လေသည့်အပြင် လူအချို့၏ ကြံဖန်ခွင့်လွှတ်တတ်သော”” မူးနေလို့ပါ မမူးရင်အတော် သဘောကောင်းရှာသား””” ဟူသည့် ခွင့်လွှတ်ချက် ခြွင်းလျက်လေးသည်ကား အမူးသမားထုအတွက် ချစ်စရာကောင်းေသော အချက်လေးလဲဖြစ်နေတတ်လေသည်။။ ထိုအချက်များကိုထောက်ရူ့ ခြင်းအားဖြင့် အရက်သမားများအတွက် မူးနေချိန်တွင်ဘယ်မျှ အထိအမှားအယွင်းများပြုလုပ်နိုင်သည်ဟူသော စံသတ်မှတ်ချက်အဖြစ်တိုင်းတာသတ်မှတ်ထားသော လူအများခွင့်လွတ်လောက်စရာ အကြောင်းပြချက်တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေ လေသည်။။သို့သော် အရက်သည်ကားတစ်ခြားအကျိုးအပြစ်များလည်းရှိနေသည်ဖြစ်လေ၏အရက်သမားသည်ကားအမှားတစ်ထောင်ရှိသည်ဟူသတတ် သိုသော်ငြားထိုအမှားတစ်ထောင်တည်းဟူူသော အမှားများကို စာဖြင့်သော်လည်ကောင်းစကားအဖြစ်သော်လည်းကောင်းမှတ်တမ်းမှတ်ရာအဖြစ် ရှာဖွေတွေ့ရှိခြင်းမရှိခြေထိုသို့ဆိုသော် အရက်သမား၏ လုပ်ရပ်တိုင်းသည် အမှားများသာဖြစ်သည်ဟုဆိုအံသလောသို့တည်းမဟုတ်မူ မည်သည့်အချက်များကသာ အမှားဖြစ်သည်ဟုထောက်ပြပြောဆိုနိုင်မည်နည်းသို့သော် အရက်သမားသည်ကား အမှားတစ်ထောင်ရှိသည်ဆိုသောအချက်ကတော့ လက်ရှိ အချိန်ထိ ပြောစမတ်ရှိနေလေသည်  ထို့ကြောင့် အရက်သောက်သုံးသူအပေါင်းသည်ကား ထိုအမှားတစ်ထောင်အားဖော်ထုတ်မှတ်တမ်းပြု နိုင်စေရန်အားထုတ်သင့်လှပေသည် သို့မှသာ ထိုအမှားတစ်ထောင် သဲကွဲ စေငုစွာရှောင်ရှားနိုင်ကြမည်ဖြစ်လေသည်  အချုပ်အားဖြင့်ဆိုသော် အရက်သောက်ကြပါသည်ဟုဖြစ်စေသော်  သောက်သုံးသူအပေါင်း အမှားတစ်ထောင်ကင်းစေရန် ဆနပြုအပ်သည်အရက်သမားအပေါင်းတို့။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

17 comments

  • windtalker

    March 24, 2012 at 7:36 pm

    လှိုင်လှိုင်ကြီး ကြေငြာတဲ့ အရက်မျိုးတော့ စမ်းသောက်ချင်မိသားဗျ ။
    မည်သို ့ပင် ဖြစ်စေကာမူ
    အရက် ကို ခွက်ပုန်းကစ်သူ ၊ ပုံမှန်ကစ်သူ ၊ နည်းမျိုးစုံကစ်ကြကုန်သော အမျိုးကောင်းသားတို ့မှာ ၊ အသည်းအားတိုးဆေး တစ်မျိုးမျိုး ကို ပုံမှန်မှီဝဲသင့်ကြောင်း ၊ အခမဲ့ကြေငြာဝင်လိုက်ပါသည် ။
    အသည်းအားတိုးဆေး ဈေးကြီးသည် ဟု ဆိုကာ ကျွန်ုပ်ဝန်းကျင်မှ ရှက်မန်းများကား မသောက်ကြချေ ။
    ကိုယ်နေ ့စဉ်သောက်သော အရက်ဖိုးမျှသာ ကုန်ကြသည် ကို သတိပြုကာ ၊ အရက်သောက်သူ ယမကာလုလင် အပေါင်း ၊ ကိုယ့်အသည်း ကို ကိုယ် ကာကွယ်နိုင်ကြပါစေ ဟု ၊ ရံဖန်ရခါ သောက်သူ မောင်ပေ မှ ၊ ကိုဘီလူးပို ့စ်တွင် စေတနာမေတ္တာအပြည့်ဖြင့် ကွန်မင့်လိုက်ပါသည် ။

    Reply

  • ကြောင်ကြီး

    March 24, 2012 at 8:12 pm

    အသည်းကောင်းလို့ ပွဲတောင်းသလားဆိုတဲ့ စကားရှိတယ်။ အသည်းဆေး မတတ်နိုင်ရင် အသည်းကောင်းအောင် လက်ဝှေ့တက်ထိုးပါ…။

