ဒေါ်အောင်ဆန်းစုကြည်ပုံနှင့်စာများဖေါ်ပြခဲ့သောပြည်တွင်းထုတ်ဂျာနယ် (၉ ) စောင်အား ထုတ်ဝေခွင့်ခေတ္တပိတ်ပင်

  • Post author:
  • Post category:News

ပြည် တွင်း ထုတ် ဝေ လျက် ရှိ သော အား က စား ဂျာ နယ် တစ် စောင် နှင့်  သ တင်း ဂျာ နယ် (၈) စောင် အား  ဂျာ နယ် ထုတ် ဝေ ခွင်  ယာ ယီ ရပ် နား စေ ခဲ ့ကြောင်း  စာ ပေ စိ စစ် နှင့်  မှတ် ပုံ တင် ဌာ န မှ နိ ုဝင် ဘာ လ  ၂၁  ရက်  နေ့ စွဲ ဖြင့်  အ သိ ပေး ကြေ ညာ ချက် အ ရ  သိ ရ သည ်။

စာ ပေ စိ စစ် နှင့် မှတ် ပုံ တင်ဌာနက ချမှတ်ထားသော စာပေစိစစ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့မှုအတွက် သတ်မှတ်ကာလများ အတိုင်း ထုတ်ဝေခွင့် ရပ်နားစေခြင်းဖြစ်ကြောင်း အဆိုပါကြေညာချက်တွင် ကြေငြာထား သော်လည်း  အဆိုပါ ဂျာနယ် များနှင့် ရင်းနှီးသော အသိုင်း အဝိုင်း များကမူ ဒေါ်အောင်ဆန်းစုကြည် ပုံ နှင့် စာ များ သုံးခဲ့သောကြောင့် ဟု ဆိုသည်။ ထို သို့ ပိတ် ခံရသော ဂျာနယ် များအနက်   မြန်မာပိုစ့် ဂျာနယ်မှာ မူ ပုံမှန် အ တိုင်း  တနင်္လာနေ့  ( ၂၂. ၁၁. ၂၀၁ဝ ) နံနက်တွင် ဈေး ကွက် အတွင်း ထွက် ရှိ လာ ကြောင်း စာ ဖတ်ပရိသတ်များ နှင့် ဖြန့်ချီရေးအသိုင်းအဝိုင်းများ ထံမှသိရသည်။

ခေတ္တ ပိတ် ခံ ရ သော ပြည် တွင်း ထုတ် ဂျာနယ် များ မှာ First Eleven Sports Journal  ၊Hot News၊ 7 Day၊ Venus ၊ Myanmar Newsweek ၊The Myanmar Post ၊လျှပ်တစ်ပြက်၊  ပြည်သူ့ခေတ် နှင့် The Voice ဂျာနယ် တို့   ဖြစ်ကြောင်း သိရသည်။