မပြောပဲမနေနိုင်တော့လို့

လင်းဝေFebruary 28, 20121min017

မန္တလေးမြို့တော်ဝန် ဘာဖြစ်သွားတာတုန်း။ ဦးဖုန်းဇော်ဟန် ဟာ အရင်တုန်းက အလွန်အစားကြမ်းလို့ သတင်းတွေထဲမှာ နာမည်ဆိုးနဲ့ ပျံ့နှံ့ခဲ့ဖူးပါတယ်။ အဲဒီလို ခိုးထားလို့ ဖြုတ်ပစ်တာလား။ မကင်းရင်ကောင်းအောင်နေ မကောင်းရင် ကင်းအောင် နေဆိုတာ ဒါမျိုးကို ဆိုလိုတာလား မသိပါဘူးကွယ်။ ဒေါ်စုရဲ့ မန္တလေးခရီးစဉ်အတွက် ဟောပြောဖို့နေရာကို ဗထူးကွင်းမှာမလုပ်ဖြစ်ဖို့ မျက်နှာပုပ်သိုးသိုးထားတတ်တဲ့ ကန်ထရိုက်ကနေ ဝန်ကြီးတက်ဖြစ်လာသူ မဲ့ပုပ်သိုး ဦးတင်ဆန်း က ခွင့်မပြုလို့ ဟောပြောဖို့နေရာအခက်အခဲကြောင့် မန္တလေးခရီးစဉ်ကို ဘွားတော် ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲသလို ဖြစ်နေခိုက်မှာ မန်းတလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်က မန်းမြို့ စည်ပင်ပိုင် ကွင်း တစ်ခုကို ဟောပြောတဲ့နေရာ လုပ်ဖို့ ကူညီခွင့်ပြုတယ် လို့ သတင်းတွေ တက်လာပြီးနောက် ဒီနေ့ သတင်းစာတွေမှာ မန်းတလေးမြို့တော်ဝန်ကြီးကို နေရာ ရွှေ့လိုက်ပါသတဲ့။ ဘာကြောင့်ပါတုန်းဗျား။ နားလည်သလိုတွေးမိရင် နားလည်ချင်စရာက တစ်ခုပဲရှိနေတာမို့ မရှင်းမရှင်းဖြစ်မိပါတယ်။ သမ္မတကြီးကသာ ဒီလိုအပြောင်းအရွှေ့တွေကို ခွင့်ပြုပြီး အတည်ပြုပေးရတာမို့ စိတ်ထားကြီးသူ သမ္မတကြီး ဘာဖြစ်သွားပြီတုန်း။

တစ်ပြိုင်တည်းမှာ သောကြာနေ့ ၂၄ရက်နေ့က လွှတ်တော်အပြီးမှာ ၂ရ ရက်နေ့ တနလာင်္နေ့မှာ ဆက်လက်ကျင်းပမယ် ဆိုတဲ့ လွှတ်တော်ကို ၂၆ ရက် တနင်္ဂနွေနေ့မှာ ညနေဖက်ရောက်မှ လွှတ်တော် ခဏနားလိုက်တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေကို အသိပေးပြီး နောက်နေ့ လွှတ်တော်ပိတ်လိုက်တာကလည်း ဘယ်လိုများပါလိမ့်လို့ တွေးမိပါတယ်။ စဉ်းစားရင်းနဲ့ မောမိပါတယ်။

ဒီကြားထဲမှာ ဒီကနေ့ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကလည်း ဒီလိုပါတဲ့…
ဒေါ်အောင်ဆန်းစုကြည့်ကို မကြိုဖို့၊ မကြည့်ဖို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင် အမိန့်ထုတ်
မတ်လ 5 ရက်နေ့ မြန်မာ့အသံကနေ ပါတီစည်းရုံးရေးအတွက် အသံသွင်းမဲဆွယ်ဟောပြောဖို့ နေပြည်တော်တပ်ကုန်းအသံလွှင့်ရုံကို ဒေါ်အောင်ဆန်းစုကြည် ရောက်လာတဲ့အခါမှာ ဘယ်သူမှ မကြည့်ရ၊ မကြိုရလို့ မြန်မာ့အသံညွှန်ကြားရေးမှူးချုပ်ဦးသိန်းအောင်က ဝန်ထမ်းတွေကို အမိန့်ထုတ်လိုက်ပါတယ်။ ဝန်ထမ်းတွေကို ခေါ်ပြီး အမိန့်ထုတ်တဲ့ အဲဒီအစည်းအဝေးမှာ သူက ဝန်ထမ်းတွေကို တွေ့မှာလား၊ မတွေ့ဘူးလားဆိုပြီးတော့ 5 ကြိမ်တိတိ မေးတယ်လို့ မြန်မာ့အသံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဝန်းထမ်းတွေက မတွေ့ပါဘူးလို့ ဖြေရပါတယ်။ ပြီးတော့ ဦးသိန်းအောင်က အင်တာနက်မကလို့ ကြိုက်တာတင်လို့လည်း ကြိမ်းဝါးလိုက်တယ်လို့ အဲဒီဝန်ထမ်းက ဆက်ပြောပါတယ်။

