စိန်စိန် ရေ တကယ်ချစ်ရဲ့လားတဲ့.. မေးနေပြီ။

Kyi LwinMarch 16, 20121min010

ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းဖို့ ထမံသီကို ရပ်ဖို့လို ဟုဆို

နေမျိုး | ကြာသပတေးနေ့၊ မတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄ရ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေသခံများ၏ စားဝတ်နေရေးကို ဖြေရှင်းပေးနေသည်ဟုဆိုကာ ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းနိုင်ရေး ထိုမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီဆည် တည်ဆောက်မှုကို ရပ်ဆိုင်းပေးရန် ဒေသခံတို့က ဗုဒ္ဓဟူးနေ့တွင် ဆုတောင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်ကြသည်။

ဆုတောင်းပွဲကို စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ လေဝေယံရွာတွင် ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာဝင် ဒေသခံ ကူကီးလူမျိုးများနှင့် ရှမ်းလူမျိုးများ ၁၅ဝ ခန့် စုဝေးတက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်သူ ကူကီးတိုင်းရင်းသူ မဘွဲ့နူးက “သမ္မတကြီးသာ ပြည်သူလူထုတွေကို ချစ်တယ်ဆိုလို့ရှိရင် ဒီချင်းတွင်းမြစ်ကြီးဟာ၊ မြစ်ရိုးတလျှောက်မှာနေတဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လမ်းပန်း ဆက်သွယ်ရေးကိုဖြေရှင်း ပေးနေတာကြောင့် ချင်းတွင်းမြစ်ကို ခန်းခြောက် အောင်မလုပ်ပါနဲ့ ချင်းတွင်းမြစ်ကို ထာဝစဉ် လွတ်လပ်စွာ စီးဆင်းပါစေ၊ ထမံသီရေကာတာ စီမံကိန်းကိုရပ်တန့်ပေးဖို့ ကျနော်၊ ကျမတို့က တောင်းဆိုပါတယ်။” ဟု မဇ္ဈိမကို ပြောသည်။

၂ဝဝရ ခုနှစ်အတွင်း စတင်ခဲ့သည့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အတွင်းရှိ ထမံသီဆည် တည်ဆောက်
ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက ဒေသအတွင်းရှိ ကျေးရွာ ၅၂ ရွာမှ ဒေသခံ ၄၅,၀၀ဝ ခန့်
ပြောင်းရွှေ့ပေးရန် ရှိနေသည်ဟုလည်း ကူကီးအမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံး (KWHRO)မှ ပြုစု သည့် “ချင်းတွင်းမြစ် အပေါ် ဆည်ဆောက်လုပ်မှုရပ်တန့်ပါ” စာတမ်းတွင် ဖေါ်ပြထားသည်။

၂ဝဝရ ခုနှစ်အတွင်း လေဝေယံကျေးရွာနှင့် တဇုံးကျေးရွာတို့မှ ဒေသခံ ၂,၄ဝဝ ကျော် ပြောင်းရွှေ့ပေးခဲ့ရပြီး လျော်ကြေး
ငွေ ကျပ် ၅,ဝဝဝ ထောင် ကျော်သာရခဲ့သည်ဟု KWHRO မှခေါင်းဆောင်တဦးဖြစ်သည့် မငိုင်ငိုင်းက မဇ္ဈိမကို
ပြောသည်။ အဆိုပါကိစ္စအပါအဝင် ထမံသီ စီမံကိန်းရပ်ဆိုင်းရန် ဒေသခံပြည်သူများ ပါဝင်ရေး ထိုးထားသည့် ့လက်မှတ်များအား သမ္မတထံ ပေးပို့တောင်းဆိုသွားမည်ဟု ကူကီးအမျိုးသမီးအဖွဲ့ (KWHRO) ကဆိုသည်။

ထမံသီ ဆည်ဆောက်လုပ်ရေး စီမံကိန်းကို မြန်မာစစ်အစိုးရနှင့် အိန္ဒိယနိုင်ငံ အမျိုးသား ရေအားလျှပ်စစ် ထုတ်လုပ်ရေး
ကော်ပိုရေးရှင်း India’s National Hydroelectric Power Corporation (NHPC) တို့ ၂ဝဝ၄ ခုနှစ်အတွင်း နားလည်မှု စာချွန်လွှာလက်မှတ်ထိုး၍ တည်ဆောက်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

10 comments

  • kaung kin pyar

    March 16, 2012 at 2:52 pm

    ဘာလို့ ဒီမြစ်တွေကိုပဲ ဓာတ်ကျနေကြတာတုန်း….။ လာပြန်ပြီ ချင်းတွင်းမြစ်။ တရုတ်ပြီး ကုလား။ ရောင်းစားလို့ပဲ မဝနိုင်ဘူး။
    အင်္ဂါဂြိုဟ်ပေါ် မြေနေရာကောင်းလေးကျန်သေးရင် စရံ ကြိုချထားဦးမှ…..။

    Reply

  • inz@ghi

    March 16, 2012 at 2:59 pm

    မြစ်ဆုံ က ချီးနား..
    ရှင်မဖြူ က ဘင်္ဂလား ..
    ချင်းတွင်းက အင်ဒီးယား ..
    တောင်ပိုင်း က ငါးဈေးကွက်က ယိုးဒယား ..
    အလဲ့…
    ဟုတ်လှချည်လား ….

