သုံးရာသီ အလွမ်း

လေရူးမွှေနှောက် နွေဦးရောက်လည်း

နေမင်းအပူ ရင်ကဆူသလောက်

အပူချိန်မပြင်ခဲ့ပါဘူး

နွေဦးကပျောက် မိုးဦးရောက်လည်း

ရွာချမိုးရေ ငါ့အလွမ်းမျက်ရည်က

အနိုင်ရခဲ့သေးတယ်

မိုးရာသီကုန် ချမ်းခိုက်တုန်လို့

ဆောင်းဦးကိုရောက် မိုးကပျောက်တော့

နှင်းကျလေပြေ အေးလို့နေလည်း

ရင်ကအပူချိန်ကြောင့် မအေးနိုင်ခဲ့ဘူး

သုံးရာသီကုန် အလွမ်းအဖုံဖုံနှင့်

ရာသီတွေပြောင်း အချိန်တွေနှောင်းလည်း

မပြောင်းလဲတဲ့ လွမ်းဆွတ်မှု

ဘယ်ရာသီဥတုမှ မကုစားနိုင်ခဲ့ဘူး

နာရီလက်တံလေတွေ တချက်ချက်တုန်

ငါ့ရင်တွေ တဆတ်ဆတ်ခုန်နေသရွေ့တော့

မင်းကိုလွမ်းတဲ့ ငါ ရဲ့အလွမ်းတွေ

ပြေနိုင်ဦးမှာ မဟုတ်ဘူး

လွမ်းမြဲသာ..လွမ်းနေမှာပါ ။

5 comments

  • သုံးရာသီ အလွမ်းနဲ့
    အရှုံးတွေနဲ့ စခန်းဆက်နေတဲ့
    အရင့်ရောင် ရေ …..
    ကဗျာလေးကို အားပေးသွားတယ်နော် ….

    Reply

  • aye.kk

    March 12, 2012 at 8:25 pm

    အလွမ်းစာစီ..
    ကဗျာညီသည်..
    ရာသီစက်ဝန်းချာချာလည်။

    Reply

  • a me

    March 12, 2012 at 9:20 pm

    ံသုံးရာသီလုံး လွမ်းနေပါသဖြင့်
    ကူညီပေးကျပါရန်

    Reply

  • Ma Ei

    March 13, 2012 at 1:30 pm

    အရင့်ရောင် ရဲ့ အရောင်ရင့်ရင့်
    အလွမ်းတွေပေါ့လေ…

    Reply

  • manawphyulay

    March 13, 2012 at 3:23 pm

    အင်းပေါ့နော် ရင်ခုန်ရပ်သွားရင်တော့ သေမှာပေါ့ အဲလိုချိန်ကျတော့ ဘယ်လွမ်းလို့ရတော့မလဲ…
    မိုက်တယ် စာသားတွေက လွမ်းတာတောင် ရင်ခုန်တာနဲ့နှိုင်းထားတယ်။

    Reply

Leave a Reply

Your email address will not be published.