နတ်ဝင်သည်နှင့်တစ်ညနေ

htet wayMarch 11, 20121min09

ကျွန်တော်သူငယ်ချင်းရတနာဟာ နတ်ကို ယုံကြည်မူ့အတော်ကြီးတယ်ဆိုရမယ်။နောက်သူ့သူငယ်ချင်းချယ်ရီမေကလည်းနတ်ယုံတယ်။ဒါနဲ့ ရွာထိပ်က ဒေါ်စိန်ကြီးဆီသွားပြီးနတ်မေးဖို့ လုပ်တော့

ကျွန်တော်ကို အဖေါ်ခေါ်ပါတယ်။ဟိုရောက်တော့ နတ်ဝင်သည်ကလည်း ဆရာဇော်ဂျီကဗျာ ဗေဒါလမ်းထဲကလို “နတ်ပူးတဲ့တိုင်ယိုင်ပါပေ့လေး” ဆိုတဲ့ အတိုင်းတုန်တုန်ရီရီနဲ့ဖြေရှာပါတယ်။

ရတနာ။         ။အမေရယ် ကျွန်မချစ်သူက .ကဗျာဆရာပါ သူ့ကဗျာတွေက အရမ်းကောင်းပါတယ်အဲ့ဒါ ကဗျာကြိုက်ပြီး  လူကိုပါကြိုက်ရင်ဒုက္ခပဲ အမေကူပါအုံး….

အမေ(နတ်ဝင်သည်)။  အေးသမီးနင့်အကောင် နင့်ကို မခွာနိုင်အောင်နည်းပေးမယ်ဟဲ့ ဒင်းကို ကဗျာတွေရွတ်သာပြ မောင်ချောနွယ်အောင်ဝေး ဖေါ်ဝေးကစပြီး  . သစ္စာနီ မန္တလေးသိန်းဇော်ပါမကျန်ရွတ်ပြ

သိပြီလား ..ကဗျာဆရာချစ်စေ စွဲလမ်းစေချင်ရင် ကဗျာကိုချစ်ပြလိုက်ကြားလား ဗိုင်းတာမလေးရဲ့……။

ချယ်ရီမေ။      ။အမေပြောရအုံးမယ်  ကျွန်မချစ်သူကိုတာတေက  အကျင့်မပြောင်းပါဘူး ဒီလိုပဲ နဂိုအတိုင်းပဲအမေ…….ကူညီပါအုံး

အမေ။  ။။။    ဒါကတော့အေ…. အရိုးစွဲလာတာ ဘယ်လွယ်လွယ်နဲ့ပြောင်းပါ့မလဲ…သောက်တာကိုနင်ပြတ်စေချင်ရင်ငါ့မပြောနဲ့ ကြီးတဲ့ လူကိုပြော ကိုတာတေအထက်ရဲ့ အထက်ကိုပြောပေါ့

ရတနာ။      ။အမေ…………အိမ်ပိုင်ရှင်လူကြီးကလေ အရင်လိုပဲ အောက်ထပ်မှာနေတယ်…အရင်လိုစရိုက်ပဲ  ညော်ှရင်လည်းညော်ှလို့ ပြော..သူအိမ်ကိုငှားနေရတော့ အမိုှက်ကိစ္စလည်းပြောခံရ

လျှပ်စစ်ကိစ္စ၊ ဧည့်သည်ကိစ္စ….အို စိတ်ညစ်တယ်.ဘယ်လိုလုပ်ရမလဲ

ချယ်ရီမေ။        ။အမေရေ ရပ်ကွက်ထဲမှာ…အလုပ်မရှိအကိုင်မရှိတွေများနေတယ်… ချယ်ရီလည်း အလုပ်မရှိဘူး အဲ့ ဒါ အမေမစပါအုံးနော်…………………။

ရတနာ.။         ။ဟိုနေ့က ပြဿနာတက်တယ်အမေရေ ..ကံနိမ့်တယ်ဆိုရမှာပေါ့    ဟိုကောင်မမိဂျမ်းစိန်လေ ရန်လာစတာ အိမ်ထဲဝင်ဆဲတာလေ..မခံနိုင်လို့ သူကြီးသွားတိုင်တာ ဘာမလည်းမဖြစ်ပါဘူး အမေဆုူံးမပေးပါနော်……………..။

သူတို့ပြောနေတာတွေက အရည်မရအဖတ်မရတွေမို့ ကျွန်ပ် ထပြန်ရန်ပြင်သောအခါ…………

အမေ (နတ်ဝင်သည်)။     ဟဲ့ကောင်မတွေ နင်တို့က အမေကြီးပဲ အပူတနေတယ်..နင်တို့ကိုယ်စွမ်းကိုယ်စလေးနဲ့ လည်းကြိုးစားပါအုံး။နင်တို့ သတ္တိတွေလည်းမွေးကြအုံးလေ..နင်တို့တွေ ဉာဏ်ရည်ကောင်းမှ.၊

သတ္တိတွေရှိပါမှ  နင်တို့ဖြစ်ချင်တာတွေဖြစ်လာမယ်။အခုတော့ နင်တို့ဖြစ်ချင်တာရှိတာတွေပဲငါ့ကိုုလာပြောနေကြတာပဲ..သူကစ၍ငါကအားလုံးလက်ရုံးများမြောင်ဉာဏ်များမြောင်နှင့်စွမ်းဆောင်ကြလေ။