    Reply

    • နေဝန်းနီ

      March 24, 2012 at 10:24 pm

      ဒီနေရာကနေ ကိုကြောင်ကြီးကို လွှတ်တော်ထဲ အချိန်ကိုက်ဆွဲသွင်းမှဗျို့….. ။ လွှတ်တော်လွှတ်တော်နဲ့ တစ်တော်ထဲတော်နေတဲ့ အချိန်မျိုးမို့ပါ…။ ပြီးရင် အရက်နဲ့ ပါတ်သက်တဲ့ ပြင်းထန်ထ်ိရောက်တဲ့ ဥပဒေမျိုး ထုတ်ပြန်ဖို့ တင်ပေးပါ ကိုကြောင်ကြီးရေ့……….။ ခုထိ လွှတ်တော်ထဲ က အမတ်ကြီးတွေ အရက်နဲ့ ပတ်သက်လို့ ပြောသံမကြားသေးဘူးဗျ….။ သိလား?

      Reply

  • ကြောင်လေး

    March 25, 2012 at 7:09 am

    အော် သူရို့လဲ အရက်ကြိုက်တဲ့သူများ ဖြစ်ပေမပေါ့။

    Reply

  • အမေရိကန်ငတုံး

    March 25, 2012 at 11:23 am

    အရက်တုတွေအကြောင်းတော့စီး/ကူးဝန်ကြီးဦးဝင်းမြင့်ဟိုတစ်လောကပြော
    သာွးတာဖတ်လိုက်ရတယ်။နယ်တွေမှာလူငယ်တွေအရက်တုတွေသောက်ပီး
    စောစောစီးစီးဂန်.ကုန်ကြတယ်ဆိုလားဘဲ။အရက်တုတွေတော်တော်ပေါလာတာ
    တော့အမှန်ပဲ။ခုနောက်ပိုင်းခဏခဏအတုမိတယ်။တော်တော်ဒေါသထွက်ဖို.
    ကောင်းတယ်။ပိုက်ဆံလည်းကုန်သေးတယ်။ရောဂါလည်းပိုရသေးတယ်။

    Reply

    • နေဝန်းနီ

      March 25, 2012 at 11:32 am

      အပေါ်ကတင်ထားတဲ့ပုံကကော အတုလားအစစ်လားမသိဘူး ပေါက်ဖော်တို့ ကိုသတိထား မသွားဦးမယ်….။ 😛 😛

      Reply

  • kokothandar

    March 25, 2012 at 11:30 am

    ကျား သတ္တဝါက နွားကြိုက်
    နွားက မြက်ကြိုက်
    မျောက်က ငှက်ပျောသီးကြိုက်
    ပင်ဒါဝက်ဝံက ဝါးကြိုက်
    မိကျောင်းက အသားဘဲကြိုက်
    လင်းတက အသေကောင်ကြိုက်
    သေမှာမှန်းသိပေမဲ့ မူးရစ်ဆေးဝါးတစ်စိုက်မတ်မတ် သုံးသူတွေနဲ့စာရင် ယမကာလုင်တွေဘဝကပျော်စရာပါ
    အီစကို ကတော့ အရက်သောက်သက် သုံးဆယ်ငါးနှစ်ရှြိ့ပီ အိုကေ မှာစိုပြေတုံးပါဘဲ ဘော်ဒါကြီးမကြိုက်ခဲ့တာ
    သောက်ကြည့်မှနောင်တရလိမ့်မယ် တစ်ကယ်ပါ

    Reply

  • သေနှင့်အရက်
    စီးပွားဖျက်ကို
    တစ်စက်ကယ်မျှ
    မသောက်ကြနှင့်
    ရှောင်ကြပါလေ
    ရှင်တော်ဟောသည့် အဆိပ်ရေ

    အဲလို ရှင်မဟာရဋ္ဌရဲ့ ဆုံးမစာထဲမှာ မှတ်သားဖူးခဲ့တယ် …..

    Reply

  • blackchaw

    March 25, 2012 at 12:01 pm

    ဘီလူးကြီးရေ။
    ပျောက်လှချည်လားဗျာ။
    အရက်ကတော့ မသောက်တာ အကောင်းဆုံးပါဗျာ။
    အဲ…သောက်ရင်တော့လည်း သတိလေးနဲ့ သောက်တာအကောင်းဆုံးပါ။
    မကြာခင် ရောက်လာတော့မယ့် သင်္ကြန်မှာ
    အရက် တွေ ဘယ်လို ပရိုမိုးရှင်းလုပ်ကြမလဲဆိုတာ
    စောင့်ကြည့်ရမယ်ဗျို့။
    ကျွန်တော်တို့ လေးဖြူကြီးကိုတော့ ဂရန်းရွိုင်ရယ်က သိမ်းပိုက်ထားပြီးပြီဆိုလား။
    စကားမစပ် ခင်ဗျားသုံးထားတဲ့ ပုံထဲမှာ အရက်တံဆိပ်တစ်ခုပါနေတာ
    အားနာစရာများ ဖြစ်နေမလားလို့…။ 😛