ဒီအပြင် ရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီပုလိပ်ကြီးလို ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ လိုက်တားနေတာကလည်း တစ်မျိုးကြီးပဲနော်။ ရွေးကောက်ပွဲကော်မရှင် အစ်စ်အီကွဲတူ ပါတီပုလိပ်လား။ သို့မဟုတ် ရွေးကောက်ပွဲကော်မရှင်ဆိုတာ ရွေးကောက်ပွဲကို အေးချမ်းအောင်မြင်စွာ ရွေးကောက်ပွဲများ ဖြစ်လာစေဖို့ တရားမျှတစွာ ကျင်းပပေးဖို့ မဲခိုးတာ မဲလိမ်တာတွေကို ဖော်ထုတ်ပေးဖို့၊ မဲဆွယ်တာ မဲပေးဖို့ ဖိအားပေးတာတွေကို ဖော်ထုတ်တားဆီးဖို့ တာဝန်ရှိတာမဟုတ်ဘူးလား။ ပါတီတွေဘာလုပ်နေသလဲ လုပ်ချင်ရင် စာတင်ပါ၊ ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရလို့ တင်းကြပ်စွာ ချုပ်ကိုင်ထားတဲ့ ပါတီပုလိပ်ပါ လုပ်ရတာလား။ နားမလည်လို့ပါ။

ခက်မများ တစ်နှစ်ပတ်လည်သောအခါ…. ဒန်တန့်တန်…လား။ ခက်ပ။

တိုင်းပြည်ဟာ အလွန်မှ ဆုတ်ယုတ်ပျက်စီးနေပါပြီ။ စီမံခန့်ခွဲမှုအမှားများ ကိုယ်ကျိုးရှာ အမြင်ကျဉ်းသူများ ရဲ့ တကိုယ်ကောင်းစိတ်နဲ့ တယူသန်အစွဲများကြောင့် ရန်စွယ်အဖွေးသားနဲ့ အချင်းချင်း ခွပ်နေကြရင်း တစစီပဲ့ပါနေပါပြီ။
ရပ်တန်းက ရပ်ကြပါတော့။ စီမံခန့်ခွဲမှု ဆိုတာ လက်ဝါးနဲ့မျက်နှာ ဘယ်ဟာကြီးသလဲ မေးပြီး လုပ်ရ ကိုင်ရတာ မဟုတ်ပါဘူး။ ရေဗူးပေါက်တာမလိုချင်ဘူး ရေပါတာပဲလိုချင်ရင် အလိမ်ခံဖို့သာပြင်ပေတော့။ ဘာကြောင့်ရေမပါသလဲ။ ရေဗူးဘာဖြစ်လို့ပေါက်သလဲ နားထောင်ပြီး အဆင်ပြေအောင် အောက်ခြေကို ပြန်စီမံပေးသင့်တာ စီမံပေးပြီး ညွှန်ကြားသင့်တာ ညွှန်ကြားမှပါ။ မဟုတ်ရင် ရောက်ကာနီးမှ ရေဗူးထဲ သေးပေါက်ထည့်ပေးလိုက်လိမ့်မယ်။ အဲဒီမှာ ကိုယ့်လက်ထဲရောက်မှ ဗူးပေါက်ကယိုတဲ့ သေးတွေ ကိုယ့်လက်ပေလိမ့်မယ်။ ရေမှန်း သေးမှန်း မသိလည်းနေပေါ့။

17 comments

  • Prince of Pennsylvania (PoP)

    February 28, 2012 at 4:04 pm

    ဇာတ်ဆြာ ပွဲကြမ်းပြီ ….
    😀

    အေပရယ်လ်ဖူး မလုပ်မှ ပေးမှာတဲ့… အင်း…
    ပိတ်ကားပေါ်မှာ ဆက်ကြည့်ပါဦးမယ်…
    ကြိုတင်ဂိုးတွေသွင်းဦးမလားဆိုတာ …အာဟိ

