ရန်ကုန် မြို ့တွင် ဝမ်းရောဂါများ ဖြစ်ပွား

guestktyJune 5, 20101min01

ရန်ကုန်မြို ့တွင် ဝမ်းလျှော၊ဝမ်းပျက် စသည့် ဝမ်းရောဂါများ စတင်ဖြစ်ပွားနေပြီး
ဝမ်းလျှောရောဂါ ကြောင့် ရန်ကုန်ဆေးရုံကြီးတွင် တက်ရောက် ကုသခံသူ ဦးရေး မှာ ဆယ့်လေးဦး
ခန် ့ရှိပြီ ဖြစ်ကြောင်း သိရသည်။

မြောက်ဥက္ကလာ ပ ဆေးရုံ နှင့် မြို ့နယ် ဆေးပေးခန်း အချို ့တွင် ဝမ်းလျှောရောဂါ ဖြစ်ပွားခြင်းကြောင့်
လာရောက် ကုသခံသူ အများစု မှာ ရာသီပေါ် သီးနှံ များ နှင့် မသန် ့ရှင်းသောရေကြောင့် ဖြစ်သည်
ဟု သိရသည်။

ဝမ်းရော ဂါကြောင့် သေဆုံးသူ မရှိသေး သော်လည်း အချိန် မှီ ဆေးဝါးကုသခြင်းမခံရပါက
အသက်ဆုံးရှုံး နိုင်သည်။ ယခင်က ဝမ်းပျက် ဝမ်းလျှော ရောဂါ ကာကွယ်ဆေးများ မှာ နီးရာ
ဆေးဆိုင်၊ဆေးခန်း များ တွင် ရရှိနိုင်သော် လည်း မင်္ဂလာ ဈေး မီးလောင်ပြီး နောက်ပိုင်း မှ စ၍
ရပ်ကွက် ထဲရှိ တစ်ပိုင်တစ်နိုင် ဆေးဆိုင် များ တွင် ဆေးဝါးများ အလွယ် တစ်ကူ ဝယ်ယူမရနိုင်
တော့ ဟု သိရသည်။

One comment

  • wailynnoo

    June 5, 2010 at 3:14 pm

    freedomnewsgroup.com မှာ 4 ရက်နေ့ကပါတယ်သတင်းဖြစ်နေတယ်။ မှတ်ချက် ဆိုပြီးမူရင်းပိုင်ရှင်ကိုဖော်ပြသင့်တယ် ထင်တယ်။

    Reply

Leave a Reply

Your email address will not be published.