ကျောင်းတော်ကြီးနဲ့ မြတ်ဆရာ

manawphyulayMarch 9, 20121min06

အဦးအဆ မိနဲ့ဖ ပြီးရင် ဆရာသမားများသည် မမေ့သင့်သော အရာထဲမှာ တစ်ပါးအပါအဝင်ပါပဲ

လူ့ဘောင်လောက ရောက်လို့လာ
ရတနာသုံးပါး ဦးထိပ်ထား
မိဘများနဲ့ အနန္တငါးပါးဂိုဏ်းဝင်
ဂုဏ်အင်အထူး မြင်းမိုရ်တောင်မက
ကျေးဇူးကြီးတာ၊ မြတ်ဆရာ….
ဖြူစင်မေတ္တာ နာသုံးနာဖြင့်
ကြင်နာဆပွား၊ တပည့်များကို
တတ်သည့်ပညာ မနေသာပဲ
ရှိရှိသမျှ ပညာရပ်ကို
အိမ်သွန်ဖာမှောက် သွန်သင်ဆုံးမ
သင်ကြားပြရင်း
လိမ္မာတိုးတက် အောင်မြင်စေရေး
ရှေးရှုရင်းဖြင့် ယုယပျိုးထောင်
ကောင်းကျိုးဆောင်သည့် ပညာပြည့်ဝ
နှလုံးလှတာ၊ မြတ်ဆရာ…
ဆရာသခင်၊ ကျေးဇူးရှင်တို့
ဂုဏ်အင်ကြီးမား၊ မေတ္တာများကို
ထူးခြားသိမြင် ကျေးဇူးတင်ပြီး
ချစ်ခင်မြတ်နိုး ရိုကျိုးညွတ်တွား
စဉ်မြဲအားဖြင့် လေးစားကြည်ညို
သဒ္ဓါပိုလျက် လက်ဆယ်ဖြာချီ
ထိပ်ဆီအုပ်မိုး ရှိခိုးကော်ရော်
ပူဇော်အပ်ကာ မြတ်ဆရာ….
မြတ်ဆရာ အာစရိသို့
ဝန္ဒာမိ မှန်းလျက်ကြာငုံ
လက်အစုံဖြင့်
အနန္တဂုဏ်သို့ ကန်တော့ပန်း
မမေ့နိုင်ပါ
ယနေ့ချိန်ခါမှာဖြင့် တက်ညီစွာ တွေ့လာနိုင်ပေါ့
တက္ကသီလာ၊ ဒီကျောင်းတော်သာသို့
အကြောင်းမျှော်ကာ၊ ပြန်ဆက်ရွယ်လည်း
ပန်လက်သွယ် ဆယ်ဖြာဦးထွေနှင့်
ဘယ် ဘယ်ခါ မမေ့ဘူးရယ်လို့
သေတစ်ပန် သက်တစ်ဆုံးတိုင်အောင်
ရည်စူးလို့လွမ်း………..

6 comments

  • ဟိုတစ်ချိန်က အဖြူစိမ်းလေးနဲ ့ကျောင်းသားဘဝကို ပြန်လွမ်းမိသလို………
    အထက်တန်းကျောင်းသားဘဝက ငယ်ချစ်ဦးကိုလဲ သွားသတိရမိတယ်။
    ခုနေ သူဘယ်ရောက်နေပါလိမ့်။အိမ်ထောင်တွေကျလို ့မိသားစုတွေနဲ ့
    ဖြစ်နေပီလားကွယ်။
    မမမနောဖြူလေးရေ……အားပေးသွားတယ်နော့။

    Reply

    • Thel Nu Aye

      March 9, 2012 at 9:20 pm

      ဟယ်အပေါ်ကတယောက်ပရောဂျက်နဲ့ရောနှက်သွားပါလား။

      မှန်ပါတယ်။ အဖြူစိမ်းလေးနဲ ့ကျောင်းသားဘဝကို ပြန်လွမ်းမိပါတယ်။ တကယ့်နာ ၃ နာနဲ့ပြည့် စုံတဲ့ဆရာဆရာမတွေနဲ့တွေ့ခဲ့ရတာမို့ပြန်တွေးရင်တကယ်ကိုပြန်လွမ်းပါတယ်။ သများကတော့ ငယ်ချစ်ဦးမရှိလို့ ဆရာဆရာမတွေနဲ့ သူငယ်ချင်းတွေကိုလွမ်းတယ်။

      Reply

      • manawphyulay

        March 10, 2012 at 4:29 pm

        မမေ့နိုင်စရာတွေထဲမှာ ကျောင်းလည်း ပါသလို မိတ်ဆွေသူငယ်ချင်း နောက် အရေးကြီးဆုံးကတော့ သင်ဆရာမြင်ဆရာကြားဆရာတွေပါပဲ။

        Reply

  • ကြောင်ကြီး

    March 12, 2012 at 9:07 am

    မြတ်ဆရာရေ
    ထပ်တရာစားတော့
    အစပ်မပါလို့
    သတိရတယ်..
    တသက်တာမှာ
    တမှတ်အကွာနဲ့
    လပ်ဟာခဲ့ရတာ
    ရှက်စရာမဟုတ်ပေမဲ့…
    ဓာတ်စာဆိုတာ
    ငတ်လာရင်
    ဆေးဖြစ်ပါတယ်…။

    Reply

  • wine pyae

    March 12, 2012 at 1:19 pm

    အဖြူအစိမ်းနဲ့ ကျောင်းသူဘဝကို လွမ်းမိတယ်…..
    သူငယ်ချင်းတွေနဲ့ လည်းမတွေ့ဖြစ်ဘူး
    အရမ်းကြာနေလို့ မှတ်မိပါအုံးမလား……..
    ရေစက်ရှိရင်တော့ ပြန်ဆုံချင်တယ်……………
    ပြန်ဆုံပါရစေလို့ ဆုတောင်းနေမယ်နော်……….

    Reply

  • snow white

    March 13, 2012 at 3:17 pm

    ဆရာ/မတွေကို တကယ်လွမ်းတာတော့အမှန်ပါဘဲ ကျောင်းပြီးသွားတော့ ဆရာ/မတွေနဲ့ဝေးကွာသွားတော့ သူတို့သင်ပေးတဲ့ မညာလေးတွေနဲ့ အလုပ်လုပ်လို့ရနေလို့ရယ် သူတို့ကျေးဇူးတွေနဲ့ခုလိုပညာတက်ဖြစ်တာကိုကျေးဇူးတင်နေပါတယ် လက်ဆယ်ဖြာထိပ်မှာမ်ိုးလို့ အမြဲထာဝရ ဆရာ\မတွေကိုရှိခိုးပူဇော်လျှက်ပါ

    Reply

Leave a Reply

Your email address will not be published.