ထေရဝါဒမှ နှုတ်ထွက်ရခြင်းအကြောင်းအပိုင်းအစ-၂

ဒုက္ခနဲ့လူ အတူတူပဲလို့ ထေရဝါဒက ဆိုပါတယ်။ သတ္တဝါလောကနဲ့၊ လူကိုခွဲခြားမသိတော့ ဒုက္ခရောက်ပြီဆိုရင် ဒုက္ခနဲ့ ဒုက္ခခံရတဲ့လူမကွဲတော့ဘူး။

လူရောဂါရရင် လူဒုက္ခရောက်တယ်ပြောရတယ်။ အဲသည်မှာ လူဟာရောဂါနဲ့လူကိုအတူလို့ထင်နေပေမယ့် ဆေးဆရာဆီအပ်တဲ့အခါ ဆရာက ရောဂါဟာ လူမဟုတ်ဘူး အသိပေးပြီး လူဆီကရောဂါကိုထွက်သွားအောင်လုပ်ပေးတယ်။

ရောဂါရလို့ ဒုက္ခရောက်တဲ့လူဆီမှာ လူဟာ ဒုက္ခ မဟုတ်ဘဲ ရောဂါပဲ ဒုက္ခဖြစ်တာပေါ်လွင်တယ်။ လူကတော့ ဒုက္ခကို ခံရတဲ့သူပဲပေါ့။ ဒုက္ခနဲ့ ဒုက္ခခံရသူဟာ ကွဲရလိမ့်မယ်။ ဒုက္ခဟာ ဒုက္ခခံရမှာ မဟုတ်ဘဲ ၊ ဒုက္ခခံရတာဟာလည်း ဒုက္ခ မဟုတ်ဘူးလို့ပေါ့။

လူဒုက္ခရောက်တယ်လို့ပြောရင် လူနဲ့ဒုက္ခ အတူဖြစ်နေမယ်။ လူမှာ ဒုက္ခရောက်တယ်ဆိုမှ လူက ဒုက္ခရဲ့ အရောက်ခံနေရာ၊ ဒုက္ခဟာ လူဆီမှာ ရောက်တဲ့အရာ၊ သည်လိုကွဲပြားမယ်။

လူ့အဖြစ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ရုပ်ဓါတ်၊ နာမ်ဓါတ်တွေဟာ ဥပါဒ် ၊ဌီ ၊ ဘင်တွေအဖြစ် ပြောင်းလဲနေတာတွေပါပဲ၊ ဒါတွေဟာ ဒုက္ခတွေပေါ့လို့ အဘိဓမ္မာထုတ်နေကြပါတယ်။

အဲဒီလို ဒုက္ခနဲ့လူ အတူမဟုတ်တာကို သိလိုက်ရတော့ ဒုက္ခနဲ့လူ အတူတူဆိုတဲ့ ထေရဝါဒကနေ နှုတ်ထွက်ရခြင်းအကြောင်း အပိုင်းအစဖြစ်ခဲ့ရပြီပေါ့။

14 comments

  • True Answer

    February 13, 2012 at 8:32 am

    For right understanding, pls read here;

    http://myanmargazette.net/100222/creative-writing

    ” ဒုက္ခနဲ့လူ အတူတူပဲလို့ ထေရဝါဒက ဆိုပါတယ်။ ”

    ဘယ်နေရာမှာ ဆိုထားပါသလဲ ခင်ဗျာ။

    Reply

    • mggwa

      February 13, 2012 at 1:46 pm

      ဘယ်နှယ့် ဆိုထားတာမှ အများကြီးပဲ နင့်နှယ်။ ကိုယ်ပြောတာတွေ ကိုယ်မမှတ်မိလောက်အောင်ကို သတိတွေချွတ်ယွင်းနေရသလားဟဲ့။
      ဘေးက ငါတောင်သိတယ်။

      Reply

  • koyinmaung

    February 13, 2012 at 9:58 am

    အရိယသစ္စာခရီးသည် ရေ
    (ဒုက္ခနဲ့လူ အတူမဟုတ်တာကို သိလိုက်ရတော့ ဒုက္ခနဲ့လူ အတူတူဆိုတဲ့ ထေရဝါဒကနေ နှုတ်ထွက်ရခြင်းအကြောင်း အပိုင်းအစဖြစ်ခဲ့ရပြီပေါ့။)ဆိုတော့
    ခုဘယ်ဝါဒများကိုးကွယ်နေပါသလဲ
    မိတ်ဆွေရဲ့အယူဝါဒလေးလဲလုပ်စမ်းပါအုံး…….