    ခင်တဲ့

    Reply

  • water-melon

    February 28, 2012 at 4:11 pm

    လုပ်ချင်ရာလုပ်ဟေ့
    သွားမှာဘဲ အမေစုကို သွားကြိုမယ် မန်းလေးလာရင်
    အားပေးမယ်ဟေ့
    သခင်မျိုးဟေ့ သခင်မျိုးဟေ့

    Reply

    • TITAN

      February 28, 2012 at 4:53 pm

      ဒီမှာ မေစု လာရင်ကြိုဖို့ ပင်နီတိုက်ပုံတောင်ဝယ်ပြီးပြီ။ ဖြဲဒီးရေ… လိုက်မှာလား 😎

      Reply

      • water-melon

        February 28, 2012 at 5:11 pm

        အင်း လိုက်မှာ
        ချိန်းပြီးသွားမယ်လေ
        အိုကေ
        squarres2010 ကို အပ်လိုက်

        Reply

  • nozomi

    February 28, 2012 at 4:12 pm

    အော် ဒါ့ကြောင့် ကို …………………………..

    Reply

    • amatmin

      February 29, 2012 at 12:39 am

      ကိုလင်းဝေ.ကိုဘလက်.ဗိုနို..သုံးယောက်လုံးပို့စ်တင်လိုက်တိုင်း
      ဂွတ်ရှယ်ချည်းပဲ..
      ဒီလူကြီးတွေ အစိုးရကို တယောက်တလှည့်ဝိုင်းကြပ်ဖို့များ
      တိုင်ပင်ထားလား..မသိ 🙂

      Reply

  • blackchaw

    February 28, 2012 at 4:15 pm

    ဟေ့လူကြီး။
    စိတ်လျှော့ပါဗျ။
    ကလေးမလေးတွေက
    အမေစုလာရင် တွဲပြီး ဓါတ်ပုံခိုးရိုက်ဖို့ တောင် စီစဉ်နေကြပြီတဲ့ဗျ။
    ချစ်စရာကောင်းလို့ ချစ်တာ
    အလကားနေ
    တားမြစ်နေတာတော့
    ရူးနေလို့ ဖြစ်မယ်ဗျ… ။ 😀 😀 😀 😀 😀

    Reply

  • kai

    February 28, 2012 at 4:19 pm

    အခုလုပ်ရပ်တွေက.. နောက်ပြန်လှည့်ချင်သူတွေရှိနေကျနိနေ… ပြန်ထောင်လာနေတဲ့..သဘောလည်းဖြစ်ချင်ဖြစ်မှာပါ..
    နောက်ပြန်မလှည့်အောင် လူထုအားနဲ့.. ဖိကြရမယ်လို့.. ထင်မိတယ်.. 😆

    Reply

  • လင်းဝေ

    February 28, 2012 at 4:52 pm

    ဂျော့ကလူးနီအတွက် ကပ်လွဲသွားလို့ စိတ်မကောင်းဖြစ်နေပါတယ်။ သူ့ခမျာ ကိုယ်နဲ့ရုပ်ချင်းဆင်လို့ ဂုဏ်ယူရှာတာ။
    ဗိုလ်လုံနှစ်ယောက် ကတော့ အတွင်းသိ အစင်းသိတွေမို့ ဒီထက်များများပြောပြ ရှင်းပြစေချင်တယ်။ ဖရဲသီးရေ အဲသလိုကြိုလေ မနာလို တိုရှည်ဖြစ်လေ ဖင်ကြားခဲညပ်သလိုဖြစ်လေ လျှောက်ရမ်းလေပဲ။
    သဂျိုင်ခီးရေ အဲဒါထက် နေပြည်တော်စီမံကိန်း ဘီလျှံပေါင်းများစွာရပ်ပစ်မှာကို စိတ်မကောင်းတာ။ နောက်တော့ပြန်မလှည်ဘူး ရှေ့ဆက်ပြီးလည်း ဘာမှ လုပ်မနေတော့ဘူး။ ဒါပဲ။ လူထုနဲ့တော့သွားမဖိနဲ့ မာဆတ်က ဖိတာလောက်သာ သူတို့ကခံတာ။

    Reply

    • windtalker

      February 28, 2012 at 8:49 pm

      ဟိုက်ရော
      ဖတ်ရူပြီး ပိုမိုလေးစားသွားပါကြောင်း
      ဂျော့ကလင်းဝေ ခင်ဗျား
      ဟီဟိ

