အမှတ် (၅၅) ခြေလျင်တပ်ရင်း မြေဓါးပြ တိုက် သိမ်းယူခြင်း

ေတေလFebruary 17, 20121min04

သံတွဲမြို့ မြပြင်ကျေးရွာ ဦးကျော်အောင် ၊ ဒေါ်မေသန်း အမည်ပေါက် VT-၄ဝ မြေချိန်ဧရိယာ (၁.၇၅)ဧက ရှိ ဥယျာဉ်ခြံမြေ ကို ခလရ(၅၅)
ခြေလျင်တပ်ရင်း မှ ပိုင်ရှင်မသိစေရပဲ လန(၃၉) ဖေါက်ယူ၍ အတင်းသိမ်းပိုက်ယူသော ကိစ္စတရပ်ဖြစ်ပါသည်။
မြေပိုင်ရှင်တို့မှာ ၎င်း ဥယျဉ်ခြံမြေ ကို လွန်ခဲ့သောနှစ်ပေါင်း (၇၀) ကျော် အဘိုးအဘွားများလက်ထက်မှစ၍ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး မြေစရင်းအခွန်
ပေးသွင်းလျက် စိုက်ပျိုးအသက်မွေးဝမ်းကြောင်းပြုလာခဲ့ပါသည်။ အဆိုပါဥယျဉ်ခြံမြေကို ရှေ့အဆက်ဆက် မည်သူ့ကိုမှ ရောင်းချ ခြင်း၊ ပေါင်နှံခြင်း၊
လက်ငုတ်စွန့်ပေးခြင်း မရှိခဲ့ပါ။ ယ္ခုသော် မြေပိုင်ရှင်အား အာဏာပြ အတင်းနှင်ထုတ်လျက်ရှိနေပြီး အဆောက်အဦး အတင်းဝင်ဆောက်လုပ်နေ၍
မြေပိုင်ရှင် မိသားတစုမှ ကူမည့်သူ မရှိပဲ ဒုက္ခ ဆင်းရဲခြင်းကြီးစွာ ရောက်လျက်ရှိနေပါသည်။ အခင်းဖြစ်ပွားသည့် ဥယျဉ်ခြံမြေမှာ ရွှေဝါချိုင်စခန်း
(ယ္ခင် လူရည်ချွန်စခန်း) ရှေ့ မျက်စောင်းထိုး တွင်တည်ရှိနေသော ဥယျဉ်ခြံမြေ ဖြစ်ကြောင်းသိရပါသည်။
ယ္ခုဖြစ်ပျက်ခြင်းအမှုမှာ တပ်များ ဘုန်းမီးနေလ အာဏာပြ၍ ရခဲ့စဉ် မူလ လက်ငုတ်နေထိုင်သူ ခြံသမားများမသိရှိစေဘဲ မြေစရင်းမှ မြေတိုင်းသူများ
အား ခေါ်ယူ အမှတ် (၅၅) ခြေလျင်တပ်ရင်း အမည်ဖေါက်ကာ ဥပဒေမဲ့ ပြုကျင့်ခဲ့သော ဖြစ်ရပ်ဖြစ်ပါသည်။
ဖေါ်ပြပါ လုပ်ရပ်သည် မြေဓါးပြ ဖြစ်နေပါသော အမှတ်(၅၅) ခြေလျင်တပ်ရင်းသည် ဥပဒေပေါ်သို့ ရောက်ရှိနေခြင်း မမည်ပါလော ။
လက်ရှိတွင်လည်း ငပလီကမ်းခြေ တစ်ဝိုက် တပ်ပိုင်သိမ်းယူထားသော မြေများမှာ လက်ညှိုးထိုးမလွဲ ရှိနေပါကြောင်း နှင့်..
သမ္မတကြီးခင်ဗျား . . ပြည်သူလူထုကိုု ကောင်းအောင်နေထိုင်ဖို့ ပြောနေခြင်းထက် မိမိသားသမီးတွေ ကောင်းအောင်နေထိုင်ဖို့ ဆုံးမပြပါဦးဗျ ။

4 comments

  • minyanag

    February 17, 2012 at 2:37 pm

    အိမ်း… လူ့ဘုံလောက ဆိုရာ၌ အေးချမ်းမှု ၊ တရားမျှတမှုဆိုသည်ကား ရှာတွေ့ရန်
    ခက်ခဲလှပါဘိ ။ ကြည့်ရှောင်ကြလေကုန် ။

    Reply

  • aungnng87

    February 17, 2012 at 4:20 pm

    အင်း….ဒါတွေကလူ့အခွင့်အရေးနှင့်များဆိုင်မလား…လူ့အခွင့်အရေးကော်မရှင်ကိုတိုင်ကြည့်ပါလား.။ အော်သိပြီ…မတူကွဲပြားခြားနားခြင်းနဲ့ငြိမ်းချမ်းရေးပါတီက ဥက္ကဌဦးနေမျိုးဝေကို လှမ်းပြီးအကြောင်းကြားကြည့်ပါလား။ သူကူညီမယ်လို့ပြောတယ်.။ဒီနေ့ DVB မှာ ဖတ်လိုက်ရတာ….အဲ…သူ့ဖုန်းနံပါတ်တော့သိဘူးတော်….

    Reply

  • sealion

    February 17, 2012 at 4:56 pm

    ဆိတ်တပ် ဆိတ်သားတွေ ကတော့ ထိန်းမနိုင်သိမ်းမနိုင် လက်နက်အားကိုးနဲ ့ ဥပဒေ အထက်က လုပ်ချင်ရာလုပ်နေကြတာပဲ လယ်ယာမြေသိမ်း မြို ့ထဲဝင်လူသတ် ဘုန်းကြီးသတ်နဲ ့ မိုးနတ်မင်းကြီး ကလဲဘာမှ မလုပ် ..

    Reply

  • အဓိကအနေနဲ ့ပြည်နယ်အဆင့်တိုင်းမှူး၊ထိုကတဆင့် ပြည်နယ်ဝန်ကြီးချုပ်မှတဆင့် သမ္မတကြီးဆီသွား။
    မရရင်တော့ အမျိုးသားလူ ့အခွင့်ရေးကော်မရှင်ပေါ့။နောက်မရခဲ့ရင် ILO ကိုတိုင်လိုက်ပါ။

    Reply

Leave a Reply

Your email address will not be published.