    Reply

  • aungnng87

    February 13, 2012 at 12:51 pm

    သူ့ဘာသာသူနှုတ်ထွက်တာဘဲ ဒီမှာ လာကြွေးကြော်နေတယ်။ တော်တော်ဇယားနောက်တဲ့သူတွေ။

    Reply

    • မဟာ ထမိန်ကြီးဝါဒ

      February 13, 2012 at 2:52 pm

      အော်…သူနှုတ်ထွက်သလို သူများကိုလည်း နှုတ်ထွက်စေချင်မှာပေါ.။ နှုတ်ထွက်ဆိုလည်း နှုတ်ထွက်ပါ.မယ်။ ။ မိမိကိုယ်မိမိ မလိမ်မညာဘဲ စိတ်ချမ်းသာမယ့် တရား..ပျော့ကွက်ဟာကွက် မရှိအောင်သာ ဟောပါဗျာ။

      Reply

  • laypai

    February 13, 2012 at 2:25 pm

    အရမ်းသိနေလို့ ဝင်ဆွေးနွေးတာမဟုတ်ပါ။
    မြတ်ဗုဒ္ဓ ဟော ကြားတော်မူခဲ့တဲ့ သစ္စာလေးပါး မှာ ဒုက္ခသစ္စာ က စ ပါတယ်။

    အရိယသစ္စာခရီးသည် ရေး သားချက်အရ ဒုက္ခ ကို ဘာတစ်ခုမှ သေသေ ချာချာ မသိဘူး လို့ ယူဆ ရ တယ်။
    ကျုပ်လည်း မသိသေးဘူး။
    နှလုံးသွင်း မှန်အောင် ကြိုးစားအားထုတ်ထာ တဲ့ အရိယာ၊ အနိမ့် ဆုံး သောတပန်မှ သာ ဒုက္ခ ကို သိမယ် လို့ ထင်ပါ တယ်။
    အရိယသစ္စာခရီးသည် စစ်မှန် မှန်တဲ့ ဘာသာတရား ရဲ့ အဆုံးအမ အောက်မှာ ငြိမ်းချမ်း နိုင်ပါစေ။
    အရိယသစ္စာခရီးသည် စစ်မှန် မှန်တဲ့ ဘာသာတရား ရဲ့ အဆုံးအမ အောက်မှာ ငြိမ်းချမ်း နိုင်ပါစေ။
    အရိယသစ္စာခရီးသည် စစ်မှန် မှန်တဲ့ ဘာသာတရား ရဲ့ အဆုံးအမ အောက်မှာ ငြိမ်းချမ်း နိုင်ပါစေ။

    Reply

    • ကိုသစ္စာ

      February 13, 2012 at 4:15 pm

      အဲဒီ ဒုက္ခသစ္စာကိုပဲ
      သမုတိသစ္စာသမားတွေက လူကိုယ်ကောင်အထည်ကြီး မွေး၊ သေတာကို ဒုက္ခသစ္စာလို့ ယူကြပါတယ်။
      ပရမတ္တသစ္စာသမားတွေကတော့ လူကိုယ်ကောင်ကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရုပ်၊နာမ်တွေ ဖြစ်နေ၊ပျက်နေတာကိုတာကို ဒုက္ခသစ္စာလို့ ယူကြပါတယ်။
      မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါးမှာ ဒုက္ခသစ္စာ ဆိုတာက ဒုက္ခအရိယသစ္စာကို ပြောတာပါ။
      အရိယသစ္စာအသိအမြင်ရတော့ လူက လွန်းကျူးတဲ့ ကံ (သင်္ခါရ)တွေကြောင့် လူပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲခြင်း၊ မငြိမ်းချမ်းခြင်းကို ဒုက္ခအရိယသစ္စာလို့ နားလည်မိပါတယ်။
      ဒုက္ခတွေချုပ်ငြိမ်းသွားတယ်ဆိုတာ လူကိုယ်ကောင်ကြီး ပျောက်သွားတာလည်း မဖြစ်သင့်လို၊
      လူရဲ့ အစိတ်အပိုင်း ရုပ်၊ နာမ်တွေ ပျောက်သွားတာရော ဖြစ်သင့်ရဲ့လား?
      အဲဒါက လူနဲ့ ဒုက္ခကို မကွဲပြားလို့လို့ မြင်မိပါတယ်။
      လူနေကောင်းသွားတယ်ဆ

