တိုင်းပြည်အတွက် စစ်အာဏာရှင်မျိုးဆက်ပြုန်းတီးဖို ့လိုတယ်

ကျနော်တို ့တိုင်းပြည်မှာ ၁၉၆ဝ ဦးနေဝင်းအစိုးရ လက်ထက်ကနေ ၁၉၈၈ အရေးခင်းနောက်ပိုင်းဗိုလ်ချုပ်
သန်းရွှေလက်ထက်ထိ တိုင်းပြည်ကိုအဆင်းရဲဆုံးနိုင်ငံစာရင်းဝင်အောင်ဆွဲချဖျက်ဆီးသွားခဲ့တာ လက်တဆုပ်
စာ စစ်ခွေးတွေပါ။သူတို ့တွေကောင်းစားဖို ့အတွက် ငတ်တလှည့်၊ဝတခါနဲ ့အသက်ပေးပြီးမဲမဲမြင်ပစ်တတ်
အောင်သင်၊“သေနတ်ဆိုတာ မိုးပေါ်ထောင် ပစ်ဖို ့မဟုတ်ဘူး”ဆိုပြီး အရူးဘုံမြှောက်ပင့်ပြောပြီး၊ဘယ်နေရာ
ကလာမှန်းမသိတဲ့ အမိန် ့ဆိုတာကိုနာခံတတ်အောင် Brain watch လုပ်ခံထားရတဲ့ အောက်ကငယ်သား
စစ်သားလေးတွေဘဝဟာ သနားစရာပါ။
နိုင်ငံရဲ ့အရေးပါတယ်ဆိုတဲ ့နေရာတွေအားလုံးကိုလဲ ဖွဲ ့စည်းပုံဥပဒေနဲ ့ဗြောင်ယူ၊မတရားတဲ့နည်းနဲ ့ခိုး
ယူ။ထိုင်ခုံက သေမှဆင်းပေးချင်တဲ့ ကောင်တွေ။တိုင်းပြည်မှာ ဘယ်နေရာမှာမှအသုံးမဝင်တဲ့စစ်အာဏာရှင်
တွေ။
(၁)တိုင်းပြည်မှာ ရဟန်း၊ရှင်လူ၊ကျောင်းသားတွေကို သတ်ခဲ့တဲ့ စစ်ခွေးတွေ
(၂)တိုင်းပြည်ကို စစ်ကျွန်စနစ်နဲ ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လုပ်သွားတဲ့ စစ်ခွေးတွေ
(၃)မလွှဲမရှောင်သာ နိုင်ငံတာဝန်ယူခဲ့ရပါတယ် ဆိုတဲ့စကားလှလှတွေ ဝေနေအောင်ပြောတဲ့ စစ်ခွေးတွေ
(၄)လက်တစ်ဆုပ်စာသာ စစ်အာဏာရှင်တွေအပေါ်သစ္စာခံနေတဲ့ စစ်ခွေးတွေ
(၅)တနေ ့မှာ စစ်ခုံရုံးတင် တရားစွဲခံရမယ့် စစ်ခွေးတွေ သက်ဆိုးရှည်ဖို ့ကျနော်ဆုတောင်းတယ်။
ခုလဲကြည့်ပါအုံးဗျာ စစ်သားလေးတစ်ယောက်ဟာ မိမိခံစားချက်ကိုတောင် ထုတ်ဖော်ပြခွင့်မရှိတော့ ဘူးတဲ့လား။

ဒေါ်စုရဲ့ အောင်ပန်း-ကလော-ဟဲဟိုးခရီးစဉ်မှာ နှုတ်ဆက်ကြိုဆိုတဲ့
တပ်မတော်သားလေး ကျော်ဇင်ဝင်းတစ်ယောက် ထိုးကြိတ်ခံရပြီး တပ်ချုပ်ချထားခံရပါတယ်တဲ့။ ဒီတပ်မတော်သားလေးနာမည်..တပ်သားကျော်ဇင်ဝင်းလို ့ခေါ်ပါတယ်.. အောင်ပန်းGE…တပ်မှဖြစ်ပါတယ်

..သူအခုအထိုးအကျိတ်ခံရပီးလူရုပ်မပေါ်တော ့ပါဘူး…. ကွာတား(တပ်အချုပ်ချခံထားရတယ်)

