ရတနာပုံဝက်ဘ်ပေါ်တယ်ကတေးသီချင်းများကို ဝယ်ယူအသုံးပြုမည်

klnJune 9, 20101min01

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအကြီးမားဆုံးဖြစ်သည့် ရတနာပုံဝက်ဘ်ပေါ်တယ်တွင် တေးသီချင်းများအား အခကြေးငွေဖြင့် ဝယ်ယူအသုံးပြုရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။ အစီအစဉ်ကို အဓိကအားဖြင့် ပေါ်တယ်အသုံးပြုသူများ၏ဖျော်ဖြေရေးအတွက် စီစဉ်ခြင်းဖြစ်ပြီး၊ဝယ်ယူအသုံးပြုဖြစ်ခဲ့ပါက ရတနာပုံဝက်ဘ်ပေါ်တယ်သည် တေးသီချင်းအား တရားဝင်ဝယ်ယူအသုံးပြုသည့် ပထမဦးဆုံးဆိုက်တစ်ခုဖြစ်လာမည်ဖြစ်သည်။ “ဒီသီချင်းဝယ်ဖို့ကိစ္စကို ကျွန်တော်တို့ဆီက Music server ကိုင်တဲ့အဖွဲ့နဲ့ ဆောင်ရွက်နေပါတယ်။ အပြီးအပြတ်ရောင်းချတာမျိုးတော့မရှိသေးဘူး။ selection လုပ်ပြီးတော့ ရောင်းဖြစ်မှာပါ”ဟုမြန်မာနိုင်ငံဂီတအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရတနာပုံဝက်ဘ်ပေါ်တယ်ကို ပြီးခဲ့သည့် နှစ်ဆန်းပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီးလက်ရှိတွင် အဆင့်မီပေါ်တယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲရန်လုပ်ဆောင်နေဆဲဖြစ်သည်။ တေးသီချင်းများအား ပထမအဆင့်အနေဖြင့် အပုဒ်ရေရာနှင့်ချီဝယ်ယူသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

One comment

  • faizal

    June 9, 2010 at 3:19 pm

    ဒီသတင်းက 7day news journal (8-12)ဒီနေ့ထွက် issue ကသတင်းတစ်ပုဒ်ဖြစ်ပေမဲ့ post တင်သူက ref;; ကိုရေးမထားပါဘူး

    Reply

Leave a Reply

Your email address will not be published.