ဖွင့်တော့ဖွင့်ပြီ ဒါပေမယ့် ဘာမှ မသေချာသေးဘူး

လင်းဝေJune 10, 20101min04

ရတနာ-ရန်ကုန် (၂၄)လက်မ ကမ်းလွန် သဘာဝဓါတ်ငွေ့ပိုက်လိုင်း အောင်မြင်စွာ ဆက်သွယ်ပြီးစီး၊ ရတနာဓါတ်ငွေ့မြေမှ သဘာဝဓါတ်ငွေ့အား ကမ်းလွန်ပိုက်လိုင်း သစ်အတွင်းသို့ စတင်ပို့လွှတ်။ ဒီလို ဒီလို ခေါင်းစဉ်ကြီးနဲ့ ကို ဒီနေ့သတင်းစာတွေမှာ ပါလာတာပါ ခင်ဗျား။ ဖွင့်တာက ဇွန်လ ( ၈ ) ရက် နံနက် မင်္ဂလာ အချိန်ကျရောက်သော (၉)နာရီမှာပါ။ ဒီနေ့ (၁၀)ရက်နေ့ မနက်ထိတော့ ဘာမီးမှ မှန်အောင်မလာနိုင်သေးပါဘူး။ သတင်းစာအလိုအရတော့ ဓါတ်ငွေ့တွေလွှတ်လိုက်ပေမယ့် ရွာမကို ချက်ချင်းရောက်မလာနိုင်သေးပုံ ဆိုထားပါတယ်။ ကြားထဲက ကုန်းတွင်းစခန်း ဒေါ်ညိမ်း( တစ်ခါတစ်လေ သူတို့ စာလုံးပေါင်းတာက ဒေါ်ငြိမ်း တဲ့၊ အခု တွေ့ပြန်တော့ ဒေါ်ညိမ်း ပြန်ပြီ။ ကိုယ်တိုင် အဲဒီဘက်ရောက်တုန်းက တော့ ဒေါ်ငြိမ်း လို့ ပဲရေးပါတယ်။ ငြိမ်း ရတာ စိတ်မပါလို့ ညိမ်း တာလားမသိပါ။ ) ကို ရောက်မရောက်တောင် ရှင်းအောင်မပါသေးပါဘူး။ ဓါတ်ငွေ့ ရွေ့လျားနှုန်းက တစ်နာရီ ဘယ်လောက် အရှိန် ရှိသလဲတော့ မသိပါ။ (၈)ရက်နေ့ က ဖွင့်လိုက်တဲ့ ဓါတ်ငွေ့ က (၁၀)ရက်နေ့ထိအောင် ရန်ကုန်ကို ရောက်သလား မရောက်သလား ကားဂိတ်မှာ သွားကြည့်မှ နဲ့တူပါတယ်။ ဘူတာရုံကို ဖုန်းဆက်ရင်ပဲကောင်းမလား မသိပါဘူး။ လေယာဉ်ကွင်းတော့ ဆက်စရာမလိုဘူး ဒီအရှိန်နဲ့လာတာဆိုတော့၊ အဲပြောလို့ မရဘူးနော် မုန်တိုင်းရှိတော့ လေယာဉ် ကင်ဆာ(flight cancel)ဖြစ်သလား မသိဘူး။ ထားပါတော့ ထုံးစံအတိုင်း မခိုင်လုံတဲ့ သတင်းရပ်ကွက် ကို “အဲဒီတော့ ဘယ်တော့ တာဘိုင်တွေလည်ပြီး မီးလာမှာလဲ” တိုးတိုးမေးကြည့်တော့ ဓါတ်ငွေ့အခြေအနေကို တောင် ကောင်းအောင်မပြောနိုင်သေးပါကြောင်းလို့ ဆိုပါတယ်။ သတင်းစာထဲမှာ ကလည်း ထုံးစံအတိုင်း မကြာမီ လို့ ပြောထားတော့ ( ဓါတ်ငွေ့ ပို့လွှတ်ခြင်း နည်းစဉ် အရ ဖြေးဖြေးလုပ်ရမယ်ဆိုလား )  စောင့်ရမှာပေါ့လေ။ ရွေးကောက်ပွဲတောင် မကြာမီ ( ၂၀၁ဝ ခုနှစ်အတွင်း ) လို့ ပဲ အကြမ်းဖျင်း (ဖျဉ်း) လုပ်ထားရသေးတာကိုး။ တတ်နိုင်သလောက်လုပ်နေကြရှာတာကို အပြစ်မပြောရက်တော့ပါဘူး ကွယ်။ တတ်နိုင်တာ ဒီလောက်ကိုးလို့ ပဲ မှတ်ရတော့တာပေါ့လေ။ အတင်းရပ်ကွက်က ကြားတာကတော့ ဂိုဏ်းချုပ်က ဒီလလယ်မှ မီးမလင်းရင် မင်းတို့ နှစ်ကောင်ထွက်တော့လို့ အပြောခံရပါသတဲ့။ စွမ်းအင် ဝင်ကီးက သူ့ဘက်ကတော့ဓါတ်ငွေ့ ပို့လိုက်ပြီဆို ပြီး ဘော်လုံးကို ပို့လိုက်ပါပြီ လျှပ်စစ်က လူဆီကို။ ဟို လျှပ်ကောင် ခမျာ စွမ်းအင်ရမှ လည်ရရှာမယ့် တာဘိုင်တွေဆိုတော့ နောက်ကျရင် သူ့အပြစ် ဖြစ်တော့မှာ မို့ အမြန်ဆုံး လည်နိုင်အောင်လုပ်နေပါပြီတဲ့။ မလည်နိုင်ရင်တောင် ယောက္ခမ ပစ္စည်းတွေ သွားပေါင်ပြီး တစ်မြို့လုံးကို မီးစက်တွေဝယ်ပေးတော့မှာပါ။ ထုံးစံအရ အလျော်အစား သဘောကို ကောင်းကောင်းနားလည်ကြပါတယ်။ အစားချည်းပဲ ဘယ်ဖြစ်မတုန်း ကွယ်တို့။ တိန်….။