      Reply

  • ကိုသစ္စာ

    February 13, 2012 at 4:26 pm

    အဲဒီ ဒုက္ခသစ္စာကိုပဲ
    သမုတိသစ္စာသမားတွေက လူကိုယ်ကောင်အထည်ကြီး မွေး၊ သေတာကို ဒုက္ခသစ္စာလို့ ယူကြပါတယ်။
    ပရမတ္တသစ္စာသမားတွေကတော့ လူကိုယ်ကောင်ကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရုပ်၊နာမ်တွေ ဖြစ်နေ၊ပျက်နေတာကိုတာကို ဒုက္ခသစ္စာလို့ ယူကြပါတယ်။
    မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါးမှာ ဒုက္ခသစ္စာ ဆိုတာက ဒုက္ခအရိယသစ္စာကို ပြောတာပါ။
    အရိယသစ္စာအသိအမြင်ရတော့ လူက လွန်ကျူးတဲ့ ကံ (သင်္ခါရ)တွေကြောင့် လူပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲခြင်း၊ မငြိမ်းချမ်းခြင်းကို ဒုက္ခအရိယသစ္စာလို့ နားလည်မိပါတယ်။
    ဒုက္ခတွေချုပ်ငြိမ်းသွားတယ်ဆိုတာ လူကိုယ်ကောင်ကြီး ပျောက်သွားတာလည်း မဖြစ်သင့်လို၊
    လူရဲ့ အစိတ်အပိုင်း ရုပ်၊ နာမ်တွေ ပျောက်သွားတာရော ဖြစ်သင့်ရဲ့လား?
    အဲဒါက လူနဲ့ ဒုက္ခကို မကွဲပြားလို့လို့ မြင်မိပါတယ်။
    လူနေကောင်းသွားတယ်ဆိုတာ လူအပေါ်မှာ ဖြစ်နေတဲ့ ရောဂါပျောက်သွားတာကိုပြောတာဖြစ်သလို
    ဒုက္ခသစ္စာတွေငြိမ်းသွားတယ်ဆိုတာ လွန်းကျူးတဲ့ ကံတွေကြောင့် ဒီလူအပေါ်မှာ ဖြစ်နေရတဲ့ ဆင်းရဲတွေဟာ ဒီကံတွေ မလွန်ကျူးတော့ခြင်းကြောင့် ဆင်းရဲတွေချုပ်ငြိမ်းသွားတာလို့ နားလည်မိပါတယ်။

    လူနဲ့ ရောဂါကို ကွဲပြားဖို့ လိုသလို
    လူနဲ့ ဒုက္ခကိုလည်း ကွဲပြားဖို့လိုပါတယ်။
    လူပျောက်ရမှာလား/ ရောဂါပျောက်ရမှာလား ?
    လူချုပ်ငြိမ်းရမှာလား/ ဒုက္ခချုပ်ငြိမ်းရမှာလား /

    အရိယသစ္စာခရီးသည်ကတော့ ဘယ်လို ဆိုလိုမလဲတော့ မသိပါ။

    Reply

  • uzin

    February 13, 2012 at 6:01 pm

    မျက်စိ မမြင်သူဟာ အခြားသူမမြင်သလို မိမိကိုလည်း မမြင်ပါဘူး။ ဉာဏ်မျက်စိဆို ပိုဆိုးပြီပေါ့။

    ဗုဒ္ဓဟောကြားတာမှ သစ္စာလေးပါးဆိုတာ လူတိုင်းသိပါတယ်။ အရေးအကြီးဆုံးကတော့ ဘယ်အဖြစ်၊ ဘယ်လိုဖြစ်တာကို ဒုက္ခလို့ ကောက်မှာလဲ၊ ကိုယ့်စိတ်တိုင်းကျ မဖြစ်တာတိုင်းကို ဒုက္ခလို့ သတ်မှတ်မှာလား။ ဒုက္ခကို ဘယ်သစ္စာက ဖြစ်စေတာလဲ၊ တနည်းပြောရင် ဒုက္ခဖြစ်ကြောင်းကို သမုဒယလို့ ပြောထားပြန်တယ်။ သမုဒယကလည်း ငြိတွယ်ခြင်း၊ စွဲလမ်းခြင်းတဲ့၊ ဘယ်လိုငြိတွယ်စွဲလမ်းတာကို သမုဒယပြောမလဲ။
    သင် ဘယ်အမြင်နဲ့ငြိမ်းချမ်းမှုကိုတည်ဆောက်မှာလဲ
    သင်သည် သမုတိသစ္စာအမြင်နဲ့လည်း (ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ)ဆိုပြီး သစ္စာလေးပါး ကောက်နိုင်ပါတယ်။
    ပရမတ္ထသစ္စာအမြင်နဲ့လည်း(ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ)ဆိုပြီး သစ္စာလေးပါး ကောက်နိုင်ပါတယ်။
    အရိယသစ္စာအမြင်နဲ့လည်း(ဒုက္ခ၊ သမုဒယ၊ မဂ္ဂ၊ နိရောဓ)ဆိုပြီး သစ္စာလေးပါး ကောက်နိုင်ပါတယ်။