      Reply

  • Patriot

    February 28, 2012 at 7:16 pm

    ဪကိုယ့်နိုင်ငံကြီး ပြောင်းလဲနေပြီ ဆိုပြီး ဝမ်းသာနေဒါ။ ဒီအကြောင်း တွေဖတ် ရတော့ ကိုယ့်ရဲ့ ပြည်တော်ပြန် အိမ်မက်က အလှမ်းဝေး နေဆဲပါလား , ဟူး………………………

    Reply

  • အင်းဗျာ ကိုလင်းဝေရေ… ကြားရသမျှလဲ မကောင်းဘူး။ဒီအနှီ စစ်တပ်ကအသွင်ပြောင်းလူတစ်စု
    ကိုရှင်းထုတ်နိုင်တဲ့တစ်နေ ့မှငြိမ်းချမ်းပါတော့မယ်။ဒီကောင်တွေ ဗျာ သေနတ်ပြပြီးတော့လဲ နှစ်
    (၂၀)လောက်နေပြီးပြီ။ထပ်ပြီးတခါ လိမ်ဇာတ်ကပြီးဆက်လိမ်နေတာ မပြီးတော့ဘူးဗျာ။

    Reply

  • padonmar

    February 29, 2012 at 12:30 am

    ကိုလင်းမြွေ
    ပြောလိုက်တော့ ပြောလိုက်တော့ဟေ့။
    အားပေးပါတယ်။

    Reply

  • kai

    February 29, 2012 at 2:31 am

    တပ်မတော်ထဲကခေါင်းဆောင်တချို့ကပါ.. လိုလိုလားလား.. ပြောင်းလဲရေးလုပ်နေ/ချင်နေချိန်မှာ.. ဒီလိုခေတ်ကောင်းမှာ.. လူထုအင်အားနဲ့.. နောက်ပြန်မလှည့်အောင် မလုပ်နိုင်ခဲ့ရင်..
    ..ဒီလိုအခွင့်အရေးမျိုး.. နောင်..အနှစ်၅ဝလောက်.. မဖြစ်နိုင်တော့ဘူး..

    အတိုက်အခံတွေ..တိုင်းရင်းသားတွေ.. စည်းလုံးစွာ.. စစ်အာဏာရှင်စံနစ်.. ဖယ်ထုတ်ဖို့သင့်လှတယ်…
    ဒီလိုဆိုတော့..
    တပ်မတော်သားတွေ.. ပြည်ခိုင်ဖြိုးတွေ.. ပင်လယ်ထဲမောင်းချဖို့ဆိုလိုတာမဟုတ်…
    သင်ပုန်းချေပြီး.. တိုင်းပြည်အတူူတူထူထောင်ကြဖို့ပြောတာပါ…
    ဘယ်သူမှ.. နောက်ကြောင်းမပြန်ကြေးပေါ့…။

    Go forward and forward!

    Reply

  • kyeemite

    February 29, 2012 at 9:14 am

    ပြောပြော..အားထည့်ပြီးပြောကြ…ဒီတစ်ခေါက်အန်တီစုအရှိန်အဝါအောက်မှာ..စုစည်းမိနေတဲ့ လူထု
    အင်အားဟာ အင်မတန်အားရစရာကောင်းပါတယ်…ကြံဖွံ့အစိုးရအဖွဲ့ဝင်တွေ လောက်ကိုတော့
    ကောင်းကောင်းကြီးဖိနိုင်တဲ့ အင်အားတွေရှိနေပြီလို့ယုံကြည်မိပါကြောင်း..လေးစားပါတယ်ကိုလင်းမြွေ။

    Reply

  • ကြောင်ကြီး

    February 29, 2012 at 11:10 am

    ဒါတောင် မသထာရေစာပေးတဲ့ ကြားဖြတ်အဆင့်မိုလို့နော်…။ ကြည့်လုပ်ပါ ဆြာတို့…ချော့ရင်းနဲ့ ကိုယ်ပါနွှဲ့သွားမယ်…ဟိုကောင်တွေက အထီးသော အမသော ရှောင်မှာမဟုတ်ဘူး…။ နောက်မှ ဖင်လေးပွတ်ပြီး ငိုမဲ့မဲ့လာမလုပ်နဲ့..ဒါဗျဲ…။ 😆

    Reply

  • Moe Z

    February 29, 2012 at 11:33 am

    ဦးလင်းဝေကွ ဘာမှတ်လဲ
    @#$#@$%^&*&*(+_*) ဘီလူးဆိုင်းဝိုင်းတီးပေးတာ 😀

    Reply

Leave a Reply

Your email address will not be published.