Comment from THITHTOOLWIN site

paukpaukMarch 6, 20121min02

Comment from THITHTOOLWIN site

“ဒီလောက်ရက်စက်မှုဆိုတာ တပ်မတော်ထဲမှာ အသေးအဖွဲပါ။ အထက်လူကြီးများဟာ ကိုယ့်ထိုင်ခုံ မြဲဖို့ကိုပဲ ကြိုးစားနေကြတာပါ။ လက်အောက်ငယ်သားများကိုလည်း လုံးဝစာနာနားလည်ခြင်း မရှိပါဘူး။ တပ်ရင်းမှူးတစ်ယောက်ဟာ သူ့ရဲ့ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်အာဏာတွေသုံးပြီး သူတို့ရာထူးတိုးရေးကိုသာ လုပ်ဆောင်သွားကြပါတယ်။ ကြီးနိုင်ငယ်ညှင်းဝါဒဟာ တပ်မတော်ထဲမှာ အရိုးစွဲနေတဲ့ တစ်ခုတည်းသော ဝါဒပါ။ တပ်မတော် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ဆိုတာ မရှိပါဘူး။ အထက်လူကြီးက ဖြူရင် လိုက်ဖြူရပြီး မည်းရင်လိုက်မဲရပါတယ်။ အဲဒီလိုမလုပ်တဲ့လက်အောက်ငယ်သားကို နည်းမျိုးစုံနဲ့နှိပ်ကွပ်ပါတယ်။ တပ်မတော်သား အားလုံးပြောနေကြတဲ့ “ပုဒ်မ – 65 ´´ ဆိုတာရှိတာပါတယ်။ စောက်မြင်ကပ်ပုဒ်မ ပေါ့ဗျာ။ အကျင်္ ီ ကြယ်သီးတစ်လုံး ပြုတ်တာကအစ စွဲလို့ရပါတယ်။ ဒီလိုဥပဒေတွေနဲ့ နှိပ်ကွပ်ထားပါတယ်။ ဒါတွေတင်ပဲလား ဆိုတော့မဟုတ်သေးပါဘူး။ ကျွန်ဝယ်ရာအစစ်ပါဆိုသလို။ စစ်သားကိုယူထားမိတဲ့ စစ်သားမိန်းမတွေဟာလည်း အစစ်ကျွန်ခံနေကြရပါတယ်။ မနက်မိုးလင်းတာနဲ့ တပ်သန့်ရှင်းသာယာရေးဆိုပီး အခြားအဆင့်တွေရဲ့အမျိုးသမီးများဟာ Fatigue လုပ်ကြရပါတယ်။ ဒါဟာကိုယ်နေတဲ့နေရာကို သန့်ရှင်းသာယာအောင်လုပ်ရတာဖြစ်လို့ကိစ္စမရှိပေမဲ့ တပ်ရင်းမှူးအိမ် သွားပီး အဝတ်လျှော်၊ ကလေးထိန်း အောက်ခြေသိမ်းသွားလုပ်ပေးရတာကတော့ဆိုးပါတယ်။ အခြားအဆင့်အမျိုးသမီးတွေတင်မဟုတ်ပါဘူး။ အရာရှိမိန်းမတွေလည်း သူတို့တွေထက်အဆင့်မြင့်တဲ့ အရာရှိကြီးများရဲ့အိမ်မှာ သွားလုပ်ပေးကြရပါတယ်။ အဲဒီလိုမှ မလုပ်ပေးရင် လင်တော်မောင်တွေဟာ နေစရာနေရာမရှိလောက်အောင် အထောင်းခံရပါတယ်။ နောက်ပီး ကိုယ့်အထက်အရာရှိ မိန်းမတွေနဲ့ ကိုယ့်မိန်းမ တန်းတူ ဝတ်စားမိရင်၊ ကိုယ့်မိဘတတ်နိုင်လို့ ကိုယ့်အထက်အရာရှိအိမ်မှာ မရှိတာ ဝယ်သုံးမိရင် သေဖို့သာပြင် နည်းမျိုးစုံနဲ့အရစ်ခံရပီသာမှတ်။ ဒါတွေဟာ အနည်းငယ်သာ ရှိပါသေးတယ်။ နောက်များမှပဲ ထပ်ပြောပြပါမယ်။ စစ်သားဆိုတိုင်းမုန်းနေကြတဲ့ ပြည်သူတွေသိအောင်လို့ဖော်ပြလိုက်တာပါ။ လက်အောက်ငယ်သားရဲဘော်လေးတွေရဲ့ဘဝဟာအရမ်းသနားဖို့ကောင်းပါတယ်။ ရဲဘော်လေးတွေပြောတဲ့စကားလေးရှိပါတယ်။ ခံစားကြည့်ပါ။
“အထက်လူကြီးတွေကပေးတော့ပေးတယ်၊ သောကတွေတဲ့။
ကြည့်တော့ကြည့်တယ် ရီဝေတဲ့ မျက်လုံးတွေနဲ့တဲ့။
ဝေတော့ဝေတယ် ဆီတွေ၊ ဆန်တွေတော့ မဟုတ်ဘူး ၊ အမျှဝေတာတဲ့´´
တပ်မတော်သားများရဲ့ဘဝကို နားလည်နိုင်ကြပါစေ။”