4 comments

  • yannaingech

    June 10, 2010 at 5:47 am

    သတင်းထဲမှာ အသံက“စွမ်းအင်ဝန်ကြီးက မင်္ဂလာအချိန်မှာ ဓာတ်ငွေ့ဘား(gas valve) ကိုကိုယ်တိုင်ဖွင့်”လိုက်ပြီးတော့ အရုပ်မှာကျတော့ ဖွင့်လဲဖွင့်ဘူး။ ရုပ်တည်ကြီးတွေနဲ့ သူတို့လည်း ဟာသလုပ်တတ်တယ်ဗျ။ မဆိုးဘူး…

    Reply

  • htethtet

    June 10, 2010 at 6:53 am

    သတင်းထဲမှာ အသံက“စွမ်းအင်ဝန်ကြီးက မင်္ဂလာအချိန်မှာ ဓာတ်ငွေ့ဘား(gas valve) ကိုကိုယ်တိုင်ဖွင့်”လိုက်ပြီးတော့ အရုပ်မှာကျတော့ ဖွင့်လဲဖွင့်ဘူး။ ရုပ်တည်ကြီးတွေနဲ့ သူတို့လည်း ဟာသလုပ်တတ်တယ်ဗျ။ မဆိုးဘူး… yannaingech ရေ

    ရိုးနေတဲ့ ပတ်ဝိုင်းကြီးလေ… နားထောင်ပါဦး…… ကိုယ်ငယ်ငယ်က လမ်းစဉ်လူငယ်သင်တန်းတစ်ခုမှာ
    သင်တန်းဆင်း ပျော်ပွဲ ရွှင်ပွဲလေးမှာ ဆရာကရယ်စရာတီးလုံးလေး ပါးစပ်ကတီးပြတာလေးပါ
    ….. သူလိမ် ငါလိမ်……………. သူလိမ် ငါလိမ်…..
    …..တည့်တည့်လိမ်………….တည့်တည့်လိမ်……..
    ….. ဗြောင်လိမ်……………. ဗြောင်လိမ်….. တဲ့.

    (၈)ရက်နေ့ က ဖွင့်လိုက်တဲ့ ဓါတ်ငွေ့ က နအဖ/s (နအဖ ပါ စက်ကန့် = ၁၉၈၈ to ၂၀၁၀) နှုံး နဲ့ပို့လိုက်တာ
    Buss Speed ရော FSB ရောက Long time Buss Speed

    Reply

  • etone

    June 10, 2010 at 7:01 am

    မီးကတော့ပျက်မြဲပဲ စိတ်ကုန်တယ် ။

    Reply

  • Scott

    July 27, 2010 at 7:00 pm

    မယုံရေးချမယုံပါ…လျှပ်စစ်အဖွဲ့စကား ကို ချီးစားပြောတောင် ချီးကြိုက်လို့စားတာပဲလို့ထင်တယ်…

    Reply

Leave a Reply

Your email address will not be published.