မန္တလေးဂေဇက်ဧ။် ပထမဆုံးစုပေါင်းအလှူ အောင်မြင်စွာပြီးဆုံးခြင်း နှင့် ကျေးဇူးတင်ရှိခြင်း
မန္တလေးဂေဇက်ဧ။ ်ပထမဆုံး စုပေါင်းအလှူကို ယခင်သတ်မှတ်ထားသည့်အတိုင်း ၁၂-၂-၁၂ တွင် ၊ နာရေးကူညီမှုအသင်းချုပ်(မြောက်ဒဂုံ)သို့ စာဖတ်သူများ နှင့် ရွာသူ ရွာသားများ(စုစုပေါင်း ၂၄ယောက် ) အတူတကွ သွားရောက်လှူဒါန်းခဲ့ကြသည် ။ ကောက်ခံရရှိငွေ စုစုပေါင်းမှာ ဆယ့်သုံးသိန်း ရှစ်သောင်း (၁,၃၈၀,၀၀ဝ ကျပ်) တိတိဖြစ်ပြီး ၊ အကြွင်းကျန်မရှိ အကုန်လှူဒါန်းပြီးစီးခဲ့သည် ။
ဤအလှူအောင်မြင်စွာ ဖြစ်မြောက်ရေးအတွက် ပါဝင်အားဖြည့် ကူညီခဲ့ကြသူများအားလည်းကောင်း ၊ သဒါ္ဓတရားယုံကြည်ထက်သန်စွာ အလှူငွေပါဝင်လှူဒါန်းခဲ့ကြပါသော စာဖတ်သူများ နှင့် စာရေးသူ ရွာသူရွာသားများအားလည်းကောင်း ၊ အဝေးနိုင်ငံများမှ ငွေလွှဲပေးကြသော စာဖတ်သူ/မန်ဘာ များအားလည်းကောင်း၊ အလှူငွေလိုက်လံကောက်ခံပေးပါသော AKKO ,မန္တလေးမှ ပေါက်၊ပေ၊ပု အဖွဲ., ရွှေတိုက်စိုး ၊ ET နှင့် မသဲနုအေးတို့အားလည်းကောင်း ၊ သွားရေးလာရေး အဆင်ပြေစေရန်အတွက် ကားပေးသုံးပါသော ကိုဘလက်ချော ၊ မနိုဗွီ နှင့် ကိုအမ်လုလင်တို့အားလည်းကောင်း ၊ အလှူခံပို့စ်ကို အချိန်ကြာမြင့်စွာ sticky လုပ်ပေးထားပါသော Admin ကိုခိုင်အားလည်းကောင်း ၊ အမှတ်တရ ဓါတ်ပုံဖြင့် မှတ်တမ်းတင်ပေးသူများအားလည်းကောင်း ၊ အတူလိုက်ပါ လှူဒါန်းသူများအားလည်းကောင်း အထူးပင် ကျေးဇူးတင်မိပါသည် ။
ကျွန်မတို့စာဖတ်သူများ၊ ရွာသူရွာသားများ ဧ။် ယုံကြည်စိတ်နှင့် တူညီစွာ ပူးပေါင်း ဆောင်ရွက်လှူဒါန်းခဲ့ကြသော အလှူတစ်ခု ပြီးမြောက်ခြင်းအတွက် များစွာ ကြည်နူးဝမ်းသာဖြစ်မိပါသည် ။ အတူမလိုက်နိုင်ခဲ့သော ရပ်ဝေး ရပ်နီးမှ စာရေးသူများ ၊ စာဖတ်သူများနှင့် အလှူရှင်များကိုလည်း အမျှပေးဝေ ချင်ပါသည် ထပ်တူထပ်မျှ ရကြပါစေ ။
အမျှ … အမျှ … အမျှ …
မန္တလေးဂေဇက်ပထမဆုံးအလှူအတွက် ကောက်ခံရရှိသော အလှူငွေနှင့် လှူဒါန်းသူများ စာရင်း
| အမှတ်စဉ် | နေ့စွဲ | အလှူရှင်နာမည် | အလှူငွေ (ကျပ်) |
| 1 | 7-Jan-12 | Novy | 20,000 |
| 2 | 7-Jan-12 | စုံစုံ | 10,000 |
| 3 | 7-Jan-12 | အာဂ+နွယ်ပင် | 15,000 |
| 4 | 7-Jan-12 | မမ | 10,000 |
| 5 | 7-Jan-12 | ဆူး | 10,000 |
