VOA သတင်းဌာနနဲ့ ဆန်နီနေမင်း အင်တာဗျုး အသံဖိုင်

 

အမေရိကန်အခြေစိုက် VOAသတင်းဌာနနဲ့ အရှင်ကောမလ(ခ)ဆန်နီနေမင်းတို့ရဲ့ အင်တာဗျုး အသံဖိုင်လေးပါ။

ဦးဇင်းအသံရော ဦးဇင်းဘာတွေ ဖြေပေးထားသလဲဆိုတာရော သိရအောင် နားထောင်ကြည့်ကြပေါ့လေ။ ဦးဇင်းလည်း တစ်ခါမှ ဖုန်းနဲ့ပြောပြီး အင်တာဗျုးမလုပ်ဖူးသေးသလို ဘာတွေပြောရမယ်ဆိုတာကိုလည်း စီစဉ်ထားခြင်းမရှိတော့ မိမိကိုရုတ်တရတ်မေးလာတဲ့အခါ စိတ်ထဲပေါ်လာတဲ့အတိုင်း ဖြေပေးလိုက်ရ ပါတယ်။ ဂျာနယ်တွေ၊ ဝက်ဆိုဒ်တွေ အင်တာဗျုးလုပ်ကြတာက အွန်လိုင်းကနေ မေးလ်တာဆိုတော့ စာပြန်ရေးတဲ့အခါ စဉ်းစားရေးလို့ရတာမို့ အစီစဉ်ကျနိုင်ပါတယ်။ ခုလို ဖုန်းနဲ့ပြောရတဲ့အခါကျတော့ အစီစဉ်တော့ မကျလိုက်ပါ။ သို့သော် သည်းခံပြီး နားထောင်ပေးကြပါလေ။

ဒါပြင် VOA ရဲ့ဝက်ဆိုဒ်ဖြစ်တဲ့ http://www.voanews.com/burmese/news/blogger/ မှာလည်း အမြဲတင်ထားပေးပါလိမ့်မယ်။ ဒီဆိုဒ်မှာ အမြဲဝင်ရောက်ကြည့်နိုင်ပါတယ်။ ကော်နရှင်ကောင်းရင်တော့ တိုက်ရိုက်နားထောင်ကြည့်နိုင်ပါလိမ့်မယ်။ ကော်နရှင်မကောင်းတဲ့နေရာကဆို Download ဆွဲကြည့်ကြပေါ့လေ။

အားလုံး အစစအရာရာ အဆင်ပြေပြီး ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလျက်……။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
http://www.sanninaymin.com/
sanninaymin@gmail.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

7 comments

    • kai

      March 21, 2012 at 3:16 am

      အသံဖိုင် ကကြီးရင်တော့ တင်ရခက်ပါတယ်ဘုရာ့..။
      အရှင်ဘုရား Edit လုပ်လို့ရပါပြီဘုရား..

      Reply

    • ကြောင်ကြီး

      March 21, 2012 at 10:46 am

      ဘုန်းတော်ကြောင့်ပါ အရှင်ဘုရား… 😀

      Reply

  • နတ်ဆိုးလေး

    March 21, 2012 at 11:22 am

    ဂျီး video ဖိုင်ဘယ်လိုတင်လဲဗျ

    Reply

  • jujuma

    March 21, 2012 at 11:57 am

    လက်နဲ့ကောက်တင်ပေါ့ဂျ..ဟိဟိ

    Reply

  • ကြောင်ကြီး

    March 23, 2012 at 11:16 am

    အသံဖိုင် ရှာမတွေ့ပါ အရှင်နေမင်းကြီးဘုရား။ ဆိုက်တခုမှာ လင့်ခ်ပေးထားတာတွေ့လို့ ဝင်ကြည့်တော့လည်း 4share ဆိုလားဘာလား မင်န်ဘာဝင် လော့ဂ်အင်လုပ်ခိုင်းနေလို့ ဒေါင်းလုပ်မရပါ။ ဖြစ်နိုင်လျင် အသံဖိုင်တိုက်ရိုက်လင့်ခ် ပေးသနားပါရန် ရွာကိုယ်စား လျောက်ထားအပ်ပါသည် ဘုန်းတော်ကြီးမြတ်တော်မူသော အရှင်နေမင်းကြီးဘုရား…။

    Reply

Leave a Reply

Your email address will not be published.