အမေစုသို့ ငဆန်နီကဗျာဓါတ်ပုံ

SonnyMarch 5, 20121min09

ဒီပုံကိုကျန်တော်ရိုက်ခဲ့တာပါ။

“အမေစုသို့”

 

မန္တလေးပရိတ်သတ်

စိတ်ပြတ်တယ်နော် အမေ။

မလုုပ်ရင်အရှင်း

လုုပ်ရင်ဘာရင်းရရင်းရ။

သုံးသုံးဆယ်နှစ်

စနေမိုး ဖြစ်ပေမဲ့

အငြိုးကြီးစမ်း

ခေါင်း(ဂေါင်း)အိုင်ထမ်းစေ့။

စနေဖုန်လုံးအထပ်ထပ်

သက်ရှုကျပ်ပေ့စေ။

ဆင်သွားရင်လမ်းဖြစ်ပေမဲ့

အမေသွားရင်

နှစ်လမ်းသွားတောင်

တစ်လမ်းသွားဖြစ်။

အောင်ပင်လယ်….. ဟုတ်လား

ဘယ်လောက်ဝေးဝေး

အမေ့စကား “ဆေး”ပေ မို့

လူပင်လယ်ဝေခဲ့ကြပြီ။

 

ကိုဆန်နီ(ခ)ကိုမင်းနိုင်  ၃-၃-၂၀၁၂

မန္တလေးဈေးချို ဓါတ်ပုံကိုအင်တာနက်မှ ရှာဖွေတင်ပြပါသည်။ဓါတ်ပုံဆရာ ကိုအမည်မသိပါ။ ကျေးဇူးတင်လျက်..

9 comments

  • koaung

    March 6, 2012 at 11:57 am

    ခံစားသွားပါတယ်ဗျာ

    Reply

    • Sonny

      March 9, 2012 at 1:04 pm

      Thank u , Ko Aung, for ur attention.
      with love, ko sonny

      Reply

  • TTNU

    March 6, 2012 at 10:39 pm

    ကဗျာဆရာ ကိုဆန်နီရေ..
    အမေစုအတွက်ကဗျာလေးက
    အလွန်ရသမြောက်ပါပေတယ်။

    Reply

    • Sonny

      March 9, 2012 at 1:05 pm

      Thank u TTNU
      for ur appreciation.
      With love,
      Ko Sonny

      Reply

  • aye.kk

    March 7, 2012 at 4:44 am

    နွမ်းနေတဲ့ပြည်သူတွေကို…
    အမေစုဆိုတာက…
    မျှော်လင့်ချက်အားအင်သစ်စွမ်းအားတွေမွေးဖွားပေးနိုင်စေတဲ့သူ..။

    Reply

    • Sonny

      March 9, 2012 at 1:08 pm

      Dear aye,kk
      It is encouraging for the role Daw Aung San Suu Kyi has taken part in
      shaping our better Burma.
      With love, Ko Sonny

      Reply

  • Phaung Phaung

    March 9, 2012 at 1:33 pm

    ဓါတ်ပုံတွေမြင်ရတာနဲ့တင်
    မျက်ရည်လည်
    စိတ်ဓါတ်ခွန်အားတွေတစ်ဖွားဖွားနဲ့
    ခေါင်းမော့၊ရင်ကော့ပြီး
    ငါတို့ `အမေစု `ဆိုပြီး
    ဟစ်တိုင်ထူပစ်လိုက်ချင်ရဲ့

    Reply

  • ကျေးဇူး ကိုဆန်နီရေ။ကို ဆန်နီ ့နာမည်က ကိုမင်းနိုင်ဆိုတော့”. ကို” ထပ်ထည့်လိုက်
    ရင်ဖြင့် နာမည်တောင်ဆင်သွားပီ။နောက်တာပါနော်။စိတ်မဆိုးကြေး။

    Reply

Leave a Reply

Your email address will not be published.