| 6 | 7-Jan-12 | FR | 30,000 |
| 7 | 7-Jan-12 | ဦးဦးပါလေရာ | 15,000 |
| 8 | 7-Jan-12 | htet way | 10,000 |
| 9 | 7-Jan-12 | fatty | 10,000 |
| 10 | 7-Jan-12 | ပဒုံမ္မာ | 10,000 |
| 11 | 7-Jan-12 | nozomi | 10,000 |
| 12 | 7-Jan-12 | M-လုလင် | 10,000 |
| 13 | 7-Jan-12 | AKKO & Etone | 30,000 |
| 14 | 9-Jan-12 | မျိုးဟန်ထွန်း | 10,000 |
| 15 | 9-Jan-12 | ဒေါ်အိအိရှိန် | 30,000 |
| 16 | 9-Jan-12 | small cat | 50,000 |
| 17 | 11-Jan-12 | fatty cat | 10,000 |
| 18 | 11-Jan-12 | ရောင်ခြည်ခ | 20,000 |
| 19 | 11-Jan-12 | water-melon | 10,000 |
| 20 | 11-Jan-12 | ရွှေမင်းသား | 20,000 |
| 21 | 12-Jan-12 | ဦးစိုးတင့် | 30,000 |
| 22 | 15-Jan-12 | TTNU & ကိုဆန်နီ | 50,000 |
| 23 | 15-Jan-12 | Pooh | 20,000 |
| 24 | 15-Jan-12 | who who | 10,000 |
| 25 | 15-Jan-12 | အန်ကယ်ကြီး | 5,000 |
| 26 | 15-Jan-12 | ကိုပေါက် | 10,000 |
| 27 | 15-Jan-12 | ကိုပေ+မဒမ်ပေ | 30,000 |
| 28 | 15-Jan-12 | ကိုစိန်သော့ | 10,000 |
| 29 | 15-Jan-12 | ရွှေတိုက်စိုး | 30,000 |
| 30 | 15-Jan-12 | rose | 10,000 |
| 31 | 15-Jan-12 | thurazaw | 3,000 |
| 32 | 16-Jan-12 | Xman | 10,000 |
| 33 | 20-Jan-12 | ကိုအောင်နိုင်+မချယ်ရီ | 30,000 |
| 34 | 22-Jan-12 | Taw Twin Pyaw | 50,000 |
| 35 | 26-Jan-12 | အမည်မဖော်လိုသူ မန်ဘာ | 30,000 |
| 36 | 27-Jan-12 | ရွာစားကျော် | 5,000 |
| 37 | 1-Feb-12 | Shwe Ei | 10,000 |
| 38 | 2-Feb-12 | ko aung | 100,000 |
| 39 | 2-Feb-12 | Big Cat | 30,000 |
| 40 | 2-Feb-12 | Oo Oo | 10,000 |
| 41 | 2-Feb-12 | ba gyi | 10,000 |
| 42 | 3-Feb-12 | Ko Myo (DOHA) | 20,000 |
| 43 | 3-Feb-12 | ကိုကျော်မွန်ခန့် | 15,000 |
| 44 | 4-Feb-12 | အမတ်မင်း | 20,000 |
| 45 | 4-Feb-12 | The Nu Aye (TNA) | 50,000 |
| 46 | 7-Feb-12 | Black Chaw | 10,000 |
| 47 | 9-Feb-12 | Wei Wei | 10,000 |
| 48 | 11-Feb-12 | ကိုစည်သူထွန်း(အင်္ဂလန်) | 100,000 |
