သာသနာနှစ် ၂၆၀ဝ အထိမ်းအမှတ် ပြည်သူ့ရင်ပြင် တရားအလှူ

padonmarFebruary 16, 20121min06

ဆရာတော်ကြီးများပုံ

တရားဟောစင်မြင့် ပြင်ဆင်နေဆဲပါ၊ မနက်စောစော မြူတွေကြားဆိုတော့ ဝိုးတဝါးပဲ

ဆရာတော်တွေရဲ့ ဘွဲ့အမည် နဲ့ ဟောမယ့်နေ့

ပြည်သူ့ရင်ပြင်မှာ သာသနာနှစ် ၂၆၀ဝ အထိမ်းအမှတ်

တရားအလှူပေးဖို့ ပြင်ဆင်နေတာတွေ တွေ့ရတော့

နိဗ္ဗာန် အကျိုးမျှော် နှိုးဆော်လိုက်အုံးမယ်လို့

ကင်မရာစုတ်ကလေးဆွဲပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။

တရားဟောစင်မြင့်ကြီး ပြင်ဆင်နေဆဲပါ

။ပြည်သူ့ရင်ပြင် နေရာကျယ်ကြီးဆိုတော့

ပရိသတ်ပေါင်းများစွာ နာယူနိုင်ပါတဲ့ နေရာကောင်းပါပဲ

။နေရာရွေး စိတ်ကူးရတဲ့သူ၊တရားပွဲမတည်တဲ့သူ

၊ဝေယျာဝစ္စကူသူတွေကို သာဓုခေါ်မိပါတယ်။

ရွေတိဂံဘုရားကြီးကို မျက်နှာမူပြီး တရားနာရမှာ ကြည်နူးစရာပါ။

ပုံမှာပါတဲ့အတိုင်း ဖေဖော်ဝါရီ ၁ရ ရက်ကစလို့ ၅ည တိုင်တိုင် ည ရနာရီခွဲ စပါမယ်တဲ့။

တရားဟောဆရာတော်တွေကလည်း အသိရော အကျင့်ပါ လေးစားလောက်တဲ့ ဆရာတော်ကြီးတွေပါ။

၁ရ ရက်နေ့- ယောဆရာတော်ကြီးဟာ

တိပိဋကဆရာတော်ကြီး ဖြစ်ပေမယ့် ပါဠိတွေ မရွတ်ပဲ

အများနားလည်စေဖို့ မြန်မာလို ရှင်းရှင်းလေးတွေကို

ကဗျာလေးတွေနဲ့ နားဝင်အောင် ဟောလေ့ရှိပါတယ်။

၁၈ရက်နေ့- ချမ်းမြေ့ဆရာတော်ကြီးကတော့

ဝိပဿနာ တရားတွေကို မူရင်းပါဠိမှ ဆင်းသက်တဲ့

အဓိပ္ပါယ် အမျိုးမျိုးနှင့်တကွ နားစွဲလောက်တဲ့ လင်္ကာတွေ ချပေးပြီး

ရှင်းရှင်းလင်းလင်းနဲ့ တစ်ခါတည်း နားထဲဝင်

နားလည်သဘောပေါက်အောင် ဟောပြောတတ်ပါတယ်။

၁၉ရက်နေ့- သီတဂူဆရာတော်ကြီးက

အသံပါဝါကောင်းကောင်း ပြတ်ပြတ်သားသားရှိပြီး

အင်တာနေရှင်နယ် ဗဟုသုတများနဲ့တကွ ခေတ်မီမီဟောတတ်တာမို့

တရားနာ ပရိသတ်အသည်းစွဲပေါ့။

၂ဝရက်နေ့- ပါမောက္ခချုပ်ဆရာတော်ကတော့

ခက်တယ်လို့ကြောက်ကြတဲ့ အဘိဓမ္မာလာ တရားတော်တွေကို

စာသင်သားများသင်ပေးသလို အချက်အလက် စုံစုံလင်လင်

စုပြီးသား လက်ချာအဆင်သင့်ရလိုက်သလို ပေးစွမ်းနိုင်တာမို့

ပညာလိုလားတဲ့ ပရိသတ်အကြိုက်ပါ။

၂၁ရက်နေ့- ဒုပါချုပ် ဗန်းမော်ဆရာတော်ကြီးကတော့

အသက်ကြီးသလို ကရုဏာလည်း ကြီးမားတဲ့ဆရာတော်ကြီးပီပီ

သတ္တဝါများရင်ဝယ်သားကဲ့သို့ဆိုတဲ့အတိုင်း

အဖေကြီးဖိုးအေကြီးက သားသမီးများမြေးများကို ဆုံးမသလို