ဒီသတင်းလေးကိုshareပေးကြပါ.. တိတိကျကျသိလိုပါကဖုန်း0949353386.ကိုဖိုးချိုထံမေးနိင်ပါတယ်။
Facebook ပေါ်မှာပျံနှံနေတဲ့ သတင်းဖြစ်ပါတယ်။ ဒီသတင်းနှင့် ပါတ်သတ်၍
Myanmar News Now မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

http://www.thithtoolwin.com/2012/03/blog-post_8661.html

ကနေကူးယူဖော်ပြပါတယ်ဗျာ။အားလုံးသောသူများ ဝေငှသိရှိခံစားနိုင်ပါစေ။

15 comments

  • အမေရိကန်ငတုံး

    March 4, 2012 at 12:05 pm

    အော် ဖြစ်မှဖြစ်ရလေဗျာ။ဒီစစ်သားလေးကိုမီဒီယာကနေတဆင့်ကူညီကြပါအုန်း။

    Reply

  • maungmoenyo

    March 4, 2012 at 12:13 pm

    ကိုသန်းထွတ်ဦးရေ-
    ဘာတဲ့ – de-militarization ဆိုတာ…ဗြောင်ပြောရမဲ့အဖြစ်ရောက်နေပါပြီဗျာ။

    Reply

  • yuiio

    March 4, 2012 at 12:14 pm

    ဒီသတင်းက အမှန်ပါ။ ဦးဖိုးချိုကတော့ ဖုန်းကိုင်ရတာနဲ့တင် အားမှာမဟုတ်ဘူး။ တောင်ကြီး NLD အဖွဲ့ကလည်း ဒီအဖြစ်အပျက်ကို သေသေချာချာ အာရုံစိုက်နေကြပါတယ်။ နောက်ပြီး စစ်သားလေး ကလောမှာ နှုတ်ဆက်တဲ့အခြင်းအရာက အမေစုကိုယ်တိုင် အာရုံစိုက် သတိတရဖြစ်သွားတဲ့ ကိစ္စပါ။

    Reply

  • windtalker

    March 4, 2012 at 1:27 pm

    အင်မတန် ကို စုတ်ပဲ့ တဲ့ လုပ်ရပ်ပါဘဲ ။
    ဒီ ကွန်မင့်နဲ ့အတူ ၊ အဲဒီစစ်တပ်လုပ်ရပ် ကို အပြင်းအထန် ကန် ့ကွက် ပါတယ် ။
    သက်ဆိုင်ရာ က ဂရုတစိုက် အရေးယူစေလိုပါတယ် ။

    Reply

  • ဟုတ်တယ် ကိုပေရေ………
    ကျနော်လဲ ဒီသတင်းကြားရတော့ စိတ်မကောင်းဖြစ်သွားတယ်ဗျာ။
    လူတစ်ယောက်(ကျောင်းသား/စစ်သား/ဘုန်းကြီး/မယ်သီလ)ဘယ်သူ
    မဆို မိမိစိတ်ရည်သန်ရာကို ရွေးချယ်၍လွတ်လပ်စွာပြောဆို၊လုပ်ကိုင်၊
    နေထိုင်ခွင့်တော့ ရသင့်ပါတယ်ဗျာ။အမေစုကို ကြိုဆိုနှုတ်ဆက်လို ့
    ခုလို ကျူးလွန်တယ်ဆိုရင်တော့ဖြင့် ဘယ်လိုအရေးယူနိုင်မလဲ စောင့်
    ကြည့်ရတော့မယ်။

    Reply

  • koaung

    March 4, 2012 at 1:54 pm

    တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုးပါဗျာ အမှန်တရားကိုဖုံးကွယ်ချင်တဲ့ဆန်တတွေက ရှင်သန်နေဆဲပါဘဲလား ကမ်းနားသစ်ပင်တွေ ဦးခင်ညွန့်ဝတ်လည်သလို မဖြစ်ပါစေနဲ့ဆုတောင်းပေးပါတယ်

    Reply

  • mg mg

    March 4, 2012 at 2:27 pm

    မောင်သန်းထွဋ်ဦး – ရေ တစ်ခြားဥပမာပြောင်းပေးပါတဲ့၊ သူတို့သိက္ခာတွေ သုံးစားလို့မရအောင်ကျသွားလို့ ခင်ဗျားကိုလဲ ခွေးတွေက နုရင်ဘတ်တင်မလို့ဆိုဘဲဗျ။