| 49 | 11-Feb-12 | ရွှေဘိုသား | 10,000 |
| 50 | 11-Feb-12 | Wan Wan | 5,000 |
| 51 | 11-Feb-12 | မိုးကြိုးသွား | 15,000 |
| 52 | 11-Feb-12 | တညင်သား | 30,000 |
| 53 | 11-Feb-12 | အမည်မဖော်လိုသူ | 70,000 |
| 54 | 11-Feb-12 | Hui Chu (USA) | 100,000 |
| 55 | 12-Feb-12 | King | 10,000 |
| 56 | 12-Feb-12 | Ju Ju Ma | 20,000 |
| 57 | 12-Feb-12 | Pan Pan | 5,000 |
| 58 | 12-Feb-12 | Yin Nyein Nway | 2,000 |
| 59 | 12-Feb-12 | Ei Ei Moe | 15,000 |
| 60 | 12-Feb-12 | Uncle Lay | 30,000 |
| 61 | 12-Feb-12 | Chartoolan | 10,000 |
| TTL | 1,380,000 |



(ဗျို့သဂျီး … အရင်ကဆို .. insert လုပ်ထားတဲ့ ဓါတ်ပုံကိုထောက်လိုက်တာနဲ့ …. ဘေးထောင့်ကနေ လိုတဲ့ဆိုဒ်ဆွဲချုံ့လို့ ရတယ် .. အခု မရတော့ဘူး …. 🙁 )

82 comments
ဦးဦးပါလေရာ
February 14, 2012 at 11:53 pm
မလိုက်ဖြစ်ခဲ့တာကို တော်တော်နှမြောမိပါတယ်။
နောက်အလှူအတွက် ခေါင်းစဉ်လေး စပြီးစဉ်းစားကြပါဗျို့…..
အဲတာမှ ဆေးလိပ်ဘိုးထဲကဖဲ့ပြီး ဇီးကွက်ရုပ်စုဗူးထဲ ထည့်စုနှင့်ရအောင် .. 😛
Khin Latt
February 15, 2012 at 5:13 am
တုံတုံ လေးက တကဲ့ချစ်စရာလေး။ တကယ်ပြောတာပါ။
ဆေးခန်းမှာ လူမမာတွေ က တုံတုံ ကို တွေ့တာနဲ့ ရောဂါတစ်ဝက်ပျောက် ရောဆိုတဲ့ ဂရုဏာ မျက်နှာလေးကိုလဲ ပိုင်တယ်။
သား AKKO ကတော့ ဆေးခန်းမှာ တွေ့တာနဲ့ တစ်ခါထဲ ထွက်ပြေးချင်အောင်ကို ခန့်တာကလား။
ရောဂါတွေ ထွက်ပြေးမှာကို ပြောတာပါကွယ်။ 😀 jk
ချစ်ခင်စွာဖြင့်
အရီးလတ်
ရွှေဘိုသား
February 15, 2012 at 10:08 am
မအိတုံ နဲ့ ကAKKO ကိုကြိုပြောထားမယ်နော် ကျနော့် အိမ်သူသက်ထား မပေါ့မပါး ဖြစ်လာရင် ရွာသားအချင်းချင်း ကူညီနော် ပိုက်ပိုက်မရှိဘူးဗျ ဖြစ်တယ်မလား
etone
February 15, 2012 at 11:05 am
အံမယ် … မျိုးစေ့တောင် မချသေးပဲ … အသီးသီးချင်နေပြန်ပါပြီ … ။ အိမ်သူသက်ထားရအောင် အရင်ရှာလိုက်ဦး … 😀
manawphyulay
February 15, 2012 at 1:25 pm
ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်ရှင်။ ခုမှ ခရီးက ပြန်လာလို့ ပါဝင်ကုသိုလ်မယူနိုင်တာ နောက်တစ်ခါ လိုက်ဖြစ်အောင် လိုက်မယ်နော်….