Sandi said…
မိတ်ဆွေတို့ ရေ၊
တပ်သားကျော်ဇင်ဝင်းပြီးတော့၊ဗိုလ်မှူးကြီးတစ်ယောက်လဲသွား
ပြန်ပြီ ။မြန်မာ့လေကြောင်း(Myanma Airways)က MD ဗိုလ်မှူးကြိးတင်မောင်ထွန်း(လေ)ကိုလဲ၊ ဒေါ်စု မြစ်ကြီးနားခရီးစဉ်ကို လေယာဉ်စီစဉ်ပေးတဲ့ပြစ်မှုနဲ့ ပင်စင်ပေးလိုက်ပြန်ပြီ၊စစ်တက္ကသိုလ် အမှတ်စဉ်(၁၇)ကျောင်းဆင်းလူတော်လူကောင်းတစ်ယောက်ပါ၊ ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်း/မြင့်လှိုင်/သာအေး/အုန်းမြင့် တို့ နဲ့ အပါတ်စဉ်
တူပေါ့၊ သမတနဲ့ အစိုးရ ကိုလုံးဝ မယုံကြည်တော့ပါ။သုံးသပ်ချက်၊ပို့ဆောင်ရေးဝန်ကြီးစနက် မကင်းဟု ဆိုနိုင်ပါသည်။ သူနှင့် same batch နာမည်ဆိုးနှင့်ကျော်ကြားသူ ဦးဝင်းသိန်း (၎င်းနှင့် အပတ်စဉ်တစ်ခုတည်းဖြစ်သူ) မှာ ရေကြောင်းသိတ်ပံဝင်ဘို့ ကျောင်းသားတစ်ယောက်ကို သိန်း ၃၀-၄ဝ စားခဲ့သူပါ။ ပိုက်ဆံအတွက်ဆို နည်းနည်းမှ သောက်ရှက်မရှိပဲ ခွင်ထွင်လုပ်စားသူက အခုတော့ သမတအကြံပေး တောင်ဖြစ်နေဆိုလားပဲ။

သမတကြီးတော့ ဒုတ်ခကောင်းကောင်းရောက်ပြီထင်ပါ့…။

 

2 comments

  • inz@ghi

    March 6, 2012 at 8:54 am

    သာဓုဗျာ …ကျုပ်တို့က အဲ့ ဆိုက်တွေ မသွားနိုင်မလာနိုင်
    မသွားဖူး မဖတ်ဖူး ဆိုတော့ …..

    မတူသောအမြင်နှင့် ကိုယ်ပိုင်စာ ချရေးဆို ….
    အဖြစ်ဆိုးလှချည်လား …သဂျီးရဲ့ ….
    သူများဆိုက် က ပိုစ့် ကူးတင် တဲ့အဆင့်တောင် မကဘူး
    ကောမန့်တောင် ကူးတင်တဲ့အဆင့် ရောက်နေပါပေါ့လား …..
    😀

    ရွာတော်ရှင် တို့ ပျူစောထီးတို့ ဘယ်နားသွားအိပ်နေကြသတုန်း ….
    စိတ်ထိခယက်သွားဘီ …..
    🙁

    ဘွာတေး..
    ခေါင်းစဉ်နဲ့ အောက်ဆုံး စာကြောင်းက ကိုယ်ပိုင်စာ ဖြစ်လောက်ရဲ့…
    အဟတ်…

    Reply

Leave a Reply

Your email address will not be published.