    Reply

    • အော် ကိုခင်မောင်ကြည်က နုရင်ဘတ်တင်တယ်ဆိုတာ ဘာလဲကျနော် နားမလည်ဘူးဗျ။
      နေရာပေးလဲ မယူနိုင်ဘူး။ခွေးနဲ ့ပေါင်းတော့ ခွေးဘဲသမုတ်ခံရမှာလေ။

      Reply

      • windtalker

        March 4, 2012 at 7:42 pm

        နုရင်ဘတ် ဆိုတာ ဂျာမနီနိုင်ငံ က စစ်ခုံရုံး ရှိတဲ့ မြို ့ ကို ပြောတာလား လို ့

        Reply

        • ကျေးဇူးကိုပေရေ…..ကျနော်အမှတ်တမဲ့ မေ့သွားတယ်ဗျာ။ဟုတ်ပဗျာ
          ကိုခင်မောင်ကြည်က ကျနော့်ကိုပါ ပို ့ချင်နေတယ်ထင်ပါတယ်။ကျနော်
          ကသွားစရာ မလိုပါဘူး။သွားချင်းသွား စစ်အနွယ်တွေဘဲ သွားရမှာလေ
          ဗျာ။အာဏာရှင်မျိုးဆက်တွေကို ခွင့်လွတ်ပေးနေမယ့် အစားထိုက်သင့်တဲ့
          အပြစ်ဒဏ်ပေး ဆုံးမရလိမ့်မယ်။

  • ဦးဦးပါလေရာ

    March 4, 2012 at 4:25 pm

    ဒီသတင်းမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ
    တပ်ထဲမှာ ဒီလိုတဆုံးတဆ အနိုင်ကျင့်မှု့တွေက အစဉ်အဆက်ရှိနေတာပါ
    စစ်တပ်ကိုက အများကြီးပြင်စရာတွေရှိတယ်။

    Reply

  • yuiio

    March 5, 2012 at 7:38 pm

    Kyaw Swar Myint Freedom News Group(Burma)
    ခင်ဗျားတို ့ သိတာ တစ်ယောက် ထဲ တစ်ကယ် ကြို တာ ကျွန်တော် သိသလောက် ၈ဝ ကျော်လောက်ရှိပါတယ် တဲ့ ။ ကျွန်တော့် မိန်းမ နဲ ့ သမီး
    တောင်ပါ ပါတယ် တဲ့ ။………………………….

    ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆို သည့် ရှမ်းပြည် ခရီးစဉ် တွင် စစ်ယူနီ
    ဖောင်း ဝတ်ဆင် ထားသည့် တပ်မတော် သား များ နှင့် လက်ရှိ တာဝန်ထမ်း ဆောင် ဆဲ ယူနီဖောင်း ဝတ်မထားသည့် စစ်မှုထမ်း ၈၀ဝကျော် ကြို ဆို ခဲ့ ကြ ပါတယ်။

    ဓာတ်ပုံ ထဲ မှာ တွေ ့တဲ့ တစ်ယောက် ကအဲဒီ ၈ဝ ကျော်ထဲ က တစ်ယောက်ဖြစ်ပါတယ်။
    အများ စု က တပ်မ ၅၅ နဲ ့အင်း ပြင် ဘက်က တပ် တွေ က ပါ။ မည်သည့်
    တပ် မတော် သား ကို မှဒေါ်အောင်ဆန်းစုကြည် ကို သွားကြိူ မှုန ဲ ့ အရေးယူ ထား တာ
    မရှိ ပါဘူး။

    တပ်မ ၅၅ တပ်ရင်းမှုး ကိုယ်စား တပ်ရေး ဗိုလ်ကြီး မှ FNG နှင့် တယ်လီဖုန်းဆက် သွယ် ပြောကြား ချက် —————– ( သတင်းတစ်ခုအနေနဲ့ တင်တာပါ …….. နှိပ်စက်ခံရတဲ့ သတင်းကို မဟုတ်ဘူးပြောခြင်းမဟုတ်ပါ)

    Reply

    • kai

      March 6, 2012 at 1:45 am

      ဒီသတင်းမှန်တယ်ဆိုရင်.. FNGကိုအထူးကျေးဇူးတင်ရမှာပါ…။
      သာဓုဗျာ…

      Reply

  • paukpauk

    March 6, 2012 at 12:22 am

    Brain watch အစား … Brain wash ဖြစ်ပါလိမ့်မယ်နော…

    Reply

Leave a Reply

Your email address will not be published.