    Reply

    • “ဘီလူးကြီး”ogre

      March 25, 2012 at 7:02 pm

      အားနာဘို့လိုမယ် မထင်ဘူးဗျ
      ဒီတံဆိပ်ပါတဲ့ပုလင်းအဖုံးထဲ က နံပါတ်တွေကြောင့် တစ်ပါတ်လောက် သောက်ဖြစ်ခဲ့တာလေးဆက်ရေးပါအုံးမယ် ဗျာ
      ကိုယ်ကသောက်ချင်တာလဲပါတာပေါ့လေ ဟုတ်ရဲလားကိုဘလက် 🙂

      Reply

  • kai

    March 25, 2012 at 2:27 pm

    ဟင့်..
    ဒီနေ့တင်.. ဂျော်နီလမ်းလျှောက် ဒဘယ်ဘလက်တလုံးဝယ်ပြီးပြန်လာတယ်..။
    ဂဏန်း၂ကောင်ဝယ်ပြီး အရက်နဲ့မြည်းတယ်…
    စားပြီးကွန်ပျူတာဖွင့်တော့ ဒီစာတွေ့တာ..

    စိတ်ပျော်လို့သောက်တဲ့အရက်..စာဖတ်မိတော့… စိတ်ပိန်သွားပြီ..
    ပြန်လျှော်.. 😕

    Reply

    • Mလုလင်

      March 25, 2012 at 2:45 pm

      တိန်!!!! ဘုံဆိုင် က ဇေ ကို အကြွေးနဲ့ဝယ် ပြီးပြန်လာတယ်။ ပဲကြီးလှော် နှစ်ထုပ် ဝယ်ပြီး မြည်းတယ်။ ပြီးတော့ ဂေဇက် ဖွင့်တယ်။ ဒီ comment တွေ့တော့ …
      အားငယ် သွားပြီ ….။
      ပို့လိုက် .. အဲ့ ဒဘယ်ဘလက် ဆိုတာကြီးကို …

      Reply

    • “ဘီလူးကြီး”ogre

      March 25, 2012 at 7:04 pm

      သူကြီးရဲ့ ဒဘယ် ဘလက်နဲ့ ကျုပ် တောအရက်ကလေး လဲပါရစေခင်ဗျာ
      အလိုက်အနေနဲ့ပဲကြီးလှော် တစ်ထုပ် အစစ်ပေးမယ် 🙂 🙂

      Reply

  • cobra

    March 25, 2012 at 3:24 pm

    သောက်လေသောက်လေငတ်မပြေ…
    အရက်နဲ ့ဆေးခြောက်ဘယ်ဟာကြိုက်လဲမေးရင်
    အရက်ပဲကြိုက်တယ်ဟေ့
    မကောင်းဘူးလို့ပြောပင်မယ့်ပြောနေရင်းတောင်
    သောက်နေတာလေ….။

    Reply

  • အရင့်ရောင်

    March 25, 2012 at 3:35 pm

    ဓါး ကို ဖျတ် တော့ ဝါးမျတ်
    လူ ကို ဖျတ်တာ အရက်…..
    အရက် ကို ဖျတ်တာ ရေ…………
    တစ်ခါတစ်လေ အရက် ရေပိုးတောင် မမူးဘူးနော်
    ဟိုသည် ကူးလူးနေတာ တွေ့ရပါရဲ့………
    ရေရော ထားလိုက်တာ အဲဒါကိုသာကြည့်ကြပေတော့….ရွာသားတို့ရေ……
    အရင့်ရောင် တို့ကတော့ ထန်းရေခါးကို အပန်းပြေသွားအောင် သောက်တယ်ဗျ….
    အရက်တော့ ……….ဟိုးးးးးးးးတုန်းက…….

    Reply

  • Don Juan Ronald

    March 25, 2012 at 11:01 pm

    သောက် တော့ သောက် ကြ ပေါ့ ဗျာ ~~~~
    အ ရေး အ ကြီး ဆုံး ကတော့ “ မူး ရင် မ မောင်း နဲ့၊ မောင်း ရင် မ မူး နဲ့”
    အ ခ မ သင့် ရင် ၊ အဲ ဒါ က “ အ သဲ ” ကို လုံး ဝ ကွဲ သွား စေ နိုင် ကြောင်း ပါ ခင် ဗျား ~~~

    Reply

  • kyeemite

    March 26, 2012 at 10:21 am

    စိန်ဝင်းထွန်းသီချင်းလေးသွားသတိရတယ်…
    အရက်ကိုကြိုက်လို့သောက်တဲ့သူ
    စိတ်ပျော်တတ်လို့သောက်တဲ့သူ..
    စိတ်ညစ်တဲ့အရက်မူးသမား..ဒန်..တန့် တန့်..ဒန်..တန့် တန့်
    ကျုပ်ကတော့ကြိုက်လို့သောက်တဲ့အထဲပါတယ်..
    သဂျီးကတော့ ဒုတိယအမျိုးအစားပေါ့…

    Reply

Leave a Reply

Your email address will not be published.