ဝေဖန်ရေးလုပ်နေကြမယ့်အစား တကယ်ကြိုးစား တကယ်လုပ်ကြ……..အမေပြန်မယ် ဒါပဲ။

ကျွန်ပ်လည်း နတ်မေးတာပြီးသွား၍ သူမတို့နှင့်ပြန်လိုက်ခဲ့ပါတော့သည်။

ဝန်ခံချက်။           ။ ရေးချင်တာရှိသော်လည်း ရေးလို့မထွက်၍ ရေးမိရေးရာရေးလိုက်ပါသဖြင့်ဖတ်ပေးသူကို ကျေးဇူးတင်ပါသည်။ ကျွန်ပ်သည် ခပ်ချာချာစာရေးသူတစ်ယောက်ဖြစ်ပါကြောင်း……။

9 comments

  • Gipsy

    March 11, 2012 at 9:28 pm

    ခပ်ချာချာ ရေးသူဟု ကို htet way …၊ မနောက်ပါနဲ့ အကိုလေးရယ် …၊
    ကို htet way က ခပ်ချာချာ ဆိုတော့ …၊ ကျုပ်က သုံးမရတဲ့ သူ ဖြစ်သွားမှာပေါ့ …၊
    ဒီတော့ သိပ်မချာပါနဲ့လားဗျာ…။ နဲနဲလောက် တင်ပေးပါဦး …။
    ဒူးအပေါ် နားလေး ရင်လောက်ပေါ့နော……။

    Reply

  • aye.kk

    March 11, 2012 at 10:34 pm

    နတ်ဆိုတာလိပ်ပြာလှမှဝင်ပါသည်..
    ပြောတိုင်းယုံကဒုက္ခပါ။

    Reply

  • ဦးဦးပါလေရာ

    March 11, 2012 at 11:34 pm

    အေးဗျာ…
    နေရာတကာ အမေချည်းအားကိုးနေလို့ ဖြစ်မလား….
    ကျုပ်တို့ပြည်သူတွေနဲ့တော့
    ကျုပ်တို့အမေကို သနားမိသေး….

    Reply

  • water-melon

    March 12, 2012 at 7:39 am

    ကိုကရဝေးက ခပ်ချာချာစာရေးသူတစ်ယောက်ဖြစ်တယ်ဆိုတော့
    ကျွန်တော်က ပေါချာချာစာဖတ်သူတစ်ယောက်ဖြစ်တယ် 😀
    နေရာတကာ အမေကိုဘဲ အားကိုးနေလို့မဖြစ်
    ကြာရင် အမေရူးလိမ့်မယ်
    ကိုယ်စွမ်းကိုယ်စနဲ့လုပ်တတ်အောင် သင်ယူကြအုန်းတော့

    Reply

  • htet way

    March 12, 2012 at 7:40 am

    အတွင်း၃ရ အပြင်၃ရ …နတ်အကြောင်း
    ကိုကြီးကျော်နတ်…ဒိုးကြေးလေးများပေးသနားတော်မူပါအုံးဘုရား။
    ဒါနတ်သီချင်းတွေပါ။
    နောက်နတ်သီချင်းတစ်ပုဒ်က မွန်အောင်ဆိုတာ….
    မြစ်တွေထဲမှပင်လယ်ဆီ သမုဒရာတွေရဲရဲနီ…နေပူရှိန်မှာ အခိုးအငွေ့တွေပျံလို့
    …ကောင်းကင်နီရဲ……မုန်တိုင်းတိုက်ခတ်ပြီဟေ့။
    ဖတ်ပေးသူများကိုကျေးဇူးပါ။ဆရာGipsyခင်ဗျားကျွန်တော်ဟာဒီလိုပဲ ဝါသနာလေးရှိလို့ရေးနေတာပါ
    ဖတ်ပေးတာကျေးဇူး။ဦးဦးခင်ဗျား…ဉာဏ်ရှေ့ပန်း၍ ညီစေသတည်းပေါ့။aye.kkကိုလည်းကျေးဇူးပါ

    Reply

  • htet way

    March 12, 2012 at 7:51 am

    ဆရာဖရဲခင်ဗျား ဤသို့ မရည်ရွယ်ပါကျွန်ပ်သာချာသောသူဟုရည်ညွှန်းပါသည်။
    စာဖတ်သူကို မဆိုလိုပါ။
    ကိုယ်တိုင် အားထုတ် အမြင်ကြည်ရင် လှပတာပေါ့ဆရာရယ်

    Reply

    • water-melon

      March 12, 2012 at 9:04 am

      အမလေး ကိုုကရဝေးရယ်
      ကျွန်တော်က အပျော်သဘောပြောတာပါ
      အပြုသဘောမဆောင်ပါဘူးဗျာ
      ကျွန်တော်က ရွာသူားတွေအကုန်လုံးကိုလေးစားပြီးသားပါ
      စိတ်မခုပါနဲ့
      ခင်တဲ့မဖရဲ

      Reply

  • snow white

    March 12, 2012 at 12:35 pm

    နေရာတကာ အမေတော့မတသင့်ပါဘူး ကိုယ့်အားကိုယ်ကိုးသင့်ပါတယ် အရာရာကြိုးစား မှတိုးတက်အောင်မြင်ပါမယ်

    Reply

  • htet way

    March 12, 2012 at 12:41 pm

    ဆိုလိုချင်တာကတော့ ဒါပါပဲစနိုးဝိုက်ရေ…ကျေးဇူးပါ
    ဆရာဖရဲရေ ….စိတ်မခုပါဗျား
    ကျွန်တော်ပြောတာကအပေါ်ပိုင်းနဲ့အောက်ပိုင်း ရောထွေးသွားလို့ နားလည်မူလွဲသွား
    တယ်ထင်ပါတယ်
    ခင်မင်စွာဖြင့် ထက်ဝေး

    Reply

Leave a Reply

Your email address will not be published.