    Reply

  • lionking

    February 13, 2012 at 6:40 pm

    ဒီလူ ခေါင်းစဉ်မှားပြီး ရေးမိတာနေမှာဗျ။ တကယ်က ထေရဝါဒကို စွန့်ပစ်ပေယျာလကန်လုပ်လိုက်တာကို ပြော တာနေမှာဗျ။ ဟုတ်ပါတယ် ။ တချို့ဘာသာရေးတွေက လူကိုမှ အကျိုးမဖြစ်ထွန်းစေရင် စွန့်ပစ်သင့်ပါတယ်။ ဒီလိုမှ စွန့်မပစ်ရင် ဘာသာရေးက ကိုယ်ကို စွပ်ပြီးနေလိမ့်မယ်။ မကောင်းမှ မကောင်းလို့ကတော့ မွေးထားတဲ့ မိခင်နဲ့ ဖခင်တောင်စွန့်ပစ်ပြီး တောထွက်ပြီး တရားရှာလို့ ဂေါတမလို့ ဆိုရတဲ့ ဘုရားတဆူဖြစ်လာတာမဟုတ်လား။

    Reply

  • True Answer

    February 13, 2012 at 11:35 pm

    (((ကိုသစ္စာ says:

    အဲဒီ ဒုက္ခသစ္စာကိုပဲ
    သမုတိသစ္စာသမားတွေက လူကိုယ်ကောင်အထည်ကြီး မွေး၊ သေတာကို ဒုက္ခသစ္စာလို့ ယူကြပါတယ်။
    ပရမတ္တသစ္စာသမားတွေကတော့ လူကိုယ်ကောင်ကြီးရဲ့ အစိတ်အပိုင်းဖြစ်တဲ့ ရုပ်၊နာမ်တွေ ဖြစ်နေ၊ပျက်နေတာကိုတာကို ဒုက္ခသစ္စာလို့ ယူကြပါတယ်။
    မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါးမှာ ဒုက္ခသစ္စာ ဆိုတာက ဒုက္ခအရိယသစ္စာကို ပြောတာပါ။
    အရိယသစ္စာအသိအမြင်ရတော့ လူက လွန်ကျူးတဲ့ ကံ (သင်္ခါရ)တွေကြောင့် လူပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲခြင်း၊ မငြိမ်းချမ်းခြင်းကို ဒုက္ခအရိယသစ္စာလို့ နားလည်မိပါတယ်။)))

    ကိုသစ္စာ ပြောကြားချက်များသည် ၎င်းတို့၏ personal အယူအဆများသာ ဖြစ်ပြီး
    ထေရဝါဒ အယူများမဟုတ်ပါ။
    ထေရဝါဒ အမြင်တွင် အရိယသစ္စာ အမြင် နှင့် ပရမတ္ထသစ္စာအမြင် အတူတူဖြစ်ပါသည်။
    ကိုသစ္စာတင်ပြသော အရိယသစ္စာ အမြင် နှင့် ပရမတ္ထသစ္စာအမြင် သည် ထေရဝါဒ အမြင်မဟုတ်ပါ။

    မိမိ အယူအဆကို လွတ်လပ်စွာတင်ပြနိုင်သော်လည်း တခြား အယူများကို မှားယွင်းကြောင်း ပြောကြားနေခြင်းက မိမိတို့ အမြင်ကျဉ်းမြောင်းကြောင်း ဖော်ပြခြင်းဖြစ်ပေသည်။

    ထေရဝါဒမှ အရိယသစ္စာ အမြင် ကိုမှန်မှန်ကန်ကန် နားလည်စေရန်

    http://thitsartayar.com/index.php?option=com_content&view=article&id=39&Itemid=80