    😀

    Reply

    • Kyi Lwin

      March 16, 2012 at 3:51 pm

      နောက်တခု ဆိုရင် သူ့နှမတွေ အစ်မတွေဗျား။

      Reply

  • အသူရာ

    March 16, 2012 at 3:21 pm

    တရုတ်တို့ ကလားတို့ ကိုပြောလိုက်ပါဗျာ။ သူတို့နိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကျတော့ သိတတ်လိုက်တာ။ကျနော်တို့ကိုလည်းထိန်းသိမ်းခွင့်ပေးပါအုံးလို့

    Reply

  • FattyCat

    March 16, 2012 at 4:08 pm

    ကိုယ့်ကို ချစ်ရဲ့လားလို့မေးလာသူတစ်ယောက်ရယ်…
    မသိလို့မေးတာလား….သိလျက်နဲ့မေးတာလား….

    Reply

    • နေဝန်းနီ

      March 16, 2012 at 6:25 pm

      သိရက်နဲ့ မေးတာဆိုရင်တော့ မင်းအမေးကိုလည်း မဖြေချင်တော့ဘူးကွယ်………. အ်ိုးးးးးးးးး သိပ်ခက်တယ်…………။

      Reply

  • ကြောင်လေး

    March 17, 2012 at 7:57 am

    နိုင်ငံ ဖွံ့ဖြိုးရေးအတွက် လျှပ်စစ် စွမ်းအားတွေ အများကြီးလိုနေသေးပါတယ်။ ကျေးရွာတွေမှာ တရုပ်စက်လေးဖုတ်ချက်ဖုတ်ချက်နဲ့ ပုဂ္ဂလိက မီးပေးစားတာကို မီးရနေပါပြီလို့ စာရင်းတင်ပေးနေရတာတွေ အများကြီးရှိနေပါတယ်။ လုပ်လိုက်တဲ့စီမံကိန်းတွေကျတော့လည်း သူများနိုင်ငံ ကိုရောင်းစားရဖို့ဖြစ်နေတယ်။ နည်းပညာနဲ့ ငွေကြေးမှ မရှိတာကိုး…….
    နိုင်ငံမှာ သဘာဝဓါတ်ငွေ့တွေ ပေါပေါများများထွက်နေတာ သူများကိုရောင်းတာလျော့ပြီး ဂက်စ် တာဘိုင်တွေကနေ လျှပ်စစ် ထုတ်ယူနိုင်ရင်ကောင်းမယ်လို့ ထင်ပါတယ်။ ကျနော့အမြင်ပြောတာပါ၊ရေရှေ ဘာအခက်အခဲရှိလာနိုင်သလဲတော့မသိ၊ ပညာရှင်များ အကြံပေးကြစေချင်ပါရဲ့။

    Reply

  • Gipsy

    March 17, 2012 at 8:14 am

    နောင်ခါ ဆိုရင် မြစ် ဆိုလို့ ကျုပ်တို့ ခင်ဗျားတို့ ( အသဲ ) အမြစ်တွေပဲ ကျန်ရစ်ခဲ့
    တော့ မယ်ထင်ရတယ် …၊
    သူတို့မှာ ရောင်းစရာ မရှိတော့ရင် သတိထားရတော့မယ် တကယ် တကယ် ။

    Reply

  • kyeemite

    March 17, 2012 at 10:27 am

    စဉ်းစားတဲ့အခါမျှမျှတတ စဉ်းစားဘို့တော့လိုတယ်
    ဘာလုပ်လုပ်ကန့်ကွက်နေလို့လည်းမဖြစ်သေးဘူး
    အကျိုးအမြတ်ကဘယ်လိုအချိုးနဲ့ခွဲယူမှာလည်း
    သဘာဝပါတ်ဝန်းကျင်ကိုဘယ်အတိုင်းအတာထိ
    ထိခိုက်နိုင်လည်း…ရွှေ့ပြောင်းပေးရမဲ့တိုင်းရင်းသားတွေအတွက်
    ဘယ်လိုစီမံပေးမှာလဲ..ရေအားလျှပ်စစ်ကရရှိလာမဲ့
    အကျိုးအမြတ်ကို ဘယ်သူတွေအကျိုးအတွက်ဘယ်လိုသုံးမှာလဲ
    ရေကာတာကြောင့် မြစ်ကြီးကိုဘယ်လောက်ထိခိုက်လာနိုင်လဲ
    စတဲ့ စတဲ့ အချက်အလက်တွေသိရမှ..ကန့်ကွက်ရမလား
    ထောက်ခံရမလားသိနိုင်မှာပါ..ရမ်းသမ်းပီး အစိုးရလုပ်သမျှကန့်
    ကွက်နေလို့လည်းမဖြစ်သေးပါဘူး..တိုင်ပြည်မှာလည်းလျှပ်စစ်မီး
    မပေးနိုင်သေးတဲ့ဒေသတွေဒုနဲ့ဒေးပါ..
    ဆိုခဲ့တဲ့အချက်အလက်တွေသိရရင်ကောင်းမယ်ဗျာ..

    Reply

  • windtalker

    March 17, 2012 at 7:03 pm

    ရှိတာအကုန်ထုတ်…
    မရှိရင်တော့ တိုင်ပတ်ပြီ

    Reply

Leave a Reply

Your email address will not be published.