ရှေးဟောင်းနှောင်းဖြစ်ပုံပြင်လေးတွေ မှတ်ဖွယ်လေးတွေနဲ့ တကွ

ဟောတာလေးလည်း နာစေချင်ပါတယ်။

ကိုယ်တိုင်လည်း ညစဉ် မပျက်မကွက်သွားနာဖို့ ကြိုးစားမယ်။

ရွာသူရွာသားတို့လည်း တရားနာသွားနိုင်ကြပါစေ။

6 comments

  • Khin Latt

    February 16, 2012 at 5:32 am

    ပြည်သူ့ရင်ပြင် မှာ ဒါမျိုးတရားပွဲ အရင်က မလုပ်ဖူးဘူး မဟုတ်လား ။
    တကဲ့ကို ဘုရားဖူးရင်း တရားလဲ နာရင်း၊ အေးအေးလူလူ နဲ့ ဖြစ်နေမှာ။
    ပုံဦးလေးတွေ နဲ့ တရားဟောဆရာတော် တွေအကြောင်း ကို မျှဝေပေးလို့ ကျေးဇူးပါနော်။
    အစ်မ က နိဗ္ဗာန်ဆော် ပါဘဲ။ သာဓုပါ အစ်မပဒုမ္မာရေ။

    Reply

  • MaMa

    February 16, 2012 at 9:34 am

    နိဗ္ဗာန်ဆော်ကြီး ကုသိုလ်ပိုရအောင်လို့ သွားပြီးတရားနာဖြစ်အောင် ကြိုးစားလိုက်ပါမည်။ 😀
    (ကြားနေတာတော့ကြာပြီ အခုလို ရက်ကပ်မှ ရီမိုင်း လုပ်လိုက်လို့ ကျေးဇူးပါ)

    Reply

  • etone

    February 16, 2012 at 10:37 am

    ပြည်သူ့ရင်ပြင်လို နေရာကျယ်မျိုးမှာ .. တရားပွဲလုပ်တယ်ဆိုတော့ …အရမ်းကောင်းတဲ့ အစီစဉ်ပါပဲ … ။ ဒါပေမယ့် … ကားဂိတ်နှစ်ခုရဲ့ ကြားကျတဲ့ နေရာကြီးဆိုတော့ …. ကားမရှိတဲ့ အဖိုးအို ၊ အဖွားအိုတွေ … လမ်းမှ လျှောက်နိုင်ပါ့မလားမသိဘူး … ။

    တစ်ချို့ တရားပွဲတွေမှာ … ကားအလှူရှင်တွေပါရှိတယ် … ဘီအမ်ကားကြီးတွေ ငှားပြီး တစ်မြို့နယ်ကို တစ်စီး လိုက်ပို့ပေးတယ် … ။ အစီစဉ်ကိုတော့… တရားပွဲပြုလုပ်သူတွေက စီစဉ် ပေးရတယ် … ။ 🙂

    Reply

  • စိန်ပေါက်ပေါက်

    February 16, 2012 at 10:56 am

    ဦးကြာကြီးရေ
    တိုင်းကျူးဗျာ
    မြို ့ထဲမရောက်တာနဲ ့ ဘာမှ မသိဖြစ်ဘူး..
    အကုသိုလ်တွေ တော်တော်များနေတာနဲ ့ တရားရေအေး အမြိုက်ဆေးလေး သွားသောက်နိုင်အောင် ကြိုးစားဦးမယ်

    Reply

    • စိန်ပေါက်ပေါက်

      February 16, 2012 at 10:59 am

      ဟေ့လူ
      အရက်ပုလင်းတောင် မချနိုင်ပဲ တရားရေအေး အမြိုက်ဆေးတွေဘာတွေ လျှောက်ပြောမနေစမ်းပါနဲ ့

      Reply

  • nature

    February 16, 2012 at 2:49 pm

    ဟိုနေ့က တနေရာမှာဖတ်တာ တရားပွဲက 7:30 pm စမယ်ရေးထားတယ်။ အခု ရိုက်ထားတဲ့ ဓါက်ပုံမှာက 7:00pm ဖြစ်နေတယ်။

    Reply

Leave a Reply

Your email address will not be published.