    Reply

  • maungpeace

    February 14, 2012 at 5:21 pm

    (ထေရဝါဒ အမြင်တွင် အရိယသစ္စာ အမြင် နှင့် ပရမတ္ထသစ္စာအမြင် အတူတူဖြစ်ပါသည်။) ဟု မည့်ဆရာတော်များဟောကြားမိပါသလဲလို့ ဝင်မေးလိုက်ရပါသည်။
    အတူတူပဲဆိုတာ ကာယကံရှင် True Answer က ယူထားခြင်းဖြစ်ပါလိမ့်မည်။
    လယ်တီဆရာတော်ကြီးက စလို့ ဒီနောက်ပိုင်း သီတဂူဆရာတော်ကြီးအဆုံး
    သမုတိသစ္စာ၊
    ပရမတ္တသစ္စာ၊
    အရိယသစ္စာဟု သုံးမျိုးရှိကြောင်းပဲ ခွဲဟောကြပါသည်။
    သူ့သစ္စာနဲ့ သူ့သဘာဝနဲ့သူ ရှိနေတာပါ။
    ဒါ့ကြောင့် True Answer အဖြေသည် True Answer ၏ အဖြေသာဖြစ်ပါစေ။
    ထေရဝါဒကို ကိုယ်စားပြုသော အဖြေတော့ မဖြစ်သင့်ပေ။

    Reply

  • မိုက်ကယ်ဂျော်နီငပွ

    February 14, 2012 at 6:48 pm

    ခင်ဗျားတို့ကလည်းအတော်ခက်တဲ့လူတွေဘဲ
    ကိုယ့်ကိုယ်ကိုယ်တောင် စစ်မှန်ရဲ့လားဘာလား မသိဘဲနဲ့
    သူများနှုတ်ထွက်ထားတာကို စိတ်မချမ်းသာဖြစ်နေကြတယ်လား
    ဒါနဲ့ အရိယာသစ္စာခရီးသည် ကြီးရဲ့ ဘယ်သူက ဗုဒ္ဓဘာသာထည်းဝင်ပါလို့ တိုက်တွန်းပြီး
    ကိုယ့်ကိုယ် ဘယ်သူက ဗုဒ္ဓဘာသာဝင်ပါလို့ အဖွဲ့ဝင်လက်မှတ်တွေဘာတွေပေးသလဲဗျ
    အဲ့သည်လူကိုရော အကြောင်းကြားပြီးပြီလားဗျ
    ဂေဇက်ရွာထဲကလူတစ်ယောက်ယောက်လား
    မသိရင် ဒီရွာထဲကလူတစ်ယောက်ယောက်ကများ လက်မှတ်တွေဘာတွေပေးသလားလို့
    သံသယဖြစ်မိလို့ပါ
    မဟုတ်လို့ကတော့ သူများရွာကနေစားလာပြီး
    ကျုပ်တို့ရွာမှာ ချီးလာပါတာကို ကျုပ်တို့က လက္ခံမှာမဟုတ်ဘူးနော
    ဟဲဟဲဟဲ
    အရဂါးနောက်ဒါ
    မြတ်စွာဘုရားရှင်တော်မြတ်တောင် ဉာဏ်တော်မြတ်နဲ့ မဖြစ်ထိုက်တဲ့ပုဂ္ဂိုလ်ကို ဥပက္ခာပြုတော်မူသေးတာ
    ထမင်းကို အခြောက်လှန်းရင် ထမင်းခြောက်ဖြစ်တာလောက်ဘဲသိတဲ့ ကျုပ်ကတော့
    ဘယ်သူ့ကိုမှ တရားဟောဘို့အလိုမရှိပါဘူး
    ( ကိုယ့်ကိုယ်တောင် အတော်လုံးလစိုက်ပြီး ထိန်းကျောင်းနေရတာကလား )
    ဒီတော့
    သွားမယ်ဆိုလဲမတားပါဘူး
    ဘိုင်းဘိုင်ပါဗျာ

    Reply

  • realman

    February 16, 2012 at 2:38 pm

    လူတွေရဲ့ဘာသာရေးအသိအမြင်တွေကျယ်လာလို့ အရင်လို တယူသန်ထေရဝါဒီတွေတစ်ဖက်သတ်ပြောတိုင်းမယုံကြတော့ပါ။ ယနေ့ခေတ်မှာနှိုင်းယှဉ်လေ့လာစရာအသိတွေက များလာတဲ့အတွက် ယခုလိုမျိုုးတွေဖြစ်လာဟာ မဆန်းပါဘူး။

    Reply

Leave a Reply

Your email address will not be published.