etone
February 15, 2012 at 1:47 pm
ဟိုးတစ်ခေါက်က အချိန်ကပ်ပြီး ချိန်းလိုက်လို့ ဖုန်းနံပါတ်မသိလို့ အစ်မမနောကို မပြောဖြစ်တာ ..ဒီတစ်ခေါက်လည်း .. ကြိုပြောထားပါလျှက် … အိမ်က ခိုင်းလို့ နယ်သွားရမယ်ဆိုတော့ …. မတွေ့ဖြစ်ပြန်ဘူးပေါ့ …. ။ လက်လှမ်း မှီသလောက် အလှူက အကြိမ်ကြိမ်လုပ်ကြဦးမှာပါ .. လက်တို့ပါဦးမယ် .. 🙂
fatty
February 15, 2012 at 5:51 pm
ကွန်မင့်တွေဖတ်ရတာ တမျိုးထပ်ပြီးကြည်နုုးရပါတယ်ဗျာ
မိုက်ကယ်ဂျော်နီငပွ
February 15, 2012 at 10:37 pm
ဘာဘဲဖြစ်ဖြစ်ပါဗျာ
ဒီလိုလက်တွေ့ကျတဲ့ လုပ်ဆောင်မှု့လေးတစ်ခုကို ဆောင်ရွက်နိုင်ခဲ့တဲ့
သက်ဆိုင်သူတွေကို အသိမှတ်ပြုပြီး အကြောင်းကြောင်းကြောင့် ပူးပေါင်းပါဝင်ခြင်းမပြုမိတဲ့
ကိုယ့်ကိုယ်လည်း အလွန်ညံ့ဖျင်းသူတစ်ယောက်အဖြစ် ဝန်ခံပါတယ်ဗျာ
သဒ္ဓါသဘောလေးမှာ ကိုယ့်စိတ်က သဒ္ဓါဆိုတာဖြစ်လို့ ကိုယ့်အသက်ဇိဝိန်ကိုပေးလှူခြင်းက
အကြောင်းတစ်မျိုးသွားပါတယ်
သူတစ်ပါးကို အလှူ၌ စိတ်အားထက်သန်စေခြင်းဟာ လူသာမန်တို့လုပ်နိုင်ခဲတဲ့ သဘောလေးလို့တော့
ဆိုခြင်ပါတယ်ဗျာ
အထူးဆိုခြင်တာကတော့ လက်တွေ့လုပ်ဆောင်နိုင်သူတွေကို အထူးအသိမှတ်ပြုပါ၏ ဆိုတာပါ
ဒါနဲ့
ဒေါက်တာခင်ဗျား
ဘယ်တော့ အိုက်စခရင်းတွေ ဘာတွေကျွေးမှာလဲခင်ဗျ 😀 😀 😀
ကြက်ဖင် ( အကယ်ဒမီ )
February 16, 2012 at 9:10 am
ငခြောက် !!!!!
ပြောတော့ မိုးလားကဲလား
တွေ့တယ်မှတ်လား ဒေါက်တာက ဘယ်လိုလုပ်သွားသလဲဆိုတာ
နောက်တစ်ခါကြရင် ခင်ဗျား ဗမာငွေတစ်သိန်းငါးထောင်ထည့်
တစ်သိန်းက ခင်ဗျားနာမည်
ငါးထောင်က ကျုပ်ရဲ့နာမည်
ကိုပေါက်(မန္တလေး)
February 16, 2012 at 8:57 am
နည်းသည်များသည် အဓိကမဟုတ်
သိသည် မသိသည် အဓိကမဟုတ်
ဟိုမှာဒီမှာ အဓိကမဟုတ်
အချင်းချင်း ယုံကြည်ခြင်းနှင့်တူညီသောစိတ်ရှိခြင်းသည်သာ အဓိက။
ထို့ကြောင့်………………………………………………………..
ရွှေဘိုသား
February 16, 2012 at 9:12 pm
မအိတုံ အထင်သေးတာလား နောက်တစ်ခါတွေ့ဆုံပွဲရှိလို့ရင်တော့ နဂါးမှန်းသိအောင် ဘယ်တစ်ယောက် ညာတစ်ယောက်ချိတ်ခဲ့မယ်