တို့များ လွမ်းနေရတယ် ငပေါက်ဖော်ရယ် …

အရင်က ဂေဇက်ရဲ့ ညာဘက်အခြမ်းက Lastest Comments တွေကို ကြည့်လိုက်တိုင်း စိန်ပေါက်ပေါက် (ပေါက်ဖော်) ဆိုတဲ့ အမည်ကို အများကြီး တွေ့ရပါတယ်။ အခုတော့ မတွေ့ရ …။ မတွေ့ရတာမှ တစ်ပတ်ကျော်ပင် ကြာခဲ့ရပေါ့။ သူ မရှိတော့ ပျင်းခြောက်ခြောက်နဲ့ ….. ။

ဂေဇက်က လူတွေက သူ့ကို ချစ်ခင်ကြတယ်။ သူ့ရဲ့ ကွန်မန့်တွေကလည်း ဟာသဆန်တယ်။ ဖတ်လိုက်တိုင်း ပြုံး၊ ရယ်၊ ဟား စေတယ်။ မွန်းကြပ်နေတဲ့ စိတ်တွေကိုလည်း လွတ်လပ်စေပါတယ် …။

တကယ်လို့ ဂေဇက်ဟာ အငြိမ့်ပွဲတစ်ခု ဖြစ်ခဲ့ရင် သူက ပြောင်မြောက်တဲ့ လူရွှင်တော် တစ်ဦး …။ တကယ်လို့ ဂေဇက်ဟာ ဟင်းတစ်ခွက် ဖြစ်ခဲ့ရင် သူက ဆားကလေးပေါ့။ သူ မပါရင် အရသာ က ပေါ့ရွှတ်ရွှတ် ဖြစ်နေမှာ …။ ဒါက ဂေဇက်နဲ့ သူ့ကို တွဲဖက်ပြီး ကြည့်မိတဲ့ ကျနော့်ရဲ့ အမြင်။

အစ (ပျောက်စ) ကတော့ နေမကောင်းဘူးလို့ ထင်ခဲ့ …။ အမြန် နေကောင်းပါစေလို့ ဆုတွေလည်း တောင်းမိခဲ့။ အခုတော့ ရက်ကလေးကလည်း ကြာလာ၊ သူ ဘယ်ဆီမှာများလဲ ဆိုတဲ့ အတွေးနဲ့ ဂေဇက်ဆိုတဲ့ ရွာထဲက လွမ်းနေမိခဲ့ …။

တစ်စုံတစ်ခုသော စိတ်ထင့်စရာ အကြောင်းကြောင့်ဆိုရင် အမြန် ပြန်လာခဲ့ဖို့ တောင်းဆိုပါတယ် ငပေါက်ဖော်ရယ် …။ မင်း မရှိတော့ တို့များလည်း ပျင်းလှတယ်ကွယ့်။ မင်းက ပျော်တော်ဆက် မဟုတ်ဘူးနော်။ မင်းက အပျော်တွေ သယ်ဆောင်လာတတ်တဲ့ နတ်သားလေးရယ်ပါ …။

နောက်ဆုံးတစ်ခု ပေါင်းစုပြီး ပြောချင်တာက ရွာထဲက လူတွေက မင်းကို တောင့်တနေပြီကွယ့်။ မင်း ကိုယ်ထင်ပြလှည့်ပါတော့လား ငပေါက်ဖော်ရယ် …။

မင်းရဲ့ သူငယ်ချင်း အံစားတုံး နဲ့ ရွာထဲက မင်းကိုခင်တဲ့ ရွာသူားများ

52 comments

    • alinsett

      January 22, 2016 at 5:55 pm

      အံဇာ့ကို တစ်သိန်းမြန်မြန်ပြည့်အောင်… လက်တွေ့အကောင်အထည်ဖော်ပေးနေတယ်…
      တိတ်တိတ်နေပါ။
      ဒါမှမဟုတ်…. ပူးပေါင်း ပါဝင်ပါ။
      (ပူးပေါင်းပါဝင်ချင်လျှင်…အံစရာ့ပိုစ့်တွေထဲက မဖတ်ရသေးတာလေးတွေရွေး ဖတ်… ကွန်မန့်ရေး…စသည်ဖြင့်
      ကိုယ်တတ်နိုင်တာ လုပ်သွားနိုင်ပါသည်)

      (သဂျီး မမြင်စေရ)

      :k:

      Reply

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    January 22, 2016 at 5:45 pm

    ကိုအန်ကျီး ကိုအန်ကျီး
    ကိုအန်ကျီးကို ညှစ်မယ်
    အဲ
    ခြစ်ဒယ်

    Reply

  • uncle gyi

    January 23, 2016 at 10:19 am

    ဖြေးဖြေးညစ်အဲခြစ်ပါကွယ်လက်သဲနဲ့နောက်ကေ ျာကယားနေတဲ့နေရာ

    Reply

    • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

      January 23, 2016 at 10:39 am

      ကယ်ကယ်ကျီး … ကယ်ကယ်ကျီးကိုလဲ ညှစ်မယ်
      ကွီစ်ကွိစ်

      Reply

Leave a Reply

Your email address will not be published.