ခေတ်သစ်ကျွန်စနစ်

Mg OggaMarch 27, 20111min0

အခု မျက်မှောက်ခေတ်ကြီးထဲမှာ ကျေးကျွန်စနစ် ထွန်းကားနေတယ် ဆိုရင် စာရှုသူယုံမလား ကျွန်စနစ်က ဟိုး ဂရိခေတ်လောက်ကနေစပြီး အမေရိကန် ပြည်တွင်းစစ်မှာ ချုပ်ငြိမ်းသွားပြီလို့ စာရှုသူပြောမှာပဲ အခုဟာ ခေတ်သစ်ကျွန်စနစ် တကယ်ကို ရှိနေသေးပါတယ်။ အရင် ခေတ်ဟောင်းပုံစံတော့ မဟုတ်တော့ဘူးပေါ့။ ကျွန် ကို အဘိဓာန် ထဲမှာရှာကြည်ပါလား The state of being under the control of another person တဲ့ တခြားလူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာနေရသူပေါ့။ ကျွန် ဆိုတာ လွတ်လပ်သောဆန္ဒဆုံးရှုံးလျက်၊ အဓမ္မနည်းလမ်းတွေ အသုံးပြုလျက်၊တခြားတပါးသူခိုင်းတာ လုပ်ရတဲ့ သူပေါ့။ ကျွန်ဆိုတာနဲ့ နိုပ်စက်ညှင်းပန်းခံ ရတာပေါ့။ အခု ကျွန်စနစ်က ရှေးကနဲ့ နည်းနည်းပဲကွာမယ်။ ဟိုတုန်းကလိုပဲ နှိပ်စက်ညှင်းပန်းခံရတုန်း၊အခကြေးငွေ နည်းနည်းပဲရတုန်း ဒီလိုဖြစ်နေတဲ့ ကျွန်တွေ အများကြီး အများကြီး ယနေ့ကမာ္ဘမှာ ကျွန်အရေအတွက် ၂ရ သန်း လောက်ရှိသတဲ့။ မျက်လုံးပြူးသွားလား အခုလို့တိုးတက်နေတဲ့ ခေတ်ကြီးမှာ ဘာ Right ညာ Right အော်နေကြတဲ့ ခေတ်ကြီးမှာ ကျွန်စနစ်ရှိနေတာ အံစရာတော့ ကောင်းသား။ သူကြောင်းနဲ့သူတော့ ရှိသဗျ…. ခေတ်သစ်ကျွန်စနစ် ဘာကြောင့် ဖြစ်လဲ ဆိုတော့ – ပထမအချက်က လူဦးရေ တိုးပွားလာလို့တဲ့ ဆင်းရဲတဲ့ ကျွန်တော်တို့လို့ ငမွဲနိုင်ငံ တွေက ကလေးမွေးနှုန်း အရမ်းမြင့်တယ် (မီးပျက်လို့ထင်ပါရဲ့) နောက် လူဦးရေ ပိရမစ်က အချိုးမပြေ အလုပ်လုပ်နိုင်တဲ့ သူတွေရှား ထိုင်စားတဲ့ သူတွေများ လာလို့တဲ့ ဒုတိယအချက်က ငပွကြီး ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ပါ ဒီကောင်ကြောင့် ချမ်းသားတဲ့နိုင်ငံတွေ က ပိုချမ်းသာ ဆင်းရဲတဲ့ န်ုိင်ငံတွေ က ပိုမွဲ ကမာ္ဘနဲ့ချီမကြည်နဲ့ နို်င်ငံတွင်းမှာကို ဒီလို ကိစ္စတွေ ရှိတယ်။ တိုးတက်လာတဲ